(Zawgyi / Unicode)
ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲတင္ထားတဲ့ အမႈေတြအတြက္ လိုက္ပါေဆာင္ရြက္ေနတဲ့ အက်ဳိးေဆာင္ေရွ႕ေနေတြထဲက တဦးျဖစ္သူ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးၾကည္ဝင္းကို အမႈစစ္ေဆးတာေတြနဲ႔ ပတ္သက္ၿပီး ေျပာဆိုတာမ်ဳိး မလုပ္ဖို႔ ဒီကေန႔မွာ ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၄၄ သံုးၿပီး ပိတ္ပင္ ကန္႔သတ္လိုက္တယ္လုိ႔ ဗြီအိုေအက စုံစမ္းသိရွိရပါတယ္။
အုပ္ခ်ဳပ္ေရးပိုင္းကလူေတြနဲ႔ ရဲေတြ ဒီကေန႔မနက္ပိုင္းက ဦးၾကည္ဝင္းရဲ႕ ရန္ကုန္ၿမိဳ႕က ႐ုံးခန္းကို ေရာက္လာၿပီး ပုဒ္မ ၁၄၄ နဲ႔ ပိတ္ပင္ကန္႔သတ္လိုက္တယ္ ဆုိတာကို အေၾကာင္းၾကားခဲ့တာပါ။
ဒီပုဒ္မအရ ျပည္တြင္းျပည္ပက မီဒီယာအဖြဲ႔အစည္းေတြ၊ အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္ေတြ၊ INGO ေတြ၊ ႏိုင္ငံျခားအစိုးရ တာဝန္ရွိသူေတြ အပါအဝင္ ျပင္ပအဖြဲ႔အစည္း၊ လူပုဂၢိဳလ္ ဘယ္သူ႔ကိုမွ တိုက္႐ိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္၍ေသာ္လည္းေကာင္း တျခားတနည္းနည္းနဲ႔ ဆက္သြယ္ေဆာင္ရြက္ျခင္း မျပဳဖို႔ တားျမစ္တာ ျဖစ္ပါတယ္။
ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၄၄ နဲ႔ အမိန္႔ထုတ္ တားျမစ္ထားတာကို ေဖာက္ဖ်က္ က်ဴးလြန္တယ္ဆိုရင္ အမိန႔္ဖီဆန္မႈ ရာဇသတ္ႀကီးပုဒ္မ ၁၈၈ နဲ႔ အေရးယူႏုိင္ပါတယ္။ ရာဇသတ္ႀကီးပုဒ္မ ၁၈၈ ကို က်ဴးလြန္ေၾကာင္း ေတြ႔ရွိရင္ အျမင့္ဆံုး ေထာင္ဒဏ္ ၆ လအထိျဖစ္ေစ၊ က်ပ္တသိန္း ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ခံရႏိုင္ပါတယ္။
အခုဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လက္ရွိ ေရွ႕ေနေတြအားလံုး ပုဒ္မ ၁၄၄ နဲ႔ ပိတ္ပင္ခံလိုက္ရၿပီ ျဖစ္တာေၾကာင့္ အမႈစစ္ေဆးတာေတြနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူ သိရွိႏိုင္ခြင့္ရေရး မေသခ်ာလွေတာ့ပါဘူး။
အခုစစ္ေဆးေနတဲ့ တရားခြင္ဟာ Open Court ျဖစ္တာေၾကာင့္ အမ်ားျပည္သူ သိရွိခြင့္ရွိတယ္လုိ႔ တရားသူႀကီးက ေျပာဆိုထားၿပီးတဲ့ေနာက္မွာပဲ အခုလို ေရွ႕ေနေတြကို ပိတ္ပင္ထားတာ ျဖစ္ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ ကုိယ္တိုင္ကလည္း အမႈကိစၥအတြက္ စစ္ေဆး ေမးျမန္းတာေတြကို အမ်ားျပည္သူ သိႏိုင္ေအာင္ ေျပာျပၾကဖို႔ ေရွ႕ေနေတြကို ၫႊန္ၾကားခဲ့ပါတယ္။
--------------------
(Unicode)
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအားလုံး ပြောဆိုခွင့် ကန့်သတ်ခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲတင်ထားတဲ့ အမှုတွေအတွက် လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေတွေထဲက တဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေကြီး ဦးကြည်ဝင်းကို အမှုစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုတာမျိုး မလုပ်ဖို့ ဒီကနေ့မှာ ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ သုံးပြီး ပိတ်ပင် ကန့်သတ်လိုက်တယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။
အုပ်ချုပ်ရေးပိုင်းကလူတွေနဲ့ ရဲတွေ ဒီကနေ့မနက်ပိုင်းက ဦးကြည်ဝင်းရဲ့ ရန်ကုန်မြို့က ရုံးခန်းကို ရောက်လာပြီး ပုဒ်မ ၁၄၄ နဲ့ ပိတ်ပင်ကန့်သတ်လိုက်တယ် ဆိုတာကို အကြောင်းကြားခဲ့တာပါ။
ဒီပုဒ်မအရ ပြည်တွင်းပြည်ပက မီဒီယာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ၊ INGO တွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေ အပါအဝင် ပြင်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် ဘယ်သူ့ကိုမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း တခြားတနည်းနည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်း မပြုဖို့ တားမြစ်တာ ဖြစ်ပါတယ်။
ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၄၄ နဲ့ အမိန့်ထုတ် တားမြစ်ထားတာကို ဖောက်ဖျက် ကျူးလွန်တယ်ဆိုရင် အမိန့်ဖီဆန်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အရေးယူနိုင်ပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၁၈၈ ကို ကျူးလွန်ကြောင်း တွေ့ရှိရင် အမြင့်ဆုံး ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ကျပ်တသိန်း ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ရှေ့နေတွေအားလုံး ပုဒ်မ ၁၄၄ နဲ့ ပိတ်ပင်ခံလိုက်ရပြီ ဖြစ်တာကြောင့် အမှုစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်ခွင့်ရရေး မသေချာလှတော့ပါဘူး။
အခုစစ်ဆေးနေတဲ့ တရားခွင်ဟာ Open Court ဖြစ်တာကြောင့် အများပြည်သူ သိရှိခွင့်ရှိတယ်လို့ တရားသူကြီးက ပြောဆိုထားပြီးတဲ့နောက်မှာပဲ အခုလို ရှေ့နေတွေကို ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အမှုကိစ္စအတွက် စစ်ဆေး မေးမြန်းတာတွေကို အများပြည်သူ သိနိုင်အောင် ပြောပြကြဖို့ ရှေ့နေတွေကို ညွှန်ကြားခဲ့ပါတယ်။