သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ စစ္ေကာင္စီစြဲဆိုေသာ အမႈမ်ား (စက္တင္ဘာတတိယပတ္)


ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ႏိုဝင္ဘာ ၃၊ ၂၀၁၉)

(Zawgyi / Unicode)

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုတဲ့ အဂတိလိုက္စားမႈ စြပ္စြဲခ်က္အမႈေတြကို ေသာၾကာေန႔တိုင္း ႏွစ္ပတ္တႀကိမ္ စစ္ေဆးသြားမယ္လို႔ သိရပါတယ္။ လက္ရွိအားျဖင့္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စုစုေပါင္း ၁၁ မႈနဲ႔ စြဲဆိုထားၿပီး တရား႐ုံးက စြဲခ်က္တင္တဲ့အဆင့္ မဆံုးျဖတ္ရေသးပါဘူး။ စက္တင္ဘာလ တတိယပတ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္အမႈေတြနဲ႔ ပတ္သက္လို႔ ကိုရန္ႏိုင္ စုစည္းတင္ျပေပးထားပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီဘက္က တရားစဲြထားတဲ့ အမႈေတြကိုေတာ့ အခုတပတ္အတြင္း ေနျပည္ေတာ္က သီးသန္႔တရား႐ုံးမွာ ျပန္ၿပီးေတာ့ ၾကားနာစစ္ေဆးခဲ့ပါတယ္။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ တရား႐ုံး ၾကားနာစစ္ေဆးမႈေတြကို ၂ လေက်ာ္ၾကာ ရပ္နားထားခဲ့ၿပီးတဲ့ေနာက္ အခုတပတ္မွာ ျပန္လည္ စတင္စစ္ေဆးခဲ့တာပါ။

ဒီတပတ္မွာေတာ့ မႏၱေလးတုိင္း တရားလႊတ္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အဂတိလိုက္စားမႈနဲ႔ စဲြဆုိထားတဲ့ အမႈ ၄ မႈကိုလည္း ေသာၾကာေန႔က စတင္စစ္ေဆးခဲ့ပါတယ္။ ဒီအမႈေတြဟာ ေနာက္ထပ္ ထပ္တုိးတာမဟုတ္ဘဲ ၿပီးခဲ့တဲ့လေတြကတည္းက စဲြဆုိထားတဲ့ အမႈေတြျဖစ္တယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဗီြအိုေအကို ေျပာပါတယ္။

“၄ မႈက မႏၱေလးတုိင္း တရားလႊတ္ေတာ္မွာ စီရင္ပုိင္ခြင့္ေပးတာ၊ အဲဒီေတာ့ မႏၱေလးတုိင္း တရားလႊတ္ေတာ္က စစ္မွာ။ အဲဒီ ၄ မႈက မႏၱေလးတုိင္း တရားလႊတ္ေတာ္က ေနၿပီးေတာ့ ၁၇ ရက္ေန႔က ေနျပည္ေတာ္မွာပဲ ႐ုံးလာထုိင္ပါတယ္။ ဒီ ၄ မႈအတြက္က ေဒၚေအာင္ဆန္းစုၾကည္ သတ္သတ္က ၂ မႈေပါ့ဗ်ာ။ သူ႔တေယာက္တည္းကို ၂ မႈ။ အဲဒီဟာေတြကေတာ့ ၂ ပတ္တခါ စစ္သြားပါလိမ့္မယ္၊ ေသာၾကာေန႔တုိင္း။”

ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီဘက္က အဂတိလိုက္စားမႈ ၅ မႈ အပါအဝင္ စုစုေပါင္း အမႈ ၁၁ မႈနဲ႔ တရားစဲြထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အခုေလာေလာဆယ္မွာ ဒီအမႈေတြနဲ႔ ပတ္သက္ၿပီး ရဲက အမႈဖြင့္ထားတာကို တရား႐ုံးမွာ စစ္ေဆးတဲ့အဆင့္မွာ ရွိေနေသးၿပီး ၁ မႈမွ စဲြခ်က္မတင္ရေသးဘူးလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

“တမႈမွ မတင္ရေသးပါဘူး။ အမႈလုိတာက ရာဇဝတ္မႈရဲ႕ ထုံးစံက တရားလုိသည္ အမႈတင္သြင္းသူသည္ ရဲကေနၿပီးေတာ့ လုပ္တာေပါ့၊ ရဲစြဲခ်က္နဲ႔ေပါ့၊ တရား႐ုံးကုိ တင္တယ္။ တရား႐ုံးက ဒီအမႈကုိ လက္ခံၿပီးရင္ တရားလုိနဲ႔ လိုျပသက္ေသေတြကို စစ္တယ္။ တရားလိုနဲ႔ လုိျပသက္ေသေတြ စစ္ၿပီးတဲ့အခါ အဲဒါေတြကုန္သြားတဲ့အခါ ဒါမွမဟုတ္ ႐ုံးကေနၿပီးေတာ့ လုံေလာက္ၿပီလို႔ ထင္တဲ့အခါ စြဲခ်က္ ေလွ်ာက္လဲခ်က္ ႏွစ္ဖက္ေပးရတယ္။ ေပးၿပီးေတာ့မွ စြဲခ်က္တင္၊ စြဲခ်က္တင္ၿပီးတဲ့အခါ စြဲခ်က္တင္တယ္ဆုိရင္ အျပစ္မရွိဘူးလို႔ က်ေနာ္တုိ႔ ျငင္းဆုိတယ္ဆုိရင္ စြပ္စြဲခံရသူက သက္ေသျပရတယ္။ ၿပီးေတာ့မွ အဓိက အမိန္႔ခ်တာေပါ့။ အခုက စြဲခ်က္ ေလွ်ာက္လဲခ်က္ တမႈ ေပးၿပီးသြားၿပီ။ ဒါေပမယ့္ အမိန္႔မခ်ေသးပါဘူး။ ၿပီးခဲ့တဲ့႐ုံးခ်ိန္းမွာ ၅၀၅(ခ) ေပါ့ဗ်ာ၊ အဲဒီအမႈအတြက္ စြဲခ်က္တင္သင့္မတင္သင့္ ခ်မွတ္မယ့္ရက္ ေပးပါတယ္။ လာမယ့္ အဂၤါေန႔မွာ စြဲခ်က္ အမိန္႔ခ်ပါမယ္ ႐ုံးက၊ စြဲခ်က္ တင္မလား၊ မတင္ဘူးလားဆုိတာ။ အမႈဖြင့္တယ္ဆုိတာ ရဲစခန္းမွာ ဖြင့္တာဗ်။ ရဲစခန္းမွာ အမႈဖြင့္ၿပီးေတာ့ အမႈက သက္ဆုိင္ရာက ခြင့္ျပဳၿပီး စီရင္ၿပီး တရား႐ုံးကို တင္ေတာ့ တရား႐ုံးက အဲဒီအမႈကုိ လက္ခံထားတာ၊ လက္ခံၿပီး စစ္ေနတာ။”

ဒီထဲမွာ ရန္ကုန္တုိင္း တရားလႊတ္ေတာ္နဲ႔ မႏၱေလးတုိင္း တရားလႊတ္ေတာ္ေတြမွာ စဲြထားတဲ့ အမႈေတြကိုလည္း ေနျပည္ေတာ္မွာပဲ စစ္သြားမွာျဖစ္တဲ့အတြက္ စစ္ေကာင္စီဟာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ စဲြထားတဲ့အမႈေတြ အားလုံးကို ေနျပည္ေတာ္ တေနရာတည္းမွာပဲ စစ္သြားဖို႔ ျပင္ဆင္ထားပုံရတယ္လို႔ ျမင္ရပါတယ္။ အခုလုိ အမႈေတြအားလုံးကို ေနျပည္ေတာ္တေနရာတည္းမွာပဲ စစ္သြားဖို႔ လုပ္ေနေပမယ့္လည္း မူလက အမႈအေျခအေနေတြအျပင္ ၂ လၾကာ တရား႐ုံးစစ္ေဆးမႈေတြကို ရပ္နားခဲ့ရတာေတြေၾကာင့္ ႐ုိးရွင္းတဲ့အမႈေတြနဲ႔ ပတ္သက္ၿပီး စစ္ေကာင္စီရဲ႕ တရား႐ုံးေတြဘက္က ေမွ်ာ္မွန္းထားသလို ရက္ေပါင္း ၁၈၀ အတြင္း ၿပီးစီးႏုိင္ေခ်ကေတာ့ ပိုၿပီးေတာ့ နည္းလာတယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ကောင်စီစွဲဆိုသော အမှုများ (စက်တင်ဘာတတိယပတ်)

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုတဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်အမှုတွေကို သောကြာနေ့တိုင်း နှစ်ပတ်တကြိမ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။ လက်ရှိအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စုစုပေါင်း ၁၁ မှုနဲ့ စွဲဆိုထားပြီး တရားရုံးက စွဲချက်တင်တဲ့အဆင့် မဆုံးဖြတ်ရသေးပါဘူး။ စက်တင်ဘာလ တတိယပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အမှုတွေနဲ့ ပတ်သက်လို့ ကိုရန်နိုင် စုစည်းတင်ပြပေးထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က တရားစွဲထားတဲ့ အမှုတွေကိုတော့ အခုတပတ်အတွင်း နေပြည်တော်က သီးသန့်တရားရုံးမှာ ပြန်ပြီးတော့ ကြားနာစစ်ဆေးခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် တရားရုံး ကြားနာစစ်ဆေးမှုတွေကို ၂ လကျော်ကြာ ရပ်နားထားခဲ့ပြီးတဲ့နောက် အခုတပတ်မှာ ပြန်လည် စတင်စစ်ဆေးခဲ့တာပါ။

ဒီတပတ်မှာတော့ မန္တလေးတိုင်း တရားလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုနဲ့ စွဲဆိုထားတဲ့ အမှု ၄ မှုကိုလည်း သောကြာနေ့က စတင်စစ်ဆေးခဲ့ပါတယ်။ ဒီအမှုတွေဟာ နောက်ထပ် ထပ်တိုးတာမဟုတ်ဘဲ ပြီးခဲ့တဲ့လတွေကတည်းက စွဲဆိုထားတဲ့ အမှုတွေဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်က ဗွီအိုအေကို ပြောပါတယ်။

“၄ မှုက မန္တလေးတိုင်း တရားလွှတ်တော်မှာ စီရင်ပိုင်ခွင့်ပေးတာ၊ အဲဒီတော့ မန္တလေးတိုင်း တရားလွှတ်တော်က စစ်မှာ။ အဲဒီ ၄ မှုက မန္တလေးတိုင်း တရားလွှတ်တော်က နေပြီးတော့ ၁၇ ရက်နေ့က နေပြည်တော်မှာပဲ ရုံးလာထိုင်ပါတယ်။ ဒီ ၄ မှုအတွက်က ဒေါ်အောင်ဆန်းစုကြည် သတ်သတ်က ၂ မှုပေါ့ဗျာ။ သူ့တယောက်တည်းကို ၂ မှု။ အဲဒီဟာတွေကတော့ ၂ ပတ်တခါ စစ်သွားပါလိမ့်မယ်၊ သောကြာနေ့တိုင်း။”

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က အဂတိလိုက်စားမှု ၅ မှု အပါအဝင် စုစုပေါင်း အမှု ၁၁ မှုနဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာ ဒီအမှုတွေနဲ့ ပတ်သက်ပြီး ရဲက အမှုဖွင့်ထားတာကို တရားရုံးမှာ စစ်ဆေးတဲ့အဆင့်မှာ ရှိနေသေးပြီး ၁ မှုမှ စွဲချက်မတင်ရသေးဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

“တမှုမှ မတင်ရသေးပါဘူး။ အမှုလိုတာက ရာဇဝတ်မှုရဲ့ ထုံးစံက တရားလိုသည် အမှုတင်သွင်းသူသည် ရဲကနေပြီးတော့ လုပ်တာပေါ့၊ ရဲစွဲချက်နဲ့ပေါ့၊ တရားရုံးကို တင်တယ်။ တရားရုံးက ဒီအမှုကို လက်ခံပြီးရင် တရားလိုနဲ့ လိုပြသက်သေတွေကို စစ်တယ်။ တရားလိုနဲ့ လိုပြသက်သေတွေ စစ်ပြီးတဲ့အခါ အဲဒါတွေကုန်သွားတဲ့အခါ ဒါမှမဟုတ် ရုံးကနေပြီးတော့ လုံလောက်ပြီလို့ ထင်တဲ့အခါ စွဲချက် လျှောက်လဲချက် နှစ်ဖက်ပေးရတယ်။ ပေးပြီးတော့မှ စွဲချက်တင်၊ စွဲချက်တင်ပြီးတဲ့အခါ စွဲချက်တင်တယ်ဆိုရင် အပြစ်မရှိဘူးလို့ ကျနော်တို့ ငြင်းဆိုတယ်ဆိုရင် စွပ်စွဲခံရသူက သက်သေပြရတယ်။ ပြီးတော့မှ အဓိက အမိန့်ချတာပေါ့။ အခုက စွဲချက် လျှောက်လဲချက် တမှု ပေးပြီးသွားပြီ။ ဒါပေမယ့် အမိန့်မချသေးပါဘူး။ ပြီးခဲ့တဲ့ရုံးချိန်းမှာ ၅၀၅(ခ) ပေါ့ဗျာ၊ အဲဒီအမှုအတွက် စွဲချက်တင်သင့်မတင်သင့် ချမှတ်မယ့်ရက် ပေးပါတယ်။ လာမယ့် အင်္ဂါနေ့မှာ စွဲချက် အမိန့်ချပါမယ် ရုံးက၊ စွဲချက် တင်မလား၊ မတင်ဘူးလားဆိုတာ။ အမှုဖွင့်တယ်ဆိုတာ ရဲစခန်းမှာ ဖွင့်တာဗျ။ ရဲစခန်းမှာ အမှုဖွင့်ပြီးတော့ အမှုက သက်ဆိုင်ရာက ခွင့်ပြုပြီး စီရင်ပြီး တရားရုံးကို တင်တော့ တရားရုံးက အဲဒီအမှုကို လက်ခံထားတာ၊ လက်ခံပြီး စစ်နေတာ။”

ဒီထဲမှာ ရန်ကုန်တိုင်း တရားလွှတ်တော်နဲ့ မန္တလေးတိုင်း တရားလွှတ်တော်တွေမှာ စွဲထားတဲ့ အမှုတွေကိုလည်း နေပြည်တော်မှာပဲ စစ်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲထားတဲ့အမှုတွေ အားလုံးကို နေပြည်တော် တနေရာတည်းမှာပဲ စစ်သွားဖို့ ပြင်ဆင်ထားပုံရတယ်လို့ မြင်ရပါတယ်။ အခုလို အမှုတွေအားလုံးကို နေပြည်တော်တနေရာတည်းမှာပဲ စစ်သွားဖို့ လုပ်နေပေမယ့်လည်း မူလက အမှုအခြေအနေတွေအပြင် ၂ လကြာ တရားရုံးစစ်ဆေးမှုတွေကို ရပ်နားခဲ့ရတာတွေကြောင့် ရိုးရှင်းတဲ့အမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တရားရုံးတွေဘက်က မျှော်မှန်းထားသလို ရက်ပေါင်း ၁၈၀ အတွင်း ပြီးစီးနိုင်ချေကတော့ ပိုပြီးတော့ နည်းလာတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG