သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

DKBA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေစာမိုေရွး ကိုဗစ္ေရာဂါနဲ႔ကြယ္လြန္


DKBA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ၾကီး ေစာ္မိုေရွး

(Zawgyi/Unicode)

ဒီမိုကေရစီကရင္အက်ိဳးျပဳတပ္မေတာ္ (DKBA) ရဲ႕ ထိ္ပ္တန္းေခါင္းေဆာင္တဦးျဖစ္တဲ့ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီးေစာမိုေရွးဟာ ကိုဗစ္ေရာဂါနဲ့ ရန္ကုန္ျမိဳ႕ မဂၤလာဒုံစစ္ေဆးရံုမွာ ဇူလိုင္လ ၂၁ ရက္ေန့က ကြယ္လြန္သြားခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္ကပ္ေရာဂါနဲဲ႔ ေဆး၀ါးကုသမူခံယူေနရတဲ့ ဒီမိုကေရစီ အက်ိဳးျပဳ ကရင္တပ္မေတာ္-DKBA ရဲ့ထိပ္တန္းေခါင္းေဆာင္တဦးလည္းျဖစ္၊ စစ္ဦးစီးခ်ဳပ္ လည္းျဖစ္တဲ့ဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွး ဟာ ကိုဗစ္ကပ္ေရာဂါျဖစ္ျပီး ေအာက္စီဂ်င္က်လာျပီးေနာက္သတိေမ့ေနရာကေန ဇူလိုင္လ ၂၁ရက္ေန့ညေနပိုင္းမွာ ကြယ္လြန္သြားခဲ့ေႀကာင္းကရင္သတင္းစဥ္ရဲ ့ အမူေဆာင္အယ္ဒီတာခ်ဳပ္ နန္းေဖာေဂကအတည္ျပဳေျပာႀကားခဲ့ပါတယ္။

"ေဆြမ်ိဳးသားခ်င္းအသိုင္းအ၀ိုင္းကေနျပန္ျပီးခ်ိတ္ဆက္မူအရ ေတာ့ ၄နာရီခဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲဲြေက်ာ္ေက်ာ္၊ ၄နာရီ ၄၀ေလာက္မွာဆံုးသြားတယ္။ သတိလစ္ေနရာကေန ဆံုးသြားတယ္ ဗိုလ္ခ်ဴပ္မူးေရွးကေတာ့ကုသေနတာအေတာ္ႀကာျပီ။ သြားလိုက္တာႀကာျပီလုိ့သိရတယ္။ဘယ္ႏွစ္ရက္ရွိျပီလဲဆိုတာေတာ့မသိဘူး ဒါေပမယ့္ ကုိဗစ္နဲ့ဆံုးးတယ္ဆုိတာကုိေတာ့အားလံုးကအတည္ျပဳတယ္။ စစ္ေဆးရံု အသည္းအထူးကုေဆးရံုမွာအဲဒီမွာဆံုးတာ"

ကိုဗစ္အတည္ျပဳလူနာျဖစ္တဲ့အတြက္ သူစ်ာပနကိုေတာ့အျမန္ဆံုးလုပ္ခဲ့ရတယ္လို့လည္းေျပာျပပါတယ္။

" မိသားစုနီးစပ္ရာအသိုင္းအ၀ုိင္းကေတာ့ မေန့ကဆံုးေတာ့ ကုိဗစ္လည္းျဖစ္ေနေတာ့ ေ၀းလည္းေ၀းတယ္ဆုိေတာ့ အဲဒီမွာပဲမီးသႀဂိုလ္လိုက္တယ္။ သူ့အရိုးျပာအိုးကုိေတာ့ သူရြာကိုျပန္ယူသြားျပီး ခရစ္ယာန္ဘာသာ၀င္ဆိုေတာ့ အဲဒီမွာ ထံုးတမ္းအစဥ္လာအရ အဲဒီမွာဂူသြင္းသြားမယ္လို့ေတာ့သိရပါတယ္"

ဗိုလ္ခ်ဳပ္ႀကီး ေစာမိုေရွး ဟာ ဇူလို္င္လဆန္းကတည္းက ကိုဗစ္ျဖစ္ေနျပီး ေနာက္ ရန္ကုန္မဂၤလာဒံုေဆးရံုမွာ ကုသမူခံယူေနတာကေတာ့ ၁၀ရက္ခန့္ရွိျပီလို့ဆိုပါတယ္။

DKBA ရဲ့ထိပ္တန္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေစာမူေရွးဟာ ကြယ္လြန္ခ်ိန္မွာအသက္ ၅၃ႏွစ္ရွိျပီလို့သိရပါတယ္။

DKBA ဟာ၁၉၉၄ခုႏွစ္ကစျပီး KNU ကရင္အမ်ိဳးသားအစည္းအရံုးကေန ခဲြထြက္ခဲ့တဲ့ အဖဲြ ့အစည္းျဖစ္ျပီး တိုးတက္ေသာကရင္ဗုဒဘာသာတပ္မေတာ္အေနနဲ့ေကာ ဒီမုိကေရစီကရင္အက်ိဳးျပဳကရင္တပ္မေတာ္အေနနဲ့ေကာ စတဲ့ နာမည္ေတြေျပာင္းျပီး လွဳပ္ရွားခဲ့ပါတယ္။၂၀၁၀မွာေတာ့ ျမန္မာစစ္တပ္နဲ့ တႏွစ္ေက်ာ္ႀကာတုိက္ပဲြေတြျပန္ျဖစ္ခဲ့ပါတယ္ ။ ၂၀၁၅ ခုႏွစ္မွာ ေတာ့တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးခဲ့တဲ့ အဖြဲ႕ ျဖစ္လာျပီး ဗိုလ္ခ်ဳပ္ေစာမိုေရွးကေတာ့ ကြယ္လြန္ခ်ိန္အထိျမန္မာစစ္တပ္နဲ့နီးစပ္တဲ့အုပ္စုကျဖစ္ပါတယ္ ။

DKBA ကေန ေနာက္ထပ္ခဲြထြက္သြားတဲ့ ေနာက္တဖဲြ့ကေတာ့အရင္ကနာမည္ေဟာင္း တိုးတက္ေသာကရင္ဗုဒဘာသာတပ္မေတာ္ DKBA အျဖစ္လွဳပ္ရွားေနတာေတြလည္းရွိျပီး မႀကာေသးခင္တုန္းကေတာ့ ကရင္ျပည္နယ္ျမ၀တီခရုိင္ ၀ါးေလျမိဳနယ္ထဲမွာ ျမန္မာစစ္တပ္နဲ့တိုက္ပဲြေတြျဖစ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................................................................................................

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး ကိုဗစ်ရောဂါနဲ့ကွယ်လွန်

(Unicode)

ဒီမိုကရေစီကရင်အကျိုးပြုတပ်မတော် (DKBA) ရဲ့ ထ်ိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးဟာ ကိုဗစ်ရောဂါနဲ့ ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဇူလိုင်လ ၂၁ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်ကပ်ရောဂါနဲ့ ဆေးဝါးကုသမူခံယူနေရတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA ရဲ့ထိပ်တန်းခေါင်းဆောင်တဦးလည်းဖြစ်၊ စစ်ဦးစီးချုပ် လည်းဖြစ်တဲ့ဗိုလ်ချုပ်ကြီး စောမိုရှေး ဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပြီး အောက်စီဂျင်ကျလာပြီးနောက်သတိမေ့နေရာကနေ ဇူလိုင်လ ၂၁ရက်နေ့ညနေပိုင်းမှာ ကွယ်လွန်သွားခဲ့ကြောင်းကရင်သတင်းစဉ်ရဲ့ အမူဆောင်အယ်ဒီတာချုပ် နန်းဖောဂေကအတည်ပြုပြောကြားခဲ့ပါတယ်။

"ဆွေမျိုးသားချင်းအသိုင်းအဝိုင်းကနေပြန်ပြီးချိတ်ဆက်မူအရ တော့ ၄နာရီခွဲကျော်ကျော်၊ ၄နာရီ ၄၀လောက်မှာဆုံးသွားတယ်။ သတိလစ်နေရာကနေ ဆုံးသွားတယ် ဗိုလ်ချူပ်မူးရှေးကတော့ကုသနေတာအတော်ကြာပြီ။ သွားလိုက်တာကြာပြီလို့သိရတယ်။ဘယ်နှစ်ရက်ရှိပြီလဲဆိုတာတော့မသိဘူး ဒါပေမယ့် ကိုဗစ်နဲ့ဆုံးတယ်ဆိုတာကိုတော့အားလုံးကအတည်ပြုတယ်။ စစ်ဆေးရုံ အသည်းအထူးကုဆေးရုံမှာအဲဒီမှာဆုံးတာ"

ကိုဗစ်အတည်ပြုလူနာဖြစ်တဲ့အတွက် သူဈာပနကိုတော့အမြန်ဆုံးလုပ်ခဲ့ရတယ်လို့လည်းပြောပြပါတယ်။

" မိသားစုနီးစပ်ရာအသိုင်းအဝိုင်းကတော့ မနေ့ကဆုံးတော့ ကိုဗစ်လည်းဖြစ်နေတော့ ဝေးလည်းဝေးတယ်ဆိုတော့ အဲဒီမှာပဲမီးသဂြိုလ်လိုက်တယ်။ သူ့အရိုးပြာအိုးကိုတော့ သူရွာကိုပြန်ယူသွားပြီး ခရစ်ယာန်ဘာသာဝင်ဆိုတော့ အဲဒီမှာ ထုံးတမ်းအစဉ်လာအရ အဲဒီမှာဂူသွင်းသွားမယ်လို့တော့သိရပါတယ်"

ဗိုလ်ချုပ်ကြီး စောမိုရှေး ဟာ ဇူလ်ိုင်လဆန်းကတည်းက ကိုဗစ်ဖြစ်နေပြီး နောက် ရန်ကုန်မင်္ဂလာဒုံဆေးရုံမှာ ကုသမူခံယူနေတာကတော့ ၁၀ရက်ခန့်ရှိပြီလို့ဆိုပါတယ်။

DKBA ရဲ့ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်စောမိုရှေးဟာ ကွယ်လွန်ချိန်မှာအသက် ၅၃နှစ်ရှိပြီလို့သိရပါတယ်။

DKBA ဟာ၁၉၉၄ခုနှစ်ကစပြီး KNU ကရင်အမျိုးသားအစည်းအရုံးကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး တိုးတက်သောကရင်ဗုဒဘာသာတပ်မတော်အနေနဲ့ကော ဒီမိုကရေစီကရင်အကျိုးပြုကရင်တပ်မတော်အနေနဲ့ကော စတဲ့ နာမည်တွေပြောင်းပြီး လှုပ်ရှားခဲ့ပါတယ်။၂၀၁၀မှာတော့ မြန်မာစစ်တပ်နဲ့ တနှစ်ကျော်ကြာတိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ် ။

၂၀၁၅ ခုနှစ်မှာ တော့တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ဖြစ်လာပြီး ဗိုလ်ချုပ်စောမူရှေးကတော့ ကွယ်လွန်ချိန်အထိမြန်မာစစ်တပ်နဲ့နီးစပ်တဲ့အုပ်စုကဖြစ်ပါတယ် ။DKBA ကနေ နောက်ထပ်ခွဲထွက်သွားတဲ့ နောက်တဖွဲ့ကတော့အရင်ကနာမည်ဟောင်း တိုးတက်သောကရင်ဗုဒဘာသာတပ်မတော် DKBA အဖြစ်လှုပ်ရှားနေတာတွေလည်းရှိပြီး မကြာသေးခင်တုန်းကတော့ ကရင်ပြည်နယ်မြဝတီခရိုင် ဝါးလေမြိုနယ်ထဲမှာ မြန်မာစစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG