သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းအာဏာပိုင်တာဝန်ရှိသူများ တရုတ်နိုင်ငံသွားရောက်မည်


တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) 
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) 

ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ နဲ့ မူဆလင်အများစု ၄ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ တရုတ်ပြည်ကို လာရောက်ကြလိမ့်မယ်လို့ တရုတ်က ကြေညာပါတယ်။

ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေအပြင် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်လည်း ပါဝင်မယ်လို့ တရုတ်နိုင်ငံက ဆိုပါတယ်။

“လက်ရှိ ပါလက်တိုင်း-အစ္စရေး ပဋိပက္ခပြေငြိမ်းရေး၊ အရပ်သားများ ကာကွယ်ရေးနဲ့ ပါလက်စတိုင်းပြဿနာ တရားမျှတစွာ ဖြေရှင်းရေး ကို ရှေးရှုပြီး ဒီခရီးစဥ်အတွင်းမှာ တရုတ်နိုင်ငံဟာ အာရပ်နဲ့ အစ္စလာမ်တိုင်းပြည်တွေက နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲကိုယ်စားလှယ်အဖွဲ့နဲ့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းမှာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့ မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က ကြေညာချက်မှာ ပြောပါတယ်။

တရုတ်ဟာ အစဥ်အလာအားဖြင့် ပါလက်စတိုင်းဘက်ကိုညွတ်ပြီး အစ္စရေး-ပါလက်စတိုင်း နိုင်ငံ ၂ နိုင်ငံထူထောင်ရေးကို ထောက်ခံပါတယ်။ “ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ကြိုးစားနေကြတဲ့အတိုင်း ဂါဇာနဲ့ အနောက်ဘက်ကမ်းဟာ အစိုးရဖွဲ့စည်းတည်ဆောက်ပုံ တရပ်တည်းအောက်မှာ ပြန်လည်ညီညွတ်ကြပြီး နောက်ဆုံး ပြန်လည်သက်ဝင်လှုပ်ရှားလာမယ်ပ့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့အောက်မှာ ရှိရပါမယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဝါရှင်တန်ပို့စ် သတင်းစာကြီးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ရေးခဲ့ပါတယ်။

လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေးကိုရည်ရွယ်ပြီး ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်ပေမဲ့ ၂၀၀၇ ခုနှစ်မှာ ဟားမတ်စ်က အကြမ်းဖက် ဖြုတ်ချခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG