သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မိုးသည္း၊ ေလထန္မႈေၾကာင့္ ပဲခူးတိုင္းနဲ႔ ကရင္ျပည္နယ္မွာ ေနအိမ္တခ်ိဳ႕ ပ်က္ဆီး


ပဲခူးနဲ႔ ကရင္မွာ ေလျပင္းေၾကာင့္ေနအိမ္တခ်ိဳ႕ ပ်က္ဆီး (မတ္လ ၁၃၊ ၂၀၂၃)

ဒီကေန႔ မနက္ပိုင္းက ပဲခူးတိုင္းနဲ႔ ကရင္ျပည္နယ္အတြင္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေလျပင္း တိုက္ခတ္ခဲ့တာေၾကာင့္ သစ္ပင္ေတြ က်ိဳးက်ၿပီး ေနအိမ္တခ်ိဳ႕ ပ်က္ဆီးခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံ ေနရာအေတာ္မ်ားမ်ားမွာလည္း မနက္ျဖန္အထိ ေနရာကြက္ၿပီး မိုး႐ြာႏိုင္ေျခရွိတယ္လို႔ မိုးဇလဌာနက ခန႔္မွန္းထားပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို အေျခခံၿပီး မေအးသႏၲာေက်ာ္က တင္ျပေပးပါမယ္။

ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္အတြင္းက စိန္ကန႔္လန႔္ေက်း႐ြာမွာ ဒီကေန႔မနက္ အေစာပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေလျပင္း တိုက္ခတ္မႈေၾကာင့္ ေနအိမ္တခ်ိဳ႕ပ်က္ဆီးခဲ့သလို ကရင္ျပည္နယ္၊ သာမညေတာင္ေျခမွာလည္း အလားတူ မိုးသည္းၿပီး ေလျပင္း တိုက္ခတ္တာေၾကာင့္ သစ္ပင္ေတြက်ိဳးက်ၿပီး ေနအိမ္တခ်ိဳ႕ ပ်က္ဆီးခဲ့ပါတယ္။ ဒီေလျပင္းတိုက္ခတ္မႈေၾကာင့္ လူထိခိုက္ ဒဏ္ရာရတဲ့ စာရင္းေတာ့ မသိရေသးပါဘူး။ ျမန္မာ့ကမ္း႐ိုးတန္း တေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာ လႈိင္းအျမင့္ ၃ ေပကေန ၇ ေပအထိ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

လတ္တေလာ တိုင္းတာမႈအရ မုန္တိုင္းမရွိေပမယ့္ ေလျပင္းတိုက္ခတ္မႈေတြ ရွိလာႏိုင္သလို အဲဒီ ႐ိုက္ခတ္မႈေၾကာင့္ ျမန္မာျပည္ေတာင္ပိုင္းကိုပါ ထိခတ္ႏိုင္တာမို႔ သတိထားေနၾကဖို႔ မိုးေလဝသနဲ႔ ဇလေဗဒဌာနက ၫႊန္ၾကားေရးမႈး ဦးလွထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“မုန္တိုင္းမရွိဘူးဆိုတာ ပထမဆုံးေျပာခ်င္တယ္။ ဘဂၤလားပင္လယ္ေအာ္ဘက္ကလာတဲ့ ေလေတြ၊ ေရခိုး ေရေငြ႕ပါတဲ့ ေရေတြ ကုန္းေပၚကိုတိုက္လာေတာ့ တိမ္ျဖစ္ထြန္းမႈမ်ားၿပီး မိုး႐ြာတာေတြ ျဖစ္လာႏိုင္တာေပါ့ေနာ္။ အခုကလည္း ေႏြရာသီကာလဘဲ ရွိေသးတယ္။ အဲေတာ့ မိုး႐ြာတဲ့အခါ ထစ္ခ်ဳန္းမိုးေတြ ႐ြာတာေပါ့ေနာ္။ မိုး႐ြာတာနဲ႔ ေလျပင္းတိုက္မယ္။ လွ်ပ္စီးတိုက္တာေတြ၊ မိုးႀကိဳးပစ္တာေတြ ရွိလာႏိုင္တယ္။ မိုးသီးေႂကြတာေတြ ျဖစ္ႏိုင္တယ္။ အဲလိုေတြျဖစ္တာကို ထစ္ခ်ဳန္းမိုးေတြျဖစ္တယ္လို႔ ေျပာတာေပါ့ေနာ္။ အဲဒါေၾကာင့္ ေလျပင္းအႏၲရာယ္ ျဖစ္လာႏိုင္တယ္။ ေလာေလာဆယ္အေနအထားကေတာ့ ျမန္မာႏိုင္ငံေတာင္ပိုင္း၊ ျမစ္ဝကြၽန္းေပၚေတာင္ပိုင္းေတြေပါ့။ ေလာေလာဆယ္ တိမ္ျဖစ္ထြန္းမႈ အားေကာင္းေနေတာ့ မိုးထစ္ခ်ဳန္း႐ြာတာ၊ ေလျပင္းတိုက္တာ၊ မိုးသီးေကြၽတာေတြ ျဖစ္ႏိုင္တယ္။”

မိုးဇလ ထုတ္ျပန္ေျပာဆိုခ်က္အရ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာစိပ္စိပ္၊ ပဲခူးတိုင္းေဒသႀကီးနဲ႔ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ ေနရာက်ဲက်ဲ၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္း ျပည္နယ္(အေရွ႕ပိုင္း)၊ ရခိုင္ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာဖြယ္ရွိတယ္ လို႔ေျပာပါတယ္။ မြန္ျပည္နယ္မွာေတာ့ ေနရာကြက္ၿပီး မိုးႀကီးႏိုင္တယ္လို႔ ေျပာပါတယ္။

ဒီလ ၁၄ ရက္နဲ႔ ၁၅ရက္ေန႔ေတြအထိ ဒီေဒသေတြမွာ မိုး႐ြာသြန္းမႈေတြ ရွိလာႏိုင္ၿပီး ဒီရက္ေက်ာ္သြားရင္ေတာ့ မိုး႐ြာသြန္းမႈ ျဖစ္စဥ္ဟာ ျမန္မာျပည္အထက္ပိုင္းကို ေ႐ြ႕သြားႏိုင္ဖြယ္ရွိတယ္လို႔ မိုးဇလဘက္က မွန္းထားပါတယ္။

ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းတို႔မွာ တိမ္ထူထပ္ေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္မွာ တိမ္အနည္းငယ္ ျဖစ္ထြန္းေနတာမို႔ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္နဲ႔ ကမ္းလြန္ပင္လယ္ျပင္တို႔မွာ လႈိင္းႀကီးတာေတြ ျဖစ္ႏိုင္တာမို႔ သတိထားၾကဖို႔ ဇလေဗဒဌာနက ၫႊန္ၾကားေရးမႈး ဦးလွထြန္းက သတိေပးပါတယ္။

“လက္ရွိ ပင္လယ္ျပင္ အေနအထားဆိုရင္ေတာ့ ဘယ္ေနရာေတြ သတိထားရမလဲဆိုရင္ တိမ္ထူထပ္ ေနတဲ့ေနရာေတြေပါ့ေနာ္။ ကပၸလီပင္လယ္ျပင္ေပါ့။ မြန္၊ တနသၤာရီ၊ မုတၱမေကြ႕၊ မြန္တနသၤာရီကမ္း႐ိုးတန္းတေလွ်ာက္ ပင္လယ္ျပင္ ကမ္းနီး ကမ္းေဝးမွာေတာ့ ေလျပင္းက်ေရာက္တာေတြ ျဖစ္ႏိုင္တဲ့ အေနအထားရွိတယ္။ ေလာေလာဆယ္ အေနအထားအရ ပင္လယ္ျပင္မွာ ဒါေတြသတိထား ရမွာေပါ့။”

မိုး႐ြာသြန္းမႈေတြရွိလာႏိုင္တာမို႔ ေနာက္ ၂ရက္အတြင္းမွာ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္း၊ ပဲခူး၊ ရန္ကုန္၊ တနသၤာရီတိုင္းေဒသႀကီးေတြ၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္း)၊ ကယား၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္သလို ေလျပင္း တိုင္ခတ္မႈေတြရွိလာႏိုင္တယ္လို႔လည္း မိုးဇလဌာနက သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

မိုးသည်း၊ လေထန်မှုကြောင့် ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်မှာ နေအိမ်တချို့ ပျက်ဆီး

ဒီကနေ့ မနက်ပိုင်းက ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေ ကျိုးကျပြီး နေအိမ်တချို့ ပျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ နေရာအတော်များများမှာလည်း မနက်ဖြန်အထိ နေရာကွက်ပြီး မိုးရွာနိုင်ခြေရှိတယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မအေးသန္တာကျော်က တင်ပြပေးပါမယ်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းက စိန်ကန့်လန့်ကျေးရွာမှာ ဒီကနေ့မနက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်တချို့ပျက်ဆီးခဲ့သလို ကရင်ပြည်နယ်၊ သာမညတောင်ခြေမှာလည်း အလားတူ မိုးသည်းပြီး လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင်တွေကျိုးကျပြီး နေအိမ်တချို့ ပျက်ဆီးခဲ့ပါတယ်။ ဒီလေပြင်းတိုက်ခတ်မှုကြောင့် လူထိခိုက် ဒဏ်ရာရတဲ့ စာရင်းတော့ မသိရသေးပါဘူး။ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၃ ပေကနေ ၇ ပေအထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

လတ်တလော တိုင်းတာမှုအရ မုန်တိုင်းမရှိပေမယ့် လေပြင်းတိုက်ခတ်မှုတွေ ရှိလာနိုင်သလို အဲဒီ ရိုက်ခတ်မှုကြောင့် မြန်မာပြည်တောင်ပိုင်းကိုပါ ထိခတ်နိုင်တာမို့ သတိထားနေကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ညွှန်ကြားရေးမှုး ဦးလှထွန်းက ဗွီအိုအေကို ပြောပါတယ်။

“မုန်တိုင်းမရှိဘူးဆိုတာ ပထမဆုံးပြောချင်တယ်။ ဘင်္ဂလားပင်လယ်အော်ဘက်ကလာတဲ့ လေတွေ၊ ရေခိုး ရေငွေ့ပါတဲ့ ရေတွေ ကုန်းပေါ်ကိုတိုက်လာတော့ တိမ်ဖြစ်ထွန်းမှုများပြီး မိုးရွာတာတွေ ဖြစ်လာနိုင်တာပေါ့နော်။ အခုကလည်း နွေရာသီကာလဘဲ ရှိသေးတယ်။ အဲတော့ မိုးရွာတဲ့အခါ ထစ်ချုန်းမိုးတွေ ရွာတာပေါ့နော်။ မိုးရွာတာနဲ့ လေပြင်းတိုက်မယ်။ လျှပ်စီးတိုက်တာတွေ၊ မိုးကြိုးပစ်တာတွေ ရှိလာနိုင်တယ်။ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်။ အဲလိုတွေဖြစ်တာကို ထစ်ချုန်းမိုးတွေဖြစ်တယ်လို့ ပြောတာပေါ့နော်။ အဲဒါကြောင့် လေပြင်းအန္တရာယ် ဖြစ်လာနိုင်တယ်။ လောလောဆယ်အနေအထားကတော့ မြန်မာနိုင်ငံတောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်တောင်ပိုင်းတွေပေါ့။ လောလောဆယ် တိမ်ဖြစ်ထွန်းမှု အားကောင်းနေတော့ မိုးထစ်ချုန်းရွာတာ၊ လေပြင်းတိုက်တာ၊ မိုးသီးကျွေတာတွေ ဖြစ်နိုင်တယ်။”

မိုးဇလ ထုတ်ပြန်ပြောဆိုချက်အရ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖွယ်ရှိတယ် လို့ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ပြောပါတယ်။

ဒီလ ၁၄ ရက်နဲ့ ၁၅ရက်နေ့တွေအထိ ဒီဒေသတွေမှာ မိုးရွာသွန်းမှုတွေ ရှိလာနိုင်ပြီး ဒီရက်ကျော်သွားရင်တော့ မိုးရွာသွန်းမှု ဖြစ်စဉ်ဟာ မြန်မာပြည်အထက်ပိုင်းကို ရွေ့သွားနိုင်ဖွယ်ရှိတယ်လို့ မိုးဇလဘက်က မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေတာမို့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းကြီးတာတွေ ဖြစ်နိုင်တာမို့ သတိထားကြဖို့ ဇလဗေဒဌာနက ညွှန်ကြားရေးမှုး ဦးလှထွန်းက သတိပေးပါတယ်။

“လက်ရှိ ပင်လယ်ပြင် အနေအထားဆိုရင်တော့ ဘယ်နေရာတွေ သတိထားရမလဲဆိုရင် တိမ်ထူထပ် နေတဲ့နေရာတွေပေါ့နော်။ ကပ္ပလီပင်လယ်ပြင်ပေါ့။ မွန်၊ တနင်္သာရီ၊ မုတ္တမကွေ့၊ မွန်တနင်္သာရီကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင် ကမ်းနီး ကမ်းဝေးမှာတော့ လေပြင်းကျရောက်တာတွေ ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ လောလောဆယ် အနေအထားအရ ပင်လယ်ပြင်မှာ ဒါတွေသတိထား ရမှာပေါ့။”

မိုးရွာသွန်းမှုတွေရှိလာနိုင်တာမို့ နောက် ၂ရက်အတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူး၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီးတွေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သလို လေပြင်း တိုင်ခတ်မှုတွေရှိလာနိုင်တယ်လို့လည်း မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG