သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဇော်မြင့်မောင် ထောင်တွင်းနောက်ဆုံးအခြေအနေ


NLD အစိုးရလက်ထက် မန္ဒလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဈပန မြန်မာဆိုင်ရာ အိန္ဒိယသံရုံး လွမ်းသူ့ပန်းခွေ (အောက်တိုဘာ ၈၊ ၂၀၂၄/ Crd: India in Myanmar (Embassy of India, Yangon))
NLD အစိုးရလက်ထက် မန္ဒလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဈပန မြန်မာဆိုင်ရာ အိန္ဒိယသံရုံး လွမ်းသူ့ပန်းခွေ (အောက်တိုဘာ ၈၊ ၂၀၂၄/ Crd: India in Myanmar (Embassy of India, Yangon))

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းယူခဲ့ချိန်ကစပြီး အကျဉ်းကျနေစဉ်အတွင်း ကိုဗစ်ရောဂါနဲ့ သွေးကင်ဆာ ရောဂါတွေကို ခံစားခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)တို့က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)
ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းယူတဲ့အချိန်ကစပြီး အကျဉ်းကျနေစဉ်အတွင်း ကိုဗစ်ရောဂါနဲ့ သွေးကင်ဆာရောဂါတွေကို ခံစားနေခဲ့ရပြီးနောက် ကျန်းမာရေးပိုဆိုးလာတာကြောင့် ကွယ်လွန်ခဲ့ရတာလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒေါက်တာဇော်မြင့်မောင်နဲ့ အကျဉ်းထောင်ထဲ တနှစ်ကျော်ကြာ အတူနေထိုင်ခဲ့သူ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက VOA ကို အခုလိုပြောပါတယ်။

“ဒေါက်တာဇော်မြင့်မောင်ကတော့ ဒီကင်ဆာနဲ့ပတ်သက်ပြီး ဆေးဝါးကုသမှု အရင်ကတည်းက ခံယူနေရတာပါ။ အကျဉ်းထောင်ထဲမှာရောက်ပြီဆိုကတည်းကပါ။ ထောင်ထဲမှာက အဲဒီရောဂါနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့သမားတော်တွေ၊ ဆရာဝန်တွေက ထောင်ထဲမှာမရှိဘူး။ ရောဂါပြင်း ထန်ပြီဆို ဒီထောင်ထဲမှာက ဒီရောဂါနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေက မရှိတဲ့အခါကျတော့ အခက်အခဲဖြစ်တယ်။ လုံလောက်တဲ့ဆေးဝါးတွေ စောင့်ရှောက်မှု မရတာကိုလည်း ကျနော်တို့က တွေ့ရတယ်။ သူ့ကိုလည်း နိုင်ငံတော်ရဲ့အရေးပါတဲ့ပုဂိုလ်တယောက် ဖြစ်တယ်။ မန္တလေးတိုင်းရဲ့ ဝန်ကြီးချုပ်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်ရယ်၊ နောက် သူတခုခုဖြစ်တယ်ဆိုရင် အကျဥ်းထောင်ထဲ မှာလည်း သူ့ကိုလေးစားမှုရှိရင်းစွဲ နိုင်ငံရေးအကျဉ်းသားတွေလည်းအရမ်းများတဲ့အခါမှာ ပြင်ပ ဆေးရုံကိုပို့ဖို့ဆိုရင် ကြားထဲမှာ အချိန်တွေကြာမြင့်တာမျိုးတွေ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားတာ။ သွားခွင့်မပြုတာတွေကလည်း ကျန်းမာရေးအခြေအနေတွေကို ပိုဆိုးဝါးစေပါတယ်။”

သေဒဏ်ပေးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေသတင်းကြားရချိန်မှာ ဒေါက်တာဇော်မြင့်မောင်အနေနဲ့ ထောင်ထဲမှာ စိတ်ထိခိုက်မူတွေ အကြီးအကျယ်ဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)
ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)

“ကိုဂျင်မီတို့၊ ကိုဖြိုးဇေယျာသော်တို့ဆုံးတဲ့နေ့တွေမှာလည်း ကျနော်က ဆရာ့ကို သတင်းပြောပြတော့ ဆရာက သွေးတွေတိုးပြီး ဆေးတွေအများကြီးသောက်ခဲ့ရတယ်။ ဒီလိုမှန်းသိ မပြောပြလိုက်ရင် ကောင်းသားလို့တွေးမိတယ်။”

မန္တလေးအကျဉ်းထောင်ထဲမှာနေထိုင်စဉ်အတွင်း အကျဉ်းသားအချင်းအချင်းအပေါ်ကူညီတာ၊ နွေဦး တော်လှန်ရေးမှာပါဝင်တဲ့ မျိုးဆက်သစ်တွေလူငယ်တွေအပေါ်မှာ လေးစားတာတွေကို တွေ့မြင်ရတယ်လို့ ဦးသိုက်ထွန်းဦးကပြောပါတယ်။

“ကျနော်က တိုက်ထဲမှာ ၁ နှစ် ၂ လတိုက်ပိတ်ခံရချိန်မှာ ဆရာဇော်မြင့်မောင်က အများကြီးကူညီခဲ့လို့ ထောင်ထဲမှာ စားဝတ်နေရေးအဆင်ပြေခဲ့တယ်။ ဆရာက ခက်ခဲနေတဲ့ကြားကပဲ ကျနော်တို့ကို အများကြီးကူညီခဲ့တယ်။ ဆရာက GZတွေကိုလေးစားတယ်။ နွေဦးတော်လှန်ရေးမှာပါတဲ့ GZ တွေကို လေးစားကြောင်းပြောတယ်။ ကျနော်လည်း GZ ဖြစ်တော့ GZ တွေက ဒီတော်လှန်ရေး အရွေ့မှာ အများကြီးဦးဆောင်နေတာကို သူသဘောကျကြောင်း သူကပြောတယ်။ ပြီးတော့ တော်လှန်ရေးက သေချာပေါက်အောင်မှာလို့လည်း သူကပြောတယ်။ ကျနော်တို့ကဆုံတိုင်း နိုင်ငံရေးအကြောင်း ပြောတယ်။ ကျနော်တို့က ထောင်ဝင်စာထွက်တိုင်း အပြင်ကသတင်းတွေမှတ်လာတယ်။ အလွတ် ကျက်သင့်တာကျက်လာတယ်။ ထောင်ထဲရောက်ရင် ဆရာအပါအဝင် တခြားသူတွေကို ပြောပြရတယ်။ ဖြန့်ဝေကြတယ်။”

ဒေါက်တာဇော်မြင့်မောင်ဟာ ထောင်တွင်းမှာပဲ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာပြီးနောက် စက်တင်ဘာလထဲမှာတော့ အကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးကိုပို့ပြီး ကုသပေးခဲ့ကြောင်း၊ အောက်တိုဘာလ ၆ ရက်နေ့မှာတော့ “ထောင်မှလွှတ်ပေး” ဆိုပြီးထုတ်ပြန်ချက်ကို အာဏာပိုင်တွေက လာရောက်ဖတ်ပြခဲ့ပြီး အောက်တိုဘာလ ၇ ရက်နေ့မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။မနေ့ အောက်တိုဘာလ ၈ ရက်နေ့ မနက်မှာတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရုပ်အလောင်းကို မန္တလေး ကျွဲဆည်ကန် နေအိမ်ကနေ တောင်အင်းမြောက်အင်း သုသာန်ကို ပို့ဆောင် မီးသင်္ဂြိုလ်ခဲ့ပြီး သူ့ကို ချစ်ခင်တဲ့ မန္တလေးမြို့ခံတွေနဲ့ NLD အဖွဲ့ဝင်တွေ ထောင်နဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG