သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

 ျမန္မာ့အေရး ႏိုင္ငံတကာအကူအညီေပးဖို႔ ဒီမိုကေရစီညီလာခံမွာ Myanmar Now ဦးေဆြ၀င္းတိုက္တြန္း


President Joe Biden speaks from the South Court Auditorium on the White House complex in Washington, Dec. 9, 2021, for the opening of the Democracy Summit.

Zawgyi

ျမန္မာ့အေရး ႏိုင္ငံတကာအကူအညီေပးဖို႔ ဒီမိုကေရစီညီလာခံမွာ Myanmar Now ဦးေဆြ၀င္းတိုက္တြန္း

အေမရိကန္ ျပည္ေထာင္စုမွာ ၂ ရက္ၾကာ က်င္းပတဲ့ ဒီမိုကေရစီ ညီလာခံ ဒုတိယေန႔နဲ႔ ေနာက္ဆုံးေန႔အျဖစ္ ေသာၾကာေန႔က အြန္လိုင္းကေန က်င္းပရာမွာ ပါ၀င္ခဲ့တဲ့ ျမန္မာသတင္းသမား ဦးေဆြ၀င္း က စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီ အေျခအေနေတြ က်ဆင္းလာတာကို ေထာက္ျပေျပာဆိုလိုက္ပါတယ္။ ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ ျမန္မာႏိုင္ငံမွာ ေသာၾကာေန႔က အသံတိတ္ဆႏၵျပလႈပ္ရွားခဲ့ၾကတဲ့ ျမန္မာလူထုကို ႏိုင္ငံတကာ အသိုင္းအ၀န္းက အားေပးေထာက္ခံၾကဖို႔လည္း တိုက္တြန္းလိုက္ပါတ္ယ။

“ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔မွာ ျမန္မာႏိုင္ငံက အသံတိတ္ဆႏၵျပသူေတြကို ႏိုင္ငံတကာ အသိုင္းအ၀န္းအေနနဲ႔ အေလးထားၿပီး၊ ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီေရး ေတာ္လွန္လႈပ္ရွားမႈေတြကိုလည္း အားေပးေစလိုပါတယ္။” လို႔ Myanmar Now သတင္းဌာနကို တြဲဖက္တည္ေထာင္သူလည္းျဖစ္၊ အယ္ဒီတာခ်ဳပ္ျဖစ္လည္းျဖစ္တဲ့ ဦးေဆြ၀င္း ကေျပာလိုက္တာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လုံျခံဳေရးတပ္ဖဲြ႕ေတြရဲ႕ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ရွိသူေတြကို အေရးယူႏိ္ုင္ေအာင္ ႀကိဳးပမ္းဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

အေမရိကန္သမၼတ Joe Biden ကမကထလုပ္ က်င္းပတဲ့ ၂ ရက္ၾကာ ဒီမိုကေရစီ ညီလာခံ အဆုံးသတ္ေန႔မွာပဲ ဒီမိုကေရစီေရး လႈပ္ရွားသူေတြကို ဖိႏွိပ္ရာမွာ အသုံးျပဳတဲ့ နည္းပညာေတြကို တင္ပို႔မႈ ကန္႔သတ္မယ့္ အစီအစဥ္ေတြကိုလည္း အေမရိကန္၊ ၾသစေၾတးလ်၊ ဒိန္းမတ္နဲ႔ ေနာ္ေ၀ႏိုင္ငံေတြက ေၾကညာခဲ့ၾကပါတယ္။

လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို စြမ္းေဆာင္ရည္ ျမႇင့္တင္ဖို႔ အာ႐ုံစိုက္ ေဆာင္ရြက္မယ့္ တခ်ိန္တည္းမွာပဲ ေန႔စဥ္ဘ၀မွာ အေရးပါတဲ့ နည္းပညာေတြကို ဒီမိုကေရစီ ဖြံ႔ၿဖိဳးတိုးတက္ေရး ႀကိဳးပမ္းၾကတဲ့သူေတြကို ဖိႏွိပ္ရာမွာ အသုံးျပဳတာေတြ မလုပ္ႏိုင္ေအာင္လည္း ေဆာင္ရြက္သြားဖို႔ ရည္ရြယ္ထားေၾကာင္း ညီလာခံ အဆုံးသတ္မိန္႔ခြန္းမွာ သမၼတ ဘိုင္ဒင္က ေျပာဆိုသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


##

Unicode

မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ဒီမိုကရေစီညီလာခံမှာ Myanmar Now ဦးဆွေဝင်းတိုက်တွန်း

အမေရိကန် ပြည်ထောင်စုမှာ ၂ ရက်ကြာ ကျင်းပတဲ့ ဒီမိုကရေစီ ညီလာခံ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် သောကြာနေ့က အွန်လိုင်းကနေ ကျင်းပရာမှာ ပါဝင်ခဲ့တဲ့ မြန်မာသတင်းသမား ဦးဆွေဝင်း က စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အခြေအနေတွေ ကျဆင်းလာတာကို ထောက်ပြပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှာ သောကြာနေ့က အသံတိတ်ဆန္ဒပြလှုပ်ရှားခဲ့ကြတဲ့ မြန်မာလူထုကို နိုင်ငံတကာ အသိုင်းအဝန်းက အားပေးထောက်ခံကြဖို့လည်း တိုက်တွန်းလိုက်ပါတ်ယ။

“နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံက အသံတိတ်ဆန္ဒပြသူတွေကို နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ အလေးထားပြီး၊ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး တော်လှန်လှုပ်ရှားမှုတွေကိုလည်း အားပေးစေလိုပါတယ်။” လို့ Myanmar Now သတင်းဌာနကို တွဲဖက်တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်ဖြစ်လည်းဖြစ်တဲ့ ဦးဆွေဝင်း ကပြောလိုက်တာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်အောင် ကြိုးပမ်းဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်သမ္မတ Joe Biden ကမကထလုပ် ကျင်းပတဲ့ ၂ ရက်ကြာ ဒီမိုကရေစီ ညီလာခံ အဆုံးသတ်နေ့မှာပဲ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ အသုံးပြုတဲ့ နည်းပညာတွေကို တင်ပို့မှု ကန့်သတ်မယ့် အစီအစဉ်တွေကိုလည်း အမေရိကန်၊ သြစတြေးလျ၊ ဒိန်းမတ်နဲ့ နော်ဝေနိုင်ငံတွေက ကြေညာခဲ့ကြပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူတွေကို စွမ်းဆောင်ရည် မြှင့်တင်ဖို့ အာရုံစိုက် ဆောင်ရွက်မယ့် တချိန်တည်းမှာပဲ နေ့စဉ်ဘဝမှာ အရေးပါတဲ့ နည်းပညာတွေကို ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြတဲ့သူတွေကို ဖိနှိပ်ရာမှာ အသုံးပြုတာတွေ မလုပ်နိုင်အောင်လည်း ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားကြောင်း ညီလာခံ အဆုံးသတ်မိန့်ခွန်းမှာ သမ္မတ ဘိုင်ဒင်က ပြောဆိုသွားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG