သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္အမႈ စက္တင္ဘာ စတုတၳပတ္ သုံးသပ္မႈ


ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္။ (ႏုိဝင္ဘာ ၃၊ ၂၀၁၉)

(Zawgyi / Unicode)

ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီက တရားစဲြထားတဲ့ အမႈေတြထဲက ၁ ခုကို ၿပီးခဲ့တဲ့ သီတင္းပတ္က တရား႐ုံးက စဲြခ်က္တင္လိုက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ စစ္ေကာင္စီလက္ေအာက္ တရားစီရင္ေရးကေန တရားမွ်တမႈ မရႏိုင္ဘူးလို႔ ဥပေဒပညာရွင္တဦးက သုံးသပ္လိုက္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အမႈ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ကိုရန္ႏိုင္က တင္ျပေပးမွာျဖစ္ပါတယ္။

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္ေကာင္စီဘက္က တရားစဲြထားတာမွာ ၿပီးခဲ့တဲ့သီတင္းပတ္ကေတာ့ အမႈေတြထဲက ၁ မႈကို စၿပီးေတာ့ စဲြခ်က္တင္ခဲ့ပါတယ္။ အမႈ ၁၁ မႈထဲက အမ်ားျပည္သူ တည္ၿငိမ္ေအးခ်မ္းမႈကို ပ်က္ျပားေအာင္ လုပ္ေဆာင္မႈ၊ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ) နဲ႔ စဲြထားတဲ့ ၁ မႈကို စဲြခ်က္တင္လိုက္တာျဖစ္ၿပီး ဒါဟာ ပထမဆုံး စဲြခ်က္တင္လိုက္တာ ျဖစ္ပါတယ္။ အခုလို စဲြခ်က္တင္လိုက္တဲ့အတြက္ က်န္တဲ့အမႈေတြရဲ႕ အလားအလာေရာ ဘယ္လိုရွိလာႏိုင္ပါသလဲ၊ ဒီအေပၚမွာ တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္ကေတာ့...

“တစ္အခ်က္ကေတာ့ အမႈအားလုံးကို စြဲခ်က္တင္မယ္၊ ေနာက္ ဒီဘက္က တင္သမွ်ဟာေတြကို ပယ္ခ်မယ္၊ တက္သမွ် ျပင္ဆင္မႈ အယူခံမႈေတြကို ပယ္မယ္၊ အျမင့္ဆုံး ျပစ္ဒဏ္အေနနဲ႔ ခ်မယ္၊ လက္ရွိအေနအထားအရ ေျပာတာ။ ေျပာင္းလဲလာတဲ့ ႏုိင္ငံေရးအေျခအေနအရေတာ့ တမ်ဳိးေပါ့ေလ။ လက္ရွိ အေျခအေနကေတာ့ အဲဒီအတုိင္းပဲ။ ဘာမဆုိလုပ္မွာပဲ လက္ရွိအေျခအေနက။ အဲဒါကေတာ့ အေသအခ်ာပဲ။ သုိ႔ေသာ္ ႏုိင္ငံေရးဆုိတာ ၾကက္ဥအေရာင္ မင္းေရးက်ယ္ပါတယ္။ ႏုိင္ငံေရးအရေတာ့ ဆန္းၾကယ္တယ္။ ေျပာင္းခ်င္ရင္ ခ်က္ခ်င္းေျပာင္းသြားတာ။” လုိ႔ ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ ေရွ႕ေနေတြဘက္က သူမအေပၚ စဲြဆုိထားတဲ့ အမႈေတြနဲ႔ ပတ္သက္ၿပီး စဲြခ်က္မတင္သင့္ေၾကာင္း ဥပေဒေၾကာင္းအရ လုပ္ထုံးလုပ္နည္းအရ ခုခံကာကြယ္ခဲ့ၾကေပမယ့္ ေနျပည္ေတာ္ သီးသန္႔တရား႐ုံးက တရားလိုေတြဘက္က ေလွ်ာက္ထားခ်က္ကို လက္ခံၿပီး စဲြခ်က္တင္လိုက္တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ ဒီအမႈမွာ ပါဝင္တဲ့သူ ၃ ဦးစလုံးကေတာ့ အျပစ္မရွိေၾကာင္း တုံ႔ျပန္ထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ စစ္ေကာင္စီလက္ေအာက္က တရား႐ုံးေတြဆီကေန တရားမွ်တမႈ ရႏိုင္ပါ့မလား။ စစ္အစိုးရလက္ေအာက္မွာရွိတဲ့ တရားစီရင္ေရးဟာ လြတ္လပ္မႈ မရွိတာေၾကာင့္ တရားမွ်တမႈရဖို႔လည္း မျဖစ္ႏိုင္ဘူးလို႔ ေရွ႕ေနႀကီး ဦးႀကီးျမင့္က သုံးသပ္ပါတယ္။

“က်ေနာ္တုိ႔ အင္းစိန္ေထာင္ထဲမွာလည္း အမႈေတြ စစ္ဖူးပါတယ္။ က်ေနာ္ကုိယ္တုိင္လည္း ၅၀၅ ထဲပါတယ္။ ကုိယ္တုိင္ တရားခံအျဖစ္နဲ႔လည္း ႐ုံးတင္ အစစ္ခံရတဲ့ အေတြ႔အႀကဳံရွိတယ္။ အဲဒီအေတြ႔အႀကဳံေတြကို ေတြ႔ရတဲ့အခါမွာ တရားမွ်တမႈကေတာ့ ဘယ္လိုမွမရဘူး။ ဘယ္လုိမွ မရႏုိင္ဘူး။ ဒါေတာ့ အေသအခ်ာပဲ။ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ လက္ထက္တုန္းက ေဒၚေအာင္ဆန္းစုၾကည္ကုိ ဂၽြန္ယက္ေတာကိစၥ၊ အိမ္ရွင္ကိုက်ေတာ့ ေထာင္ခ်တယ္။ သူ မဖိတ္ဘဲနဲ႔ လာတဲ့လူေတာ့ ျပန္လႊတ္ေပးတယ္။ အဲဒီဂိတ္မွာ တာဝန္က်တဲ့ တပ္မွဴးေတြ ရဲေဘာ္ေတြကိုေတာ့ သက္ေသလုပ္ခုိင္းတယ္။ အဲဒီလုိ မတရားမႈႀကီးလုပ္ၿပီး ေထာင္ခ်ပစ္တာေလ၊ အသုံးခ်ၿပီးေတာ့။ အဲဒါေၾကာင့္မုိ႔ က်ေနာ္ကေတာ့ သူတုိ႔ရဲ႕ တရားမွ်တမႈက က်ေနာ္ကေတာ့ အျမင္ရွင္းတယ္၊ တရားမွ်တမႈ လုံးဝမရွိဘူး။”

ဒီတပတ္မွာ တရား႐ုံးၾကားနာစစ္ေဆးမႈေတြထဲက ေနာက္ထပ္ ထူးျခားတာကေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ႔ရဲ႕ စီးပြားေရးအႀကံေပး Sean Turnell အပါအဝင္ ေနာက္ထပ္ အစိုးရအဖဲြ႔ဝင္ေဟာင္း ၃ ဦးကို နုိင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ ေပါက္ၾကားမႈ အက္ဥပေဒ ၃ (၁) (ဂ) နဲ႔ ရန္ကုန္မွာ စဲြထားတဲ့အမႈကို ေနျပည္ေတာ္ကို ေျပာင္းေရႊ႕ စစ္ေဆးခဲ့ၿပီး ရန္ကုန္တုိင္းေဒသႀကီးမွာ အဂတိလိုက္စားမႈနဲ႔ စဲြထားတဲ့အမႈကို ေရွ႕ေနေတြဘက္က ပါဝါတင္လိုက္ၿပီ ျဖစ္ပါတယ္။ ဒီအမႈကိုေတာ့ လာမယ့္ ၆ ရက္ေန႔မွာ ႐ုံးခ်ိန္း ထပ္မံခ်ိန္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဒေါ်အောင်ဆန်းစုကြည်အမှု စက်တင်ဘာ စတုတ္ထပတ် သုံးသပ်မှု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှုတွေထဲက ၁ ခုကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားရုံးက စွဲချက်တင်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီလက်အောက် တရားစီရင်ရေးကနေ တရားမျှတမှု မရနိုင်ဘူးလို့ ဥပဒေပညာရှင်တဦးက သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုရန်နိုင်က တင်ပြပေးမှာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က တရားစွဲထားတာမှာ ပြီးခဲ့တဲ့သီတင်းပတ်ကတော့ အမှုတွေထဲက ၁ မှုကို စပြီးတော့ စွဲချက်တင်ခဲ့ပါတယ်။ အမှု ၁၁ မှုထဲက အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် လုပ်ဆောင်မှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ စွဲထားတဲ့ ၁ မှုကို စွဲချက်တင်လိုက်တာဖြစ်ပြီး ဒါဟာ ပထမဆုံး စွဲချက်တင်လိုက်တာ ဖြစ်ပါတယ်။ အခုလို စွဲချက်တင်လိုက်တဲ့အတွက် ကျန်တဲ့အမှုတွေရဲ့ အလားအလာရော ဘယ်လိုရှိလာနိုင်ပါသလဲ၊ ဒီအပေါ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့...

“တစ်အချက်ကတော့ အမှုအားလုံးကို စွဲချက်တင်မယ်၊ နောက် ဒီဘက်က တင်သမျှဟာတွေကို ပယ်ချမယ်၊ တက်သမျှ ပြင်ဆင်မှု အယူခံမှုတွေကို ပယ်မယ်၊ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ချမယ်၊ လက်ရှိအနေအထားအရ ပြောတာ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေအရတော့ တမျိုးပေါ့လေ။ လက်ရှိ အခြေအနေကတော့ အဲဒီအတိုင်းပဲ။ ဘာမဆိုလုပ်မှာပဲ လက်ရှိအခြေအနေက။ အဲဒါကတော့ အသေအချာပဲ။ သို့သော် နိုင်ငံရေးဆိုတာ ကြက်ဥအရောင် မင်းရေးကျယ်ပါတယ်။ နိုင်ငံရေးအရတော့ ဆန်းကြယ်တယ်။ ပြောင်းချင်ရင် ချက်ချင်းပြောင်းသွားတာ။” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရှေ့နေတွေဘက်က သူမအပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး စွဲချက်မတင်သင့်ကြောင်း ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းအရ ခုခံကာကွယ်ခဲ့ကြပေမယ့် နေပြည်တော် သီးသန့်တရားရုံးက တရားလိုတွေဘက်က လျှောက်ထားချက်ကို လက်ခံပြီး စွဲချက်တင်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီအမှုမှာ ပါဝင်တဲ့သူ ၃ ဦးစလုံးကတော့ အပြစ်မရှိကြောင်း တုံ့ပြန်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီလက်အောက်က တရားရုံးတွေဆီကနေ တရားမျှတမှု ရနိုင်ပါ့မလား။ စစ်အစိုးရလက်အောက်မှာရှိတဲ့ တရားစီရင်ရေးဟာ လွတ်လပ်မှု မရှိတာကြောင့် တရားမျှတမှုရဖို့လည်း မဖြစ်နိုင်ဘူးလို့ ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်ပါတယ်။

“ကျနော်တို့ အင်းစိန်ထောင်ထဲမှာလည်း အမှုတွေ စစ်ဖူးပါတယ်။ ကျနော်ကိုယ်တိုင်လည်း ၅၀၅ ထဲပါတယ်။ ကိုယ်တိုင် တရားခံအဖြစ်နဲ့လည်း ရုံးတင် အစစ်ခံရတဲ့ အတွေ့အကြုံရှိတယ်။ အဲဒီအတွေ့အကြုံတွေကို တွေ့ရတဲ့အခါမှာ တရားမျှတမှုကတော့ ဘယ်လိုမှမရဘူး။ ဘယ်လိုမှ မရနိုင်ဘူး။ ဒါတော့ အသေအချာပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန်ယက်တောကိစ္စ၊ အိမ်ရှင်ကိုကျတော့ ထောင်ချတယ်။ သူ မဖိတ်ဘဲနဲ့ လာတဲ့လူတော့ ပြန်လွှတ်ပေးတယ်။ အဲဒီဂိတ်မှာ တာဝန်ကျတဲ့ တပ်မှူးတွေ ရဲဘော်တွေကိုတော့ သက်သေလုပ်ခိုင်းတယ်။ အဲဒီလို မတရားမှုကြီးလုပ်ပြီး ထောင်ချပစ်တာလေ၊ အသုံးချပြီးတော့။ အဲဒါကြောင့်မို့ ကျနော်ကတော့ သူတို့ရဲ့ တရားမျှတမှုက ကျနော်ကတော့ အမြင်ရှင်းတယ်၊ တရားမျှတမှု လုံးဝမရှိဘူး။”

ဒီတပတ်မှာ တရားရုံးကြားနာစစ်ဆေးမှုတွေထဲက နောက်ထပ် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ စီးပွားရေးအကြံပေး Sean Turnell အပါအဝင် နောက်ထပ် အစိုးရအဖွဲ့ဝင်ဟောင်း ၃ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေ ၃ (၁) (ဂ) နဲ့ ရန်ကုန်မှာ စွဲထားတဲ့အမှုကို နေပြည်တော်ကို ပြောင်းရွှေ့ စစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အဂတိလိုက်စားမှုနဲ့ စွဲထားတဲ့အမှုကို ရှေ့နေတွေဘက်က ပါဝါတင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအမှုကိုတော့ လာမယ့် ၆ ရက်နေ့မှာ ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG