သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်အဖွဲ့ကို ဒဏ်ခတ်အရေးယူဖို့ လုံခြုံရေးကောင်စီမှာ အစ္စရေးတောင်းဆို


ဟာမတ်စ် စစ်သွေးကြွများ (နိုဝင်ဘာ ၂၉၊ ၂၀၂၃)
ဟာမတ်စ် စစ်သွေးကြွများ (နိုဝင်ဘာ ၂၉၊ ၂၀၂၃)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဟာမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ ဂါဇာမှာဖြစ်နေတဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့မှုတွေအကြောင်း အစီရင်ခံစာ ထုတ်ပြန်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ မနေ့ တနင်္လာနေ့မှာ အမေရိကန်၊​ ပြင်သစ်နဲ့ ဗြိတိန်တို့ ဦးဆောင်ခေါ်ယူတဲ့ အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီ စည်းဝေးပွဲကို တက်လာတဲ့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz က အဲဒီလို ပြောကြားလိုက်တာပါ။​

ဒီအစီရင်ခံစာကို ထုတ်ပြန်တဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်း အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten ကတော့ အဲဒီ လုံခြုံရေးကောင်စီ စည်းဝေးပွဲမှာ အစီရင်ခံစာနဲ့ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ဂါဇာကို မရေတွက်နိုင်တဲ့ ဗုံးတွေကျဲချခဲ့တဲ့အတွက် အမျိုးသမီးနဲ့ ကလေးငယ် အများအပြား သေဆုံးခဲ့ရတဲ့အပြင် မိသားစုလိုက်၊​ မျိုးဆက်တခုလုံး သေဆုံး ပျောက်ကွယ်သွားခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ကြောင်း၊ ဗုံးတလုံးကျဲချတိုင်း ကမ္ဘာကြီးအတွင်း တရားမျှတမှု ပိုမို ဆိတ်သုဉ်းလာကြောင်း၊ သူရည်မှန်းချက်က လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေမရှိတဲ့ စစ်ပွဲဖြစ်လာဖို့အတွက် မဟုတ်ဘဲ၊ ကမ္ဘာကြီးမှာ စစ်ပွဲတွေ ချုပ်ငြိမ်းသွားရေးအတွက်ဖြစ်ပါတယ်”

မနှစ် အောက်တိုဘာ ၇ ရက်နေ့ကတည်းက ဟာမတ်စ်အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်း ခံထားကြရတဲ့ ဓားစာခံတွေလည်း အဲဒီလို အကြမ်းဖက် စော်ကားမှုတွေကို ခံစားရနိုင်တယ်ဆိုတာကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။​ ဟာမတ်စ်တို့ အစ္စရေးနိုင်ငံအတွင်း အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၂၀၀ လောက် သေဆုံးခဲ့တာမှာ တချို့တွေဟာ အသတ်မခံရခင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုတွေ ပြုကျင့်ခံခဲ့ရကောင်း ခံခဲ့ရနိုင်တယ်လို့ ဆိုပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG