သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Delta ကိုဗစ်မျိုးကွဲပိုးသစ် ကမ္ဘာ့အနှံ့ ကူးစက်ရိုက်ခတ်

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး Covishield ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇွန် ၂၉၊ ၂၀၂၁)
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး Covishield ထိုးနှံပေးနေတဲ့မြင်ကွင်း။ (ဇွန် ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ကမ္ဘာတဝန်း လက်ရှိအချိန်မှာ အလျှင်အမြန် ကူးစက်ပျံ့နှံ့နေတဲ့ Delta ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်ကြောင့် တိုင်းပြည်အများစုက COVID-19 ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို အရှိန်မြှင့် လုပ်ဆောင်လာနေကြပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံအတွင်း ကူးစက်မှုအများဆုံးဖြစ်တဲ့ Delta အမျိုးအစားကြောင့် အမေရိကန်နိုင်ငံအတွင်း ၄ ရက်ဆက်တိုက် တနေ့ကို ကူးစက်သူ ၂၀,၀၀၀ ဝန်းကျင် ရှိနေတယ်လို့ ဆိုပါတယ်။ တနေ့ကို ကူးစက်မှုနှုန်း ၂၀,၀၀၀ ကျော်ရှိခဲ့တာ ပြီးခဲ့တဲ့မေလက နောက်ဆုံးဖြစ်ပါတယ်။

စနေနေ့အထိ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကူးစက်သူ စုစုပေါင်း ၃၄ သန်းနီးပါး ရှိနေပြီး သေဆုံးသူ အရေအတွက်ဟာလည်း ၆၀၇,၀၀၀ ကျော် ရှိနေပါပြီ။

ရုရှားနိုင်ငံမှာတော့ တနင်္ဂနွေနေ့ တရက်တည်းမှာတင် ကိုဗစ်ကူးစက်သူ ၂၅,၀၀၀ ကျော် ရှိခဲ့တာမှာ မြို့တော် မော်စကို တမြို့တည်းမှာတင် ၅,၅၀၀ နီးပါး ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀ နီးပါး ရှိခဲ့တာကြောင့် အခုချိန်ထိ ကိုဗစ်နဲ့သေဆုံးသူ ၁၀၄,၀၀၀ ကျော် ရှိသွားပြီလို့ ရုရှားအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဘရာဇီးလ်နိုင်ငံမှာတော့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်နဲ့သေဆုံးသူ ၁,၂၀၀ ကျော် ရှိခဲ့တာကြောင့် အခုချိန်ထိ သေဆုံးသူ ၅၃၀,၀၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ စနေနေ့က ကိုဗစ်ကူးစက်သူ ၁,၈၅၃ ဦး ရှိခဲ့တာကြောင့် သောကြာနေ့က အများဆုံးတွေ့ရှိခဲ့တဲ့ ၁,၆၂၅ ဦးကို စံချိန်ချိုးလိုက်ပြီ ဖြစ်ပါတယ်။

Delta ကိုဗစ်မျိုးကွဲပိုးသစ် ကမ္ဘာ့အနှံ့ ကူးစက်ရိုက်ခတ်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)

Delta ကိုဗဈမြိုးကှဲပိုးသဈ ကမ်ဘာ့အနှံ့ ကူးစကျရိုကျခတျ








XS
SM
MD
LG