သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြဿနာ သရုပ်မှန်


ကရင်ပြဿနာ သရုပ်မှန်
please wait

No media source currently available

0:00 0:11:59 0:00
တိုက်ရိုက် လင့်ခ်

မကြာသေးမီကာလအထိ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလားအလာ အကောင်းဆုံးဒေသလို့ ပြောရမယ့် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတဲ့အထိ နိုင်ငံရေး မငြိမ်မသက်မှုတွေ ရှိလာနေပါတယ်။ ဒီဖြစ်ရပ်တွေက သရုပ်သဏ္ဍာန်အမှန်က ဘာလဲ။ ဘာကြောင့်ဖြစ်ရလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အဲဒီဒေသအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ မြန်မာ့အရေး သုံးသပ်သူ ဂါမဏိနဲ့ ဦးကျော်ဇံသာတို့ အခုတစ်ပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ပထမဦးဆုံး ကျနော်မေးချင်တာကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးအလားအလာကောင်းတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေ ရကြတယ်ဆိုတဲ့အထဲမှာ တပ်မတော်နဲ့ KNU အကြားမှာ ရရှိခဲ့တဲ့ သဘောတူညီမှုဟာ အားတတ်စရာ အကောင်းဆုံးလို့ ကျနော်တို့အနေနဲ့ အပြင်ကနေ မြင်ရပါတယ်။ ခေါင်းဆောင်နှစ်ဦး စစ်တပ်အကြီးအကဲနဲ့ KNU အကြီးအကဲတို့ဆိုတာ ဖက်လဲတကင်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာကို တွေ့ရပါတယ်။ ကျနော်တို့ အဲဒီလိုမြင်ခဲ့တဲ့အမြင် မှန်ပါသလား။ ဆရာ အဲဒါကို ပထမဦးဆုံး အကျဉ်းရုံး သုံးသပ်ပေးပါ။

ဖြေ ။ ။ အပြင်ပန်ကတော့ အဲဒီလိုပါပဲ။ ဒါပေမဲ့ တကယ့်တကယ် အတွင်းကျတော့လဲ ဗမာစစ်တပ်က သူ့မှာမပြောင်းနိုင်တဲ့ဟာတွေ ရှိတယ်။ မပြောင်းနိုင်တဲ့ mind-set တွေက ရှိနေတယ်။ အရာရာအားလုံးကို သူက သံသယအနေနဲ့ပဲ ကြည့်နေတာ။ တကယ်တမ်း အပေါ်ယံကတော့ သူတို့ဘက်ကပြပါတယ်။ ဒီဘက်ကလဲ တကယ်ယုံယုံကြည်ကြည်နဲ့ သွားလုပ်ကြတယ်။ ဒါပေမဲ့ မဖြစ်လာဘူးလေ။

မေး ။ ။ ဆိုတော့ အခု KNU နဲ့ မြန်မာစစ်တပ်တို့ ပဋိပက္ခဟာ အပေါ်ကလာတဲ့ သဘောကွဲလွဲမှုလား။ အောက်ခြေမှာ စဖြစ်တဲ့ သာမန်ပဋိပက္ခလောက်ပဲလို့ ဆိုရမလား။

ဖြေ ။ ။ အောက်ခြေလို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းမှူးအဆင့်ကနေ လာတယ်။ တိုင်းမှူးဆိုလဲ ပသခနဲ့ ဆက်စပ်နေတယ်။ ပသခဆိုတာလဲ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့နဲ့ တောက်လျှောက်ဆက်စပ်နေတယ်ဆိုတော့ ဒါက အောက်ခြေပိုင်း ဖြစ်တဲ့ဟာ မဟုတ်ဘူး။ အထက်ကနေ ပေါ်လစီရှိရှိနဲ့ သူတို့ အရင်အတိုင်းပဲ အကုန်လုံးကို ဝါးမြိုရေး၊ ဖျက်သိမ်းရေးတို့ကို ဆက်လုပ်နေတာပဲ ဖြစ်တယ်။

မေး ။ ။ KNU နဲ့ တိုက်ပွဲတွေ ပြန်မဖြစ်ခင်၊ ရွှေကုက္ကိုလ်မှာ မြို့သစ်တွေ တည်ဆောက်နေတဲ့ နယ်ခြားစောင့်တပ် BGF (Border Guard Force) နဲ့ သဘောထားကွဲပြီးတော့ BGF က တဖွဲ့လုံး နုတ်ထွက်တယ်ဆိုတဲ့သတင်းကိုလည်း ကြားရပါတယ်။ အဲဒီကိစ္စနဲ့ ဆက်စပ်နေလား။ ဆက်စပ်နေတယ် ထင်ပါလား။

ဖြေ ။ ။ အဲဒါကတော့ တပိုင်းစီပေါ့။ သူတို့အခြေခံပေါ်လစီကတော့ ဒီအတိုင်းပဲ။ ရှိသမျှ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးကို မယုံကြည်ဘူး။ သူတို့က အကုန်လုံးကို လက်ဝါးကြီး အုပ်ချင်တယ်။ သူတို့လက်အောက်ကိုပဲ အကုန်လုံး ဝင်စေချင်တယ်။ နည်းနည်းလေး independence ဖြစ်တာမျိုးဆိုရင် မရဘူးပေါ့။ အဲဒီတော့ အခု ရွှေကုက္ကိုလ်ကိစ္စဆိုရင် ကြာပြီ။ ဦးသိန်းစိန်လက်ထက်ကတည်းက လုပ်လာခဲ့တာ။ ဒါပေမဲ့ အခုကျမှ လာပြီးတော့ ပြဿနာ လာရှာတာ။ ကြံ့ခိုင်ရေးအစိုးရ မဟုတ်တော့ဘဲ၊ NLD အစိုးရလက်အောက်မှာလဲ ဒီလိုတွေ ဖြစ်တယ်ဆိုပြီးတော့ တိုင်းရင်းသားတွေကို လူအများက မကောင်းမြင်လာအောင် လုပ်ကြံတဲ့သဘောလို့ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်။

မေး ။ ။ တချို့ကတော့ ရွှေကုက္ကိုလ်မှာ စီးပွားရေးလုပ်တဲ့ ကိစ္စဟာ မြန်မာစစ်တပ်နဲ့ DKBA တဖြစ်လဲ BGF နဲ့ ဝေစားမျှစား လုပ်နေကြတယ်လို့ သုံးသပ်ကြပါတယ်။ ဒီကိစ္စမှာ အဝေမတဲ့လို့များ အခုအခါမှာ ခွါပြဲသွားလေသလား ဆိုတာလဲ စဉ်းစားစရာ ရှိပါတယ်။ ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ အရင်ကတော့ အကုန်လုံးကတော့ အသိပေးပြီး လုပ်တာပဲ။ ကရင်လည်း စက်ကြေးတွေ ပေးရပါတယ်။ ဟိုတလောကတောင် စက်ကြေးပေးရတာမျိုး တပ်မမှူးတွေတောင် ပြုတ်သွားတာ ရှိတယ်။ သူတို့ ပြန်အရေးယူလိုက်တာတွေ။ အရင်တုန်းကတော့ တချိန်လုံး ဝေစားမျှစား လုပ်ခဲ့တာပဲ။ အခုကြတော့ တကယ်တမ်း ပြောရရင် ဒီမှာဝင်ငွေကလည်း နည်းသွားတယ်။ အရင်လောက် ဝင်ငွေက မရတော့ဘူး။ ကိုဗစ်ကာလနဲ့ ဘာနဲ့ဆိုတော့ - အဲဒီလို အကျပ်ခိုက်တဲ့အချိန်မှာ အိတ်ဖောင်းတော့ကတစ်မျိုး၊ အိတ်ပိန်သွားတော့ တစ်မျိုးဖြစ်ပြီးတော့ ဒါမျိုးလည်း ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

မေး ။ ။ နိုင်ငံတကာကလဲ အထူးသဖြင့် ဒီဘက်က အမေရိကန်အပါအဝင်၊ အနောက်နိုင်ငံတွေ အုပ်စုဘက်က တရုတ်ရဲ့ မမှန်ကန်တဲ့ စီးပွားရေး ရင်းနှီးမြုပ်နံှမှုတွေကို မြန်မာနိုင်ငံက လက်ခံနေတယ်။ စစ်တပ်ကလည်း အားပေးအားမြှောက် လုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဆိုတော့ ဒီဖိအားတွေ pressure တွေကို ဘယ်လောက်အထိ ထည့်တွက်ခဲ့တယ်လို့ ထင်ပါသလဲ။ ဒီစစ်တပ်နဲ့ ရွှေကုက္ကိုလ်ကိစ္စတို့ကို ဖော်ပြတဲ့နေရာမှာ။

ဖြေ ။ ။ တစ်ခုတော့ ရှိတယ်။ ရွှေကုက္ကိုလ်ကြတော့ တရုတ်သံရုံးတို့နဲ့ ဒီကိုလာတဲ့ တရုတ်ဝန်ကြီးတို့က သူတို့နဲ့ မဆိုင်ဘူး၊ ဒါက တရုတ်မာဖီယာဂိုဏ်းတွေ triangle - တြိဂံဂိုဏ်းတွေနဲ့ပဲ ဆိုင်တယ်။ သူတို့ရဲ့ OROB ကမ္ဘာ့တလျှောက်လမ်းတစ်ကြောင်းနဲ့ မဆိုင်ဘူးလို့ ပြောသွားတာကလဲ ဒါက ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ကို အားပေးအားမြှောက် လုပ်ရာလဲ ဖြစ်သွားတယ်။ တကယ်လဲ ဒါကတော့ တရုတ်ပြည်က တရုတ်နဲ့ မဆိုင်ဘူး။ အပြင်မှာရှိတဲ့ တရုတ်နယ်မြေလေးတွေက ရှိနေတဲ့ မာဖီယာဂိုဏ်းတွေနဲ့ ဆိုင်နေတယ်။

မေး ။ ။ အခု KNU နဲ့ ဖြစ်နေတဲ့ကိစ္စမှာ အရင်တုန်းက ထားရှိခဲ့တဲ့ သဘောထားကနေ အခုလို ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေက ဘာကြောင့်လဲလို့ ထင်ပါသလဲ။ လောလောဆယ် လတ်တလောအကြောင်းရင်း ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ရုတ်တရက်တော့ မဟုတ်ဘူး။ ဒါက ကြာနေပြီ။ ဖြစ်နေတာကတော့ NCA ထိုးပြီးကတည်းက NCA စာချုပ်ထဲမှာ ဘယ်လိုဘယ်လိုတွေ တပ်စခန်းတွေက ဘယ်လို အသစ်မလုပ်ရဘူး။ ဘယ်လို ရွာတွေက ရွှေ့ပေးရမယ်လို့ ပြောခဲ့တာတွေ။ ဒါပေမဲ့ အဲဒါတွေကို ဗမာစစ်တပ်ဘက်က လိုက်မလုပ်ဘဲနဲ့ ရွာတွေထဲမှာ ချထားတယ်။ မလိုအပ်ဘဲနဲ့ အဖွဲ့အစည်းနယ်မြေတွေထဲမှာ ချပြီးတော့ လမ်းတွေဖောက်၊ ဘာညာတွေ လုပ်နေတယ်။ ဒါတွေကတော့ တောက်လျှောက် အဲဒီလို ဖြစ်ခဲ့တာပါ။ တကယ်တော့ အခုမှ စဖြစ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရင်ကလဲ တတ်နိုင်ဆုံးတော့ ဖုံးဖုံဖိဖိ လုပ်တယ်။ KNU ဘက်ကလဲ ဖြစ်နေပေမယ့် သိပ်မဖော်ခဲ့ဘူး။

မေး ။ ။ ဆိုတော့ ဒီကိစ္စက ဘယ်လောက်အထိ ကြီးကြီးကျယ်ကျယ် ဆက်ပြီးဖြစ်နိုင်မယ်လို့ ထင်ပါသလဲ။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေတုန်းက ပျက်ပြားသွားတဲ့အထိများ ကြီးထွားသွားနိုင်ပါသလား။

ဖြေ ။ ။ ကျနော်ကတော့ အဲဒီလောက်အထိတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကနေ့အခြေအနေကလဲ trend ကလည်း အဲဒီလိုချတဲ့ trend အခြေအနေ မဟုတ်တော့ဘူး။ ပြန်တော့အဆင်ပြေအောင် လုပ်မယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ အဓိကတော့ တပ်မတော်ဘက်မှာတော့ ပိုတာဝန်ရှိတာပေါ့။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ဘက်မှာ ပိုတာဝန်ရှိတာပေါ့။ သူတို့က ဒီလိုပဲ ဆက်ပြီးတော့ ခေါင်းမာနေမယ်။ သူတို့လုပ်ထားတဲ့ စာချုပ်ကိုလည်း သူတို့ ဂရုမစိုက်ဘူး၊ သူတို့ရဲ့ အတွေးအခေါ်တွေ မပြောင်းဘူးဆိုရင်တော့ ကြီးလာနိုင်တယ်။

မေး ။ ။ တချို့ကလဲ သုံးသပ်ကြတယ် ရခိုင်ဘက်မှာ AA နဲ့ ငြိမ်းချမ်းရေး အလားအလာကောင်းလာတဲ့ အချိန်မှာ ဒီဘက်ကို ဖိပြီးတော့ လုပ်လာတယ်။ ဒါက တမင်တကာ လုပ်တယ်လို့ ဆိုကြပါတယ်။ အဲဒီနှစ်ခုကို ဆွဲစိလို့ ရပါသလား။

ဖြေ ။ ။ နည်းနည်းတော့ ရနိုင်ပါတယ်။ ဒါပေမဲ့ အခုနပြောသလိုပါပဲ ဒါတွေက ဖြစ်နေတာတော့ ကြာပြီ။ သူတို့က အမြဲတမ်း တိုင်းပြည်ကို ကာကွယ်နေတယ်ဆိုတာကို ပြချင်တာ။ ဗိုလ်ချုပ်မင်းအောင်လှိုင်တို့ စစ်တပ်က။ အဲဒီအခါကြတော့ ရခိုင်ဘက်မှာ သူတို့က လျှော့လိုက်ပြီး ကျန်တဲ့နေရာတွေမှာ သူတို့က ကာကွယ်နေတာမျိုးဆိုတာကလဲ ဒါက အမြဲတမ်း တနိုင်ငံလုံးကို ဂျင်းထည့်နေတဲ့ဟာ ဖြစ်တယ်။

မေး ။ ။ ပြည်တွင်းစစ် တာရှည်လာတာဟာ မြန်မာစစ်တပ်က သူတို့ရပ်တည်ရေးအတွက် justify လုပ်တာပေါ့။ ငါတို့ကို လိုအပ်နေတယ်ဆိုတာကို လူတွေသိအောင် သူတို့လုပ်ပြနေတယ်ဆိုတဲ့ အယူအဆကို စီမံနေတယ်လို့ လက်ခံတယ်ပေါ့။

ဖြေ ။ ။ ဟုတ်တယ် .. သူတို့က ဒါကိုပဲ လုပ်နေတာပဲ။ သူတို့ ၂၀၀၈ မှာ ရေးထားတာလဲ အဲဒီအတိုင်းပဲလေ။

မေး ။ ။ ဒါပေမဲ့ သူတို့ဘက်ကပြောတော့ ငြိမ်းချမ်းရေးကို အလိုချင်ဆုံးက စစ်သားတွေပါတဲ့။ သေတာ သူတို့ပဲ သေရတယ်လို့ ဆိုကြတယ်။ ဒါကကော အဓိပ္ပါယ် မရှိဘူးလား။

ဖြေ ။ ။ အောက်ခြေစစ်သားကတော့ ဟုတ်ပါတယ်။ သူတို့ကတော့ ဒီလောက်ကြီး တိုက်ချင်တာတော့ မဟုတ်ပါဘူး။ တချို့လဲ တအားတိုက်ချင်လို့ စစ်ထဲဝင်လာတာ ရှိတယ်။ ဒါပေမဲ့ အဓိကတော့ ဗိုလ်ချုပ်တွေက သူတို့ အကျိုးစီးပွားတွေ ရှိတယ်။ သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ နိုင်ငံရေးအကျိုးစီးပွားတွေ ရှိကြတော့ သူတို့ကတော့ စစ်မတိုက်ချင်ဆုံးတော့ မဟုတ်ဘူး။ သူတို့အတွက် လိုရင်လိုသလို တိုက်မှာပဲ။ သူတို့ကိုယ်တိုင်လဲ သေရတာ မဟုတ်ဘူးလေ။

မေး ။ ။ ရွှေကုက္ကိုလ်ကိစ္စကို ပြန်ပြီးတော့ မေးချင်တာ ရှိပါတယ်။ ဆရာနဲ့ ကျနော်တို့ အရင်ကလဲ မေးခွင့်မကြုံခဲ့တဲ့အတွက်ကြောင့်၊ အဲဒီရွှေကုက္ကိုလ်ကိစ္စဟာ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက်ကော လက်တွေ့အားဖြင့် ဘယ်လောက်ရှိပါသလဲ။ ဒါက မတော်မတရား စီးပွားရေးတွေ တရုတ်ဘက်က ဘာညာဆိုတာတော့ ထားပါတော့။ ဒေသခံတွေအတွက် လောလောဆယ်မှာ အလုပ်အကိုင် ရရှိတာတို့၊ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ ဖြစ်တာတွေကော တကယ်ရှိပါသလား။

ဖြေ ။ ။ အဲဒီလောက်တော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သူတို့အလုပ်သမားနဲ့ သူတို့ လုပ်နေကြတာ။ ကျနော်တို့ဘက်က ဒေသခံတွေ ကရင်တွေ၊ ဗမာတွေကတော့ အလုပ်ကတော့ တော်တော်နည်းနည်းလေးပဲ ရပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတာက သူတို့ ဒီကို ရောက်လာတော့ ပိုက်ဆံတွေ သုံးတယ်ဖြုန်းတယ်ဆိုတော့ ဆိုင်တွေဘာတွေ ရောင်းရတာတွေတော့ နည်းနည်းပါးပါး ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ ရွှေကုက္ကိုလ်တင် မဟုတ်ဘူးပေါ့၊ မြဝတီမြို့ထဲမှာလည်း တရုတ်တွေက အမျိုးမျိုး စီးပွားရေးတွေ လုပ်နေကြတယ်။ အဲဒီမှာလဲ ဒေသခံစီးပွားရေးအတွက်တော့ နည်းနည်းလေး တစုံတရာတော့ သက်ရောက်မှု ရှိနိုင်ပါတယ်။

မေး ။ ။ ဒေသခံတွေ ကြိုဆိုလက်ခံကြတယ်ပေါ့။ အဲဒီလို ပြောလို့ရသလား။

ဖြေ ။ ။ အဲဒီလိုတော့ ပြောလို့မရဘူး။ အဲဒါတော့ မရဘူး။ ခဏခဏ ပြဿနာတွေ ဖြစ်နေတာပဲ။ ကျနော်တို့ဆီမှာ ကုလားနဲ့ တရုတ်ဆိုရင် လူတွေက အခုနောက်ပိုင်းမှာဆို လူမျိုးရေးအရပါ မြင်နေကြတော့ အဲဒီလို ဖြစ်နေတယ်။

မေး ။ ။ နောက်တစ်ခုက အရှေ့မြောက်နယ်စပ်က တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ဆိုရင် တရုတ်က အတော်လေး ဝင်ရောက်ပြီးတော့ စွက်ဖက်တယ်၊ ပြောဆိုတယ်၊ ညှိနှိုင်းတယ်ဆိုတာတွေ ရှိပါတယ်။ အရှေ့တောင်ပိုင်းလို့ ပြောရမယ့် ကရင်၊ မွန်ပြည်နယ်တို့မှာ ဒီလိုဖြစ်လာတဲ့ ကိစ္စတွေကြတော့ နိုင်ငံခြားက တစုံတရာ ဝင်ရောက်ပြီးတော့ ဖြန်းဖြေတာ၊ စေ့စပ်ညှိနှိုင်းပေးနိုင်တဲ့ အလားအလာကော မမြင်ဘူးလား။

ဖြေ ။ ။ လောလောဆယ်တော့ မမြင်သေးဘူး။ ဟိုးအရင်ကတော့ တရုတ်ကိုယ်စားလှယ်ကတော့ KNU နယ်မြေတွေကိုတော့ လာခဲ့သေးတယ်။ တစ်ခါ အစည်းအဝေး လာတက်တာတော့ လုပ်ခဲ့သေးတယ်။ အဆက်အစပ်တော့ ရှိတယ်။ နောက်တစ်ခုက KNU ရဲ့ UWSA နဲ့လည်း အဆက်အစပ်တွေ ရှိတာတွေကော ရှိတယ်။ အဲဒီတော့ ဒီဟာကတော့ နည်းနည်းတော့ ရှိနိုင်တာပေါ့။ အခုနပြောသလို နိုင်ငံခြားကနေ နည်းနည်းကူညီတာမျိုးတွေ။ ဒါပေမဲ့ 50-50 ပေါ့ ရာခိုင်နှုန်း (၅၀) လောက်ပဲ ရှိမယ်ထင်တယ်။ တဘက်ကလဲ ထိုင်းကတော့ အခုနောက်ပိုင်းမှာတော့ ဟိုးအရင်ကလို buffer policy ကြားခံပေါ်လစီကို စွန့်လွှတ်လိုက်ပြီဆိုတော့ သူတို့ကလဲ သူတို့နဲ့ မဆိုင်သလို နေလိုက်တော့တယ်။
မေး ။ ။ Buffer Policy ကို စွန့်လွှတ်လိုက်ပြီးနောက် စစ်မြေပြင်ကနေ စီးပွားရေးနယ်မြေအဖြစ် လုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့ကြတယ် ထင်ပါတယ်။ အခုကြတော့ ကရင်နဲ့ ဖြစ်လာတော့ ထိုင်း-မြန်မာ နယ်စပ်စီးပွားရေးကို ထိခိုက်လာမယ်၊ ဘာညာဆိုတာကို ထိုင်းဘက်က စိုးရိမ်ဖွယ်ရာ မရှိဘူးလား။

ဖြေ ။ ။ လောလောဆယ်တော့ KNU နဲ့ ဖြစ်တယ်ဟာကတော့ သူတို့ သိပ်မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်တဲ့နယ်မြေက အတွင်းပိုင်း ဖြစ်နေတယ်။ ဒီဘက် ထိုင်းနယ်စပ်နဲ့ လှမ်းနေသေးတယ်။ ဒါပေမဲ့ အခုနပြောတဲ့ BGF တို့ ဘာတို့ကြတော့ ထိုင်းနယ်စပ် ဖြစ်နေတယ်။ အဲဒီဟာကိုတော့ ထိုင်းနယ်ဘက်မှာတော့ နည်းနည်းတော့ ထိခိုက်နိုင်တယ်။ ဒါပေမဲ့ တဘက်မှာလဲ ကောင်းတာတစ်ခုက ဟိုဘက်က လောင်ကစားကို အခြေခံတော့ အခု လောင်ကစားလုပ်ငန်းတွေ အခုလို ပျက်သွားတာ ဘာညာဆိုတော့ ထိုင်းရဲ့အတွက်တော့ နည်းနည်းကျေနပ်မှာပေါ့။ ထိုင်းတွေလည်း အဲဒီမှာ သွားကစားကြတော့ အများကြီးရှုံးနေတော့ အဲဒီလိုမျိုးတော့ ရှိတယ်။

မေး ။ ။ ဒေသခံတွေရဲ့ နစ်နာမှု စစ်ဘေးရှောင်တွေ အခြေအနေ ဘယ်လောက်အထိ ဆိုးလာနိုင်မလဲ။

ဖြေ ။ ။ ဆိုးနေတယ်။ နောက်လဲ ထပ်ဆိုးအုံးမှာပဲ။ အရင်တုန်းကတော့ စာသင်ကျောင်းတွေ ဘာတွေတောင် ဖွင့်ပြီးတော့ ကလေးတွေတောင် ကျောင်းတွေသွားနေတာ။ အခုက စာသင်ကျောင်းတွေလည်း အကုန်ပျက်ကုန်ပြီ။ ကလေးတွေလည်း တောထဲသွားပုန်းနေရပြီ။ ဒါပေမဲ့ မိုးမရွာသေးလို့သာ နည်းနည်းတော်သေးတယ်။ ဒါပေမဲ့ အင်မတန်အေးတဲ့ အချိန်ကြီး။ စစ်တပ်တွေက အရင်ကတည်းက ရှိနေတော့ အရင်ကတော့ ပြေးလိုက်ပြန်လာလိုက် အခုတစ်ခေါက်ပြေးရတာတော့ ပိုပြီးဆိုးတယ်။ စစ်တပ်ကလည်း ရွာမီးရှို့တဲ့အဆင့်တောင် ဖြစ်လာတယ်ဆိုတော့။

==Unicode==




မေး ။ ။ ဆိုတော့ အခု KNU နဲ့ မွနျမာစဈတပျတို့ ပဋိပက်ခဟာ အပေါျကလာတဲ့ သဘောကှဲလှဲမှုလား။ အောကျခွမှော စဖွဈတဲ့ သာမနျပဋိပက်ခလောကျပဲလို့ ဆိုရမလား။




မေး ။ ။ တခြို့ကတော့ ရှှကေုက်ကိုလျမှာ စီးပှားရေးလုပျတဲ့ ကိစ်စဟာ မွနျမာစဈတပျနဲ့ DKBA တဖွဈလဲ BGF နဲ့ ဝစေားမြှစား လုပျနကွေတယျလို့ သုံးသပျကွပါတယျ။ ဒီကိစ်စမှာ အဝမေတဲ့လို့မြား အခုအခါမှာ ခှါပွဲသှားလသေလား ဆိုတာလဲ စဉျးစားစရာ ရှိပါတယျ။ ဘယျလိုသဘောရပါသလဲ။












မေး ။ ။ ဒါပမေဲ့ သူတို့ဘကျကပွောတော့ ငွိမျးခမြျးရေးကို အလိုခငြျဆုံးက စဈသားတှပေါတဲ့။ သတော သူတို့ပဲ သရေတယျလို့ ဆိုကွတယျ။ ဒါကကော အဓိပ်ပါယျ မရှိဘူးလား။


မေး ။ ။ ရှှကေုက်ကိုလျကိစ်စကို ပွနျပွီးတော့ မေးခငြျတာ ရှိပါတယျ။ ဆရာနဲ့ ကနြောျတို့ အရငျကလဲ မေးခှင့ျမကွုံခဲ့တဲ့အတှကျကွောင့ျ၊ အဲဒီရှှကေုက်ကိုလျကိစ်စဟာ ဒသေတှငျး စီးပှားရေး ဖှံ့ဖွိုးမှုအတှကျကော လကျတှေ့အားဖွင့ျ ဘယျလောကျရှိပါသလဲ။ ဒါက မတောျမတရား စီးပှားရေးတှေ တရုတျဘကျက ဘာညာဆိုတာတော့ ထားပါတော့။ ဒသေခံတှအေတှကျ လောလောဆယျမှာ အလုပျအကိုငျ ရရှိတာတို့၊ စီးပှားရေး ဖှံ့ဖွိုးမှုအတှကျ အထောကျအပံ့ ဖွဈတာတှကေော တကယျရှိပါသလား။









XS
SM
MD
LG