သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တနသၤာရီတုိင္းေဒသႀကီး စီမံဘ႑ာဝန္ႀကီး ေဒၚရီရီခ်ဳိ ျပန္လည္လြတ္ေျမာက္


တနသၤာရီတုိင္းေဒသႀကီး စီမံဘ႑ာဝန္ႀကီး ေဒၚရီရီခ်ဳိ။

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ ေန႔မွာပဲ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတဲ့ တနသၤာရီတိုင္းေဒသႀကီး အစုိးရအဖြဲ႔ဝင္ စီမံကိန္းနဲ႔ ဘ႑ာေရးဝန္ႀကီး ေဒၚရီရီခ်ဳိဟာ စေနေန႔ညမွာ ျပန္လည္လြတ္ေျမာက္လာၿပီ ျဖစ္ပါတယ္။ ဖမ္းဆီးထားစဥ္ ကာလတေလွ်ာက္လုံး သူ႔ကို ဘိတ္ၿမိဳ႕က စစ္တပ္ဝင္းထဲမွာပဲ ထိန္းသိမ္းထားတာျဖစ္ၿပီး ျပန္လႊတ္ေပးေတာ့လည္း ႀကိဳတင္အသိေပးတာမ်ဳိး မရွိဘဲ အရင္ သူေနခဲ့တဲ့ ျပည္နယ္အစိုးရ ဝန္ႀကီးအိမ္ရာကို ရဲတပ္ဖြဲ႔က ျပန္လည္ ပုိ႔ေဆာင္ခဲ့တာလုိ႔ ေဒၚရီရီခ်ဳိက ေျပာပါတယ္။ ေဒၚရီရီခ်ဳိကို ကုိေဇာ္ဝင္းလႈိင္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ေဒၚရီရီခ်ဳိ - “က်မ ဘာမွမသိခဲ့ရဘူး၊ အခု ၉ နာရီေလာက္ အိမ္ေရာက္ၿပီးမွ က်မ သိရတာ။”

ကိုေဇာ္ဝင္းလႈိင္ - အခုကေတာ့ အရင္ေနတဲ့ ဝန္ႀကီးအိမ္ရာကို ျပန္ေရာက္ေနတာလား။

ေဒၚရီရီခ်ဳိ - “ဟုတ္ကဲ့၊ က်မကို ဒီေနရာပဲ ပို႔ထားလုိက္တယ္။”

ကိုေဇာ္ဝင္းလႈိင္ - သူတုိ႔ကပဲ လုိက္ပုိ႔ေပးတာေပါ့။

ေဒၚရီရီခ်ဳိ - “ဟုတ္ကဲ့၊ သူတုိ႔လုိက္ပုိ႔ေပးတယ္၊ ရဲက လုိက္ပုိ႔ေပးတာပါ။”

ကိုေဇာ္ဝင္းလႈိင္ - ဆရာမကို ဘယ္ေနရာမွာ သူတုိ႔ထိန္းထားတာလဲခင္ဗ်။

ေဒၚရီရီခ်ဳိ - “က်မတို႔က တပ္ထဲမွာ။ ဘိတ္က ၂၆၅ လား၊ အဲဒီတပ္ထဲမွာ။”

ကိုေဇာ္ဝင္းလႈိင္ - အခု ျပန္လႊတ္ေပးေတာ့ေရာ သူတုိ႔က ဘာမ်ားမွာလိုက္ေသးလဲ။ အခုဆုိရင္ ဆရာမလည္း ၾကားမွာေပါ့၊ တခ်ဳိ႕ ဝန္ႀကီးခ်ဳပ္ေတြ ဝန္ႀကီးေတြ ဒုတိယအႀကိမ္ ျပန္အဖမ္းခံရတာ ရွိတယ္ေလ။ အျပင္ေရာက္ေတာ့ Civil Disobedience Movement ေတြနဲ႔ ဆက္သြယ္တယ္ဆုိတဲ့ စြဲခ်က္ေတြလည္း ပါတာေပါ့။ အျပင္မွာ ႏုိင္ငံေရး ဆက္လႈပ္ရွားလို႔ဆုိတဲ့ဟာမ်ဳိးနဲ႔ ျပန္စြဲတာရွိေတာ့ ဆရာမကိုေရာ သူတုိ႔ မွာလုိက္တာရွိလား၊ သေဘာက ဘာမလုပ္ပါနဲ႔ ညာမလုပ္ပါနဲ႔ ဆုိတာမ်ဳိး။

ေဒၚရီရီခ်ဳိ - “အဲဒီလုိေတာ့ မမွာလိုက္ပါဘူး။ ဒါေပမယ့္ ဝင္းထဲမွာေတာ့ ဟုိကူး ဒီကူး သိပ္မသြားဖို႔ေတာ့ ေျပာတယ္။”

ကိုေဇာ္ဝင္းလႈိင္ - လႊတ္ေပးမယ့္အခ်ိန္မွာ ဆရာမ ႀကိဳသိလား။ သူတုိ႔က ဘယ္လိုေျပာၿပီး လႊတ္ေပးတာလဲ။

ေဒၚရီရီခ်ဳိ - “ႀကိဳေတာ့မသိပါဘူး။ ဘာမွာလုိက္လဲဆုိေတာ့ တအား ထူးထူးႀကီးေတာ့ မဟုတ္ပါဘူး။ အျပင္ေရာက္ရင္ေတာ့ ျဖစ္ေနတဲ့ဟာေတြႀကီးပဲေပ့ါ။”

ကိုေဇာ္ဝင္းလႈိင္ - ဆရာမကို ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကတည္းက ထိန္းထားတာေပါ့။ အခု ၁၃ ရက္ရွိၿပီဆုိေတာ့ ၁၃ ရက္ၾကာမွာ ျပန္လြတ္တယ္ဆုိေတာ့ ဒီၾကားထဲမွာ ဆရာမတုိ႔ အဲဒီမွာ ဘယ္လိုေနၾကလဲ။ ဆရာမနဲ႔အတူ ဘယ္သူေတြေရာ ပါေသးလဲ။

ေဒၚရီရီခ်ဳိ - “က်မကေတာ့ က်မတေယာက္တည္း တပ္ထဲမွာပဲဆုိေတာ့။ ဘာမွေတာ့ ေျပာတာလည္း မရွိဘူး။ ဘာမွမသိရဘူး။ ဧည့္ရိပ္သာမွာ ဧည့္သည္တည္းတဲ့ အခန္းမွာေပါ့။ အဲဒီမွာပါပဲ။ ဖုန္းေတြ ဘာေတြလည္း က်မတုိ႔မွာ မရွိဘူး၊ ယူထားတာဆုိေတာ့။ သတင္းေလးဘာေလးေတာ့ ၾကည့္ရတယ္၊ MRTV တုိ႔ ဘာတုိ႔။ က်န္တာေတာ့ မသိရဘူး။ အဓိကေတာ့ က်မတို႔ ဘာမွမသိရတာေပ့ါ။”

ကိုေဇာ္ဝင္းလႈိင္ - ေမးတာျမန္းတာလည္း မရွိဘူးေပါ့။ သေဘာက ဆရာမတို႔ကုိ ထိန္းထားတယ္ ဆုိေပမယ့္လည္း တျခား အခ်ဳပ္သားေတြကို ထိန္းထားသလုိမ်ဳိး မဟုတ္ဘဲနဲ႔ ဧည့္သည္တေယာက္လုိ ေခၚၿပီး အက်ယ္ခ်ဳပ္နဲ႔ထားတဲ့ ပုံစံမ်ဳိး ျဖစ္မယ္။

ေဒၚရီရီခ်ဳိ - “ပိတ္ထားတာ။ အခန္းထဲမွာ ပိတ္ထားလုိက္တာေပါ့။ အဲဒါပါပဲ။”

ကိုေဇာ္ဝင္းလႈိင္ - အခု အျပင္ေရာက္ၿပီဆုိေတာ့ ေတြ႔ရ ၾကားရ ျမင္ရတာေတြ ဆရာမ ဘယ္လုိခံစားမိလဲ။ အခုျဖစ္ေနတာေတြ။

ေဒၚရီရီခ်ဳိ - “က်မ ည ၁၀ နာရီေလာက္မွ အိမ္ကိုေရာက္တာဆုိေတာ့၊ အိမ္မွာကလည္း လူမရွိဘူးဆိုေတာ့ က်မ ဒီမွာေနဖို႔ဟာေလးေတြ ျပင္ဆင္တာနဲ႔ဆုိေတာ့ ဘာမွေတာ့ သိပ္ၿပီး မသိရေသးဘူးေပါ့။ ေနာက္ေတာ့ က်မ ေဖ့စ္ဘုတ္ေလးဘာေလး ဖြင့္၊ ခ်က္ခ်င္း သူက မရဘူးျဖစ္ေနတာကိုး။ အဲဒါေလးေတြ လုပ္လုိက္ရင္ သိရမယ္။”

ကုိေဇာ္ဝင္းလႈိင္ - တျခားေရာ ဆရာမ အခု ျဖစ္သြားတဲ့ျဖစ္စဥ္၊ ကုိယ္ထိန္းသိမ္းခံရတာ အပါအဝင္ေပါ့၊ အခု ႏုိင္ငံေရးျဖစ္စဥ္ေတြ၊ စစ္တပ္က တုိင္းျပည္အာဏာကို ထိန္းခ်ဳပ္လုိက္တဲ့ အေနအထားေတြနဲ႔ ပတ္သက္လို႔ ဆရာမ ေျပာခ်င္တာရွိသလား။

ေဒၚရီရီခ်ဳိ - “ဒါကေတာ့ ထိန္းသိမ္းမခံရခင္ ရက္ပုိင္းကေလးကမွ က်မတို႔လည္း ၾကားသိတာ။ အဲဒါေလးေတြေတာ့ ရွိပါတယ္။ အဲဒီေတာ့ က်မတို႔လည္း ဘာေျပာေျပာ စိတ္ေရာဘာေရာ အဆင္သင့္ေတာ့ လုပ္ထားပါတယ္။ ဘာျဖစ္မယ္မွန္း မသိဘူးေပါ့။ ျပန္လာတဲ့ဟာကေတာ့ က်မ အခု စကားေတြ ဘာေတြ ေျပာရင္း ဟုိရွာ ဒီရွာ လုပ္ရင္းနဲ႔ေတာ့ နည္းနည္း ၾကားထားၿပီးပါၿပီ။ က်မ နည္းနည္းလည္း ပန္းတာနဲ႔ အိပ္ေပ်ာ္သြားတယ္။ မနက္ျဖန္က်ေတာ့ နည္းနည္းပိုၿပီးေတာ့ ျပည့္ျပည့္စုံစုံေလး သိေအာင္ ႀကိဳးစားမယ္။ တခ်ဳိ႕ဟာေလးေတြ ၾကားထားပါတယ္။”

ကိုေဇာ္ဝင္းလႈိင္ - လူထုကလည္း အခုအခ်ိန္မွာ တႏုိင္ငံလုံး အတို္ုင္းအတာနဲ႔ ျဖစ္ေနတယ္။ လူထုကလည္း ေခါင္းေဆာင္မႈကို ေမွ်ာ္တာေပါ့။ အထူးသျဖင့္ ေရြးေကာက္ခံထားရတဲ့ NLD ရဲ႕ ဦးေဆာင္မႈ အခန္းက႑ ဘယ္အဆင့္ရွိမလဲ ဆုိတာကို ေမွ်ာ္ေနၾကတဲ့ အေနအထားရွိတယ္။ CRPH ဆုိၿပီးေတာ့ အျပင္မွာရွိေနတဲ့ လႊတ္ေတာ္အမတ္ေတြက ဖြဲ႔ၿပီးေတာ့ လုပ္ေနၾကတာ ရွိတယ္။ သူတို႔လည္း အတုိင္းအတာ တခုထိေတာ့ ေၾကညာခ်က္ထုတ္တာ ဘာညာ လုပ္ႏုိင္ေပမယ့္ ျပည္သူကေတာ့ တခုခု တစုံတရာ၊ အထူးသျဖင့္ ထိပ္ပုိင္း ေခါင္းေဆာင္ေတြ ဆက္ၿပီး ထိန္းသိမ္းခံရတဲ့ အေပၚမွာ စုိးရိမ္ေနၾကတာ ရွိတယ္။ ေနာက္ အခု ဆရာမတုိ႔လုိ ျပည္နယ္ တုိင္း ေဒသႀကီးက အစုိးရ တာဝန္ရွိတဲ့သူေတြ ထိန္းသိမ္းခံရတယ္။ ေနာက္ ျပန္လြတ္လာၿပီး သူတုိ႔ရဲ႕ ဦးေဆာင္မႈ ဘယ္လုိေပးႏုိင္မလဲ ဆုိၿပီးေတာ့ ေမွ်ာ္လင့္ၾကတာလဲ ရွိၾကတာေပါ့။ ဆုိေတာ့ အဲဒါေလးေတြကို ဆရာမတို႔ အခု အျပင္မွာရွိတဲ့လူေတြနဲ႔ တုိင္ပင္ၿပီး ဘယ္လို ေရွ႕ဆက္သြားမလဲဆုိတာ က်ေနာ္တုိ႔က သိခ်င္တာပါ။

ေဒၚရီရီခ်ဳိ - “ဘယ္သူနဲ႔မွ စကားေတာ့ သိပ္အမ်ားႀကီး မေျပာရေသးပါဘူး။ နည္းနည္းခ်င္းေပါ့၊ သတင္းေမးလာတဲ့ ေဆြမ်ဳိးသားခ်င္းေတြကုိပဲ ဘာမွမျဖစ္ပါဘူး ဆုိတဲ့ဟာေလး။ ေရာက္တာနဲ႔ ငိုက္သြားတာလည္း ပါတယ္။ မနက္ျဖန္က်ရင္ေတာ့ သတင္းေတြ ေသခ်ာ သိရလိမ့္မယ္။”

ကိုေဇာ္ဝင္းလႈိင္ - အခုလိုေျဖေပးတာ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို ပြန်လည်လွတ်မြောက်

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုဟာ စနေနေ့ညမှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ဖမ်းဆီးထားစဉ် ကာလတလျှောက်လုံး သူ့ကို ဘိတ်မြို့က စစ်တပ်ဝင်းထဲမှာပဲ ထိန်းသိမ်းထားတာဖြစ်ပြီး ပြန်လွှတ်ပေးတော့လည်း ကြိုတင်အသိပေးတာမျိုး မရှိဘဲ အရင် သူနေခဲ့တဲ့ ပြည်နယ်အစိုးရ ဝန်ကြီးအိမ်ရာကို ရဲတပ်ဖွဲ့က ပြန်လည် ပို့ဆောင်ခဲ့တာလို့ ဒေါ်ရီရီချိုက ပြောပါတယ်။ ဒေါ်ရီရီချိုကို ကိုဇော်ဝင်းလှိုင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒေါ်ရီရီချို - “ကျမ ဘာမှမသိခဲ့ရဘူး၊ အခု ၉ နာရီလောက် အိမ်ရောက်ပြီးမှ ကျမ သိရတာ။”

ကိုဇော်ဝင်းလှိုင် - အခုကတော့ အရင်နေတဲ့ ဝန်ကြီးအိမ်ရာကို ပြန်ရောက်နေတာလား။

ဒေါ်ရီရီချို - “ဟုတ်ကဲ့၊ ကျမကို ဒီနေရာပဲ ပို့ထားလိုက်တယ်။”

ကိုဇော်ဝင်းလှိုင် - သူတို့ကပဲ လိုက်ပို့ပေးတာပေါ့။

ဒေါ်ရီရီချို - “ဟုတ်ကဲ့၊ သူတို့လိုက်ပို့ပေးတယ်၊ ရဲက လိုက်ပို့ပေးတာပါ။”

ကိုဇော်ဝင်းလှိုင် - ဆရာမကို ဘယ်နေရာမှာ သူတို့ထိန်းထားတာလဲခင်ဗျ။

ဒေါ်ရီရီချို - “ကျမတို့က တပ်ထဲမှာ။ ဘိတ်က ၂၆၅ လား၊ အဲဒီတပ်ထဲမှာ။”

ကိုဇော်ဝင်းလှိုင် - အခု ပြန်လွှတ်ပေးတော့ရော သူတို့က ဘာများမှာလိုက်သေးလဲ။ အခုဆိုရင် ဆရာမလည်း ကြားမှာပေါ့၊ တချို့ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေ ဒုတိယအကြိမ် ပြန်အဖမ်းခံရတာ ရှိတယ်လေ။ အပြင်ရောက်တော့ Civil Disobedience Movement တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်တွေလည်း ပါတာပေါ့။ အပြင်မှာ နိုင်ငံရေး ဆက်လှုပ်ရှားလို့ဆိုတဲ့ဟာမျိုးနဲ့ ပြန်စွဲတာရှိတော့ ဆရာမကိုရော သူတို့ မှာလိုက်တာရှိလား၊ သဘောက ဘာမလုပ်ပါနဲ့ ညာမလုပ်ပါနဲ့ ဆိုတာမျိုး။

ဒေါ်ရီရီချို - “အဲဒီလိုတော့ မမှာလိုက်ပါဘူး။ ဒါပေမယ့် ဝင်းထဲမှာတော့ ဟိုကူး ဒီကူး သိပ်မသွားဖို့တော့ ပြောတယ်။”

ကိုဇော်ဝင်းလှိုင် - လွှတ်ပေးမယ့်အချိန်မှာ ဆရာမ ကြိုသိလား။ သူတို့က ဘယ်လိုပြောပြီး လွှတ်ပေးတာလဲ။

ဒေါ်ရီရီချို - “ကြိုတော့မသိပါဘူး။ ဘာမှာလိုက်လဲဆိုတော့ တအား ထူးထူးကြီးတော့ မဟုတ်ပါဘူး။ အပြင်ရောက်ရင်တော့ ဖြစ်နေတဲ့ဟာတွေကြီးပဲပေ့ါ။”

ကိုဇော်ဝင်းလှိုင် - ဆရာမကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ထိန်းထားတာပေါ့။ အခု ၁၃ ရက်ရှိပြီဆိုတော့ ၁၃ ရက်ကြာမှာ ပြန်လွတ်တယ်ဆိုတော့ ဒီကြားထဲမှာ ဆရာမတို့ အဲဒီမှာ ဘယ်လိုနေကြလဲ။ ဆရာမနဲ့အတူ ဘယ်သူတွေရော ပါသေးလဲ။

ဒေါ်ရီရီချို - “ကျမကတော့ ကျမတယောက်တည်း တပ်ထဲမှာပဲဆိုတော့။ ဘာမှတော့ ပြောတာလည်း မရှိဘူး။ ဘာမှမသိရဘူး။ ဧည့်ရိပ်သာမှာ ဧည့်သည်တည်းတဲ့ အခန်းမှာပေါ့။ အဲဒီမှာပါပဲ။ ဖုန်းတွေ ဘာတွေလည်း ကျမတို့မှာ မရှိဘူး၊ ယူထားတာဆိုတော့။ သတင်းလေးဘာလေးတော့ ကြည့်ရတယ်၊ MRTV တို့ ဘာတို့။ ကျန်တာတော့ မသိရဘူး။ အဓိကတော့ ကျမတို့ ဘာမှမသိရတာပေ့ါ။”

ကိုဇော်ဝင်းလှိုင် - မေးတာမြန်းတာလည်း မရှိဘူးပေါ့။ သဘောက ဆရာမတို့ကို ထိန်းထားတယ် ဆိုပေမယ့်လည်း တခြား အချုပ်သားတွေကို ထိန်းထားသလိုမျိုး မဟုတ်ဘဲနဲ့ ဧည့်သည်တယောက်လို ခေါ်ပြီး အကျယ်ချုပ်နဲ့ထားတဲ့ ပုံစံမျိုး ဖြစ်မယ်။

ဒေါ်ရီရီချို - “ပိတ်ထားတာ။ အခန်းထဲမှာ ပိတ်ထားလိုက်တာပေါ့။ အဲဒါပါပဲ။”

ကိုဇော်ဝင်းလှိုင် - အခု အပြင်ရောက်ပြီဆိုတော့ တွေ့ရ ကြားရ မြင်ရတာတွေ ဆရာမ ဘယ်လိုခံစားမိလဲ။ အခုဖြစ်နေတာတွေ။

ဒေါ်ရီရီချို - “ကျမ ည ၁၀ နာရီလောက်မှ အိမ်ကိုရောက်တာဆိုတော့၊ အိမ်မှာကလည်း လူမရှိဘူးဆိုတော့ ကျမ ဒီမှာနေဖို့ဟာလေးတွေ ပြင်ဆင်တာနဲ့ဆိုတော့ ဘာမှတော့ သိပ်ပြီး မသိရသေးဘူးပေါ့။ နောက်တော့ ကျမ ဖေ့စ်ဘုတ်လေးဘာလေး ဖွင့်၊ ချက်ချင်း သူက မရဘူးဖြစ်နေတာကိုး။ အဲဒါလေးတွေ လုပ်လိုက်ရင် သိရမယ်။”

ကိုဇော်ဝင်းလှိုင် - တခြားရော ဆရာမ အခု ဖြစ်သွားတဲ့ဖြစ်စဉ်၊ ကိုယ်ထိန်းသိမ်းခံရတာ အပါအဝင်ပေါ့၊ အခု နိုင်ငံရေးဖြစ်စဉ်တွေ၊ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ ဆရာမ ပြောချင်တာရှိသလား။

ဒေါ်ရီရီချို - “ဒါကတော့ ထိန်းသိမ်းမခံရခင် ရက်ပိုင်းကလေးကမှ ကျမတို့လည်း ကြားသိတာ။ အဲဒါလေးတွေတော့ ရှိပါတယ်။ အဲဒီတော့ ကျမတို့လည်း ဘာပြောပြော စိတ်ရောဘာရော အဆင်သင့်တော့ လုပ်ထားပါတယ်။ ဘာဖြစ်မယ်မှန်း မသိဘူးပေါ့။ ပြန်လာတဲ့ဟာကတော့ ကျမ အခု စကားတွေ ဘာတွေ ပြောရင်း ဟိုရှာ ဒီရှာ လုပ်ရင်းနဲ့တော့ နည်းနည်း ကြားထားပြီးပါပြီ။ ကျမ နည်းနည်းလည်း ပန်းတာနဲ့ အိပ်ပျော်သွားတယ်။ မနက်ဖြန်ကျတော့ နည်းနည်းပိုပြီးတော့ ပြည့်ပြည့်စုံစုံလေး သိအောင် ကြိုးစားမယ်။ တချို့ဟာလေးတွေ ကြားထားပါတယ်။”

ကိုဇော်ဝင်းလှိုင် - လူထုကလည်း အခုအချိန်မှာ တနိုင်ငံလုံး အတိုုင်းအတာနဲ့ ဖြစ်နေတယ်။ လူထုကလည်း ခေါင်းဆောင်မှုကို မျှော်တာပေါ့။ အထူးသဖြင့် ရွေးကောက်ခံထားရတဲ့ NLD ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ဘယ်အဆင့်ရှိမလဲ ဆိုတာကို မျှော်နေကြတဲ့ အနေအထားရှိတယ်။ CRPH ဆိုပြီးတော့ အပြင်မှာရှိနေတဲ့ လွှတ်တော်အမတ်တွေက ဖွဲ့ပြီးတော့ လုပ်နေကြတာ ရှိတယ်။ သူတို့လည်း အတိုင်းအတာ တခုထိတော့ ကြေညာချက်ထုတ်တာ ဘာညာ လုပ်နိုင်ပေမယ့် ပြည်သူကတော့ တခုခု တစုံတရာ၊ အထူးသဖြင့် ထိပ်ပိုင်း ခေါင်းဆောင်တွေ ဆက်ပြီး ထိန်းသိမ်းခံရတဲ့ အပေါ်မှာ စိုးရိမ်နေကြတာ ရှိတယ်။ နောက် အခု ဆရာမတို့လို ပြည်နယ် တိုင်း ဒေသကြီးက အစိုးရ တာဝန်ရှိတဲ့သူတွေ ထိန်းသိမ်းခံရတယ်။ နောက် ပြန်လွတ်လာပြီး သူတို့ရဲ့ ဦးဆောင်မှု ဘယ်လိုပေးနိုင်မလဲ ဆိုပြီးတော့ မျှော်လင့်ကြတာလဲ ရှိကြတာပေါ့။ ဆိုတော့ အဲဒါလေးတွေကို ဆရာမတို့ အခု အပြင်မှာရှိတဲ့လူတွေနဲ့ တိုင်ပင်ပြီး ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာ ကျနော်တို့က သိချင်တာပါ။

ဒေါ်ရီရီချို - “ဘယ်သူနဲ့မှ စကားတော့ သိပ်အများကြီး မပြောရသေးပါဘူး။ နည်းနည်းချင်းပေါ့၊ သတင်းမေးလာတဲ့ ဆွေမျိုးသားချင်းတွေကိုပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ဟာလေး။ ရောက်တာနဲ့ ငိုက်သွားတာလည်း ပါတယ်။ မနက်ဖြန်ကျရင်တော့ သတင်းတွေ သေချာ သိရလိမ့်မယ်။”
ကိုဇော်ဝင်းလှိုင် - အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG