သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှားမှာ အစ္စလာမ် ဘာသာဝင်တွေ အစ်ပွဲတော်ကျင်းပ


အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရာမာဒန် ဥပုဒ်လအဆုံး အစ်နေ့မှာတော့ ဂျာကာတာမြို့တော်က လမ်းမကြီးတွေကို ပိတ်ပြီး အစ်နေ့ဝတ်ပြုပွဲကို ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်ဦးရေအများဆုံး ဖြစ်ပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara
အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရာမာဒန် ဥပုဒ်လအဆုံး အစ်နေ့မှာတော့ ဂျာကာတာမြို့တော်က လမ်းမကြီးတွေကို ပိတ်ပြီး အစ်နေ့ဝတ်ပြုပွဲကို ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်ဦးရေအများဆုံး ဖြစ်ပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara

အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ပွဲတော်တွေကို ကမ္ဘာတဝှမ်း ကျင်းပနေပြီး အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်မှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။ ဂါဇာ ပဋိပက္ခကြား အတိဒုက္ခရောက်နေတဲ့ ပါလက်စတိုင်း ပြည်သူတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး ကို အဓိကထား ထည့်သွင်း ဆုတောင်းကြတဲ့အကြောင်း ဝတ်ပြုဆုတောင်းသူ တဉီးက ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ ထင်ရောင်ထင်မှား သတင်းတွေကို အခြေခံ ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ အာချေးပြည်သူတွေ ရှင်းရှင်းလင်းလင်း မြင်ဖို့ မျှော်လင့်တဲ့အကြောင်း ဝတ်ပြုဆုတောင်းသူတဉီးက ပြောသွားပါတယ်။

တချိန်တည်းမှာပဲ လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည်တွေ အာချေးကမ်းခြေကို ပိုရောက်လာနေပြီး ဒေသခံတွေက လက်မခံဘဲ မောင်းထုတ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဥပုဒ်ရာသီ ကုန်ဆုံးချိန် သတ်မှတ်တာမှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ သတ်မှတ်ချက်အရ ပြက္ခဒိန်အရ သတ်မှတ်တာရှိသလို လကိုမြင်ရတဲ့အချိန်ကစပြီး သတ်မှတ်တာကြောင့်လည်း တနိုင်ငံနဲ့ တနိုင်ငံ သတ်မှတ်ချိန်တွေ ကွာခြားပါတယ်။ ဝတ်ပြုဆုတောင်းပွဲတွေအပြင် စတုဒီသာပွဲတွေနဲ့ လူဒါန်းပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ ဂါဇာဒေသ ပါလက်စတိုင်းဒေသခံတွေကတော့ တိုက်ခိုက်မှုတွေကြား ပျက်စီးနေတဲ့ ဗလီကျောင်းတချို့မှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပကြပါတယ်။

ဂျေရုဆလင်မြို့ဟောင်းက al-Aqsa ဗလီဝန်းထဲမှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့ကြား Eid al-Fitr ပွဲတော်တွေ ကျင်းပပါတယ်။

Forum

XS
SM
MD
LG