သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယားက ျမန္မာအတြက္ေပးတဲ့ စာနာမႈအကူအညီ ေဒၚလာ ၉ သိန္းရွိၿပီ


သတင္းစာရွင္းလင္းပြဲတခုမွာေတြရတဲ့ ေတာင္ကိုရီးယားသမၼတ Moon Jae-in (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအတြက္ ကုလသမဂၢက ဦးေဆာင္ေပးအပ္တဲ့ လူသားစာနာေထာက္ထားမႈ အကူအညီေတြထဲ ေတာင္ကိုရီးယားက အေမရိကန္ ေဒၚလာ ၉ သိန္း ပါဝင္ေထာက္ပံ့ခဲ႔တယ္လို႔ ကုလသမဂၢရဲ႕ အခ်က္အလက္ေတြမွာ ေဖာ္ျပထားေၾကာင္း ႐ိုက္တာသတင္းမွာ ေရးထားပါတယ္။

အေစာပိုင္းတုန္းက စာရင္းေတြမွာ ေျမာက္ကိုရီးယားက ေဒၚလာ ၃ သိန္း ကူညီေထာက္ပံ့တယ္လို ႔ မွားယြင္းေဖာ္ျပခဲ့တာကို ျပင္ဆင္လိုက္ၿပီျဖစ္တယ္လို႔လည္း ကုလသမဂၢ လူသားစာနာေထာက္ထားမႈ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႔ (OCHA) ေျပာခြင့္ရက ေျပာပါတယ္။
လူသားစာနာမႈ အကူအညီအျဖစ္ သီးျခား ေဒၚလာ ၆ သိန္းအျပင္ ေမလ ၂၄ ရက္ေန႔က ေနာက္ထပ္ ေဒၚလာ ၃ သိန္း ေတာင္ကိုရီးယားက ေပးအပ္ခဲ့တာျဖစ္တယ္လို ႔ အာရွ-ပစိဖိတ္ေဒသ ဆက္သြယ္ေရးဌာန အႀကီးအကဲ Pierre Peron ကေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ အစိုးရတာ၀န္ရွိသူေတြကို ဖမ္းဆီးလိုက္တဲ့အျပင္ ဒီမိုကေရစီအေရး ေတာင္းဆို ဆႏၵျပသူေတြကိုလည္း အၾကမ္းဖက္ ႏွိမ္နင္းခဲ့တာေၾကာင့္ ရာနဲ႔ခ်ီတဲ့လူေတြ ေသဆုံးခဲ့ရတာအပါအ၀င္ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာ အခက္အခဲေတြနဲ ႔ ရင္ဆိုင္ေနရတဲ့ ျမန္မာႏိုင္ငံအတြက္ ရန္ပုံေငြ ေဒၚလာ ၂၇၆ သန္း လိုအပ္ေနေၾကာင္း ကုလသမဂၢက ေျပာထားပါတယ္။

အခုလို ျမန္မာႏိုင္ငံအတြက္ အကူအညီေတြေပးအပ္ေနတဲ့ တခ်ိန္ထဲမွာပဲ ေတာင္ကိုရီးယားက ျမန္မာႏိုင္ငံနဲ႔ စစ္ေရးအရ အျပန္အလွန္ဆက္ဆံေရး ၊ လက္နက္တင္ပို႔ေရာင္းခ်ခြင့္နဲ႔ တျခား မဟာဗ်ဴဟာေျမာက္ကိစၥေတြကိုလည္း ဆိုင္းငံ့ထားပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


တောင်ကိုရီးယားက မြန်မာအတွက်ပေးတဲ့ စာနာမှုအကူအညီ ဒေါ်လာ ၉ သိန်းရှိပြီ

(Unicode)

မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂက ဦးဆောင်ပေးအပ်တဲ့ လူသားစာနာထောက်ထားမှု အကူအညီတွေထဲ တောင်ကိုရီးယားက အမေရိကန် ဒေါ်လာ ၉ သိန်း ပါဝင်ထောက်ပံ့ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားကြောင်း ရိုက်တာသတင်းမှာ ရေးထားပါတယ်။

အစောပိုင်းတုန်းက စာရင်းတွေမှာ မြောက်ကိုရီးယားက ဒေါ်လာ ၃ သိန်း ကူညီထောက်ပံ့တယ်လို့ မှားယွင်းဖော်ပြခဲ့တာကို ပြင်ဆင်လိုက်ပြီဖြစ်တယ်လို့လည်း ကုလသမဂ္ဂ လူသားစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OCHA) ပြောခွင့်ရက ပြောပါတယ်။
လူသားစာနာမှု အကူအညီအဖြစ် သီးခြား ဒေါ်လာ ၆ သိန်းအပြင် မေလ ၂၄ ရက်နေ့က နောက်ထပ် ဒေါ်လာ ၃ သိန်း တောင်ကိုရီးယားက ပေးအပ်ခဲ့တာဖြစ်တယ်လို့ အာရှ-ပစိဖိတ်ဒေသ ဆက်သွယ်ရေးဌာန အကြီးအကဲ Pierre Peron ကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတာဝန်ရှိသူတွေကို ဖမ်းဆီးလိုက်တဲ့အပြင် ဒီမိုကရေစီအရေး တောင်းဆို ဆန္ဒပြသူတွေကိုလည်း အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ရတာအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ဒေါ်လာ ၂၇၆ သန်း လိုအပ်နေကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။

အခုလို မြန်မာနိုင်ငံအတွက် အကူအညီတွေပေးအပ်နေတဲ့ တချိန်ထဲမှာပဲ တောင်ကိုရီးယားက မြန်မာနိုင်ငံနဲ့ စစ်ရေးအရ အပြန်အလှန်ဆက်ဆံရေး ၊ လက်နက်တင်ပို့ရောင်းချခွင့်နဲ့ တခြား မဟာဗျူဟာမြောက်ကိစ္စတွေကိုလည်း ဆိုင်းငံ့ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG