သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးဉာဏ်ဝင်း ရန်ကုန်ဆေးရုံကြီးအထူးကုသဆောင်မှာ ကိုဗစ်ရောဂါကုသမှုခံယူနေ


 NLD ၂၅ နှစ်ပြည့် အခန်းအနားတွင် စကားပြောနေသော ဦးဉာဏ်ဝင်း ( ဓာတ်ပုံ - AP /Khin Maung Win)
NLD ၂၅ နှစ်ပြည့် အခန်းအနားတွင် စကားပြောနေသော ဦးဉာဏ်ဝင်း ( ဓာတ်ပုံ - AP /Khin Maung Win)

(Zawgyi/Unicode)

ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်း ကိုဗစ်ကပ်ရောဂါကူးစက်နေတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အထူးကုသဆောင် ICU မှာ ကုသမှု ခံယူနေရပါတယ်။ ICU မှာကုသမှုခံယူနေတဲ့ အခြေအနေကို သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဗီအိုအေမြန်မာပိုင်းကို ခုလိုပြောပါတယ်။

ICU ထဲမှာဟုတ်တယ်။ ဆရာ့ရဲ့ညီအငယ်ဆုံးနဲ့တော့ ဆရာနဲ့ပြောရပြီတဲ့။ ဆရာက တော့အောက်ဆီဂျင် ကျတာတော့မရှိသေးဘူးပေါ့နော်။ အမတို့အခု မြေးတော်တဲ့သူကိုဆရာတို့ထားလို့ရပြီပေါ့။ ဒီနေ့ထားကြမယ်။ အမနဲ့ကတော့မပြောရသေးဘူး။ ဘယ်လိုဖြစ်တယ်ဆိုတာသေချာမမေးရသေးဘူး မနေ့ကတော့ရောက်တယ်ဆိုတော့လေ။. အမနေပြည်တော်မှာဘဲရှိတော့ မနက်ဖြန်ပြီးမှဘဲ ဆရာ့ဆီသွားလို့ရမယ်။ သောကြာနေ့ထဲကဆရာတို့ရုံးချိန်းကရုံးမထုတ်ဘူး တနင်္လာနေ့ထဲက မထုတ် တာ။ အမကဆရာနဲ့တွေ့မှဘဲ အကျိုးအကြောင်းအကုန်သိတော့မှာ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာပဲ NLD ဗဟိုကော်မတီဝင်လည်းဖြစ်၊ ပြောခွင့်ရဖြစ်သူ ဦးဉာဏ်ဝင်းကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အများပြည်သူတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော် လုပ်ဆောင်မှု သူ့အပေါ် ၅၀၅ (ခ) နဲ့တရားစွဲထားပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲက ယာယီအထူးတရားရုံးတွေမှာ စစ်ဆေးနေတဲ့အမှုကို ကိုဗစ်ကပ်ရောဂါထိန်းချုပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့တပါတ်ကစပြီး ယာယီရပ်ဆိုင်းထားပါတယ်။ အင်းစိန်အကျဉ်းထောင်ကနေ မကြာခင်ကလွတ်မြောက်လာသူတချို့မှာလည်း ကိုဗစ်ကပ်ရောဂါကူးစက်နေကြောင်း ဆေးစစ်တွေ့ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

................................................................................................


(Unicode)




XS
SM
MD
LG