သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပါရီၿမိဳ႕ေတာ္ Eiffel ေမွ်ာ္စင္ ျပန္ဖြင္႔ၿပီ 


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ လနဲ႔ခ်ီပိတ္ထားရတဲ့ ျပင္သစ္နိုင္ငံက နာမည္ေက်ာ္ Eiffel Tower ေမၽွာ္စင္ကို ၾကာသပေတးက ပထမဆုံးအႀကိမ္ျပန္ဖြင့္လိုက္ၿပီျဖစ္ပါတယ္။

Eiffel Tower ေမၽွာ္စင္ကိုျပန္ဖြင့္ေပးလိုက္တာဟာ ကပ္ေရာဂါကေန ဥေရာပနိုင္ငံေတြ တျဖည္းျဖည္းခ်င္း ျပန္လည္နာလန္ထူ လာေနတာကို ျပသလိုက္တာလည္း ျဖစ္ပါတယ္။​ စီးပြားေရး ျပန္လည္ ဖြင့္ေပးဖို႔ နဲ႔ လူထု က်န္းမာေရးအၾကား ခ်ိန္ဆေနရတဲ့ ဥေရာပနိုင္ငံေတြမွာ ေႏြရာသီအားလပ္ရက္ ခရီးသြားလာတာနဲ႔ ပတ္သက္ၿပီး အေကာင္းျမင္ေနၾကၿပီး လူခ်င္း ခပ္ခြါခြါေနတဲ့ စည္းကမ္း သတ္မွတ္ခ်က္ေတြနဲ႔ ေရာဂါေျခရာခံလိုက္တဲ့ apps ေတြက လူေတြ ခရီးသြားဖို႔ အားတက္ေစလိမ့္မယ္လို႔လည္း ေမၽွာ္လင့္ ေနၾက ပါတယ္။

ျပင္သစ္နိုင္ငံထဲ Eiffel Tower အခုဖြင့္ေပးလိုက္ေပမဲ့ ဧည့္သည္အသြားမ်ားတဲ့ တျခား ေနရာေတြကို ေတာ့ ဇူလိုင္လ ၆ ရက္ေန႔အထိ ပိတ္ထားပါတယ္။ Eiffel Tower ကို လာေရာက္လည္ပတ္သူေတြ ေရာဂါကူးစက္မႈ အႏၲရာယ္ကင္းရွင္းေရးအတြက္ ေမၽွာ္စင္ေပၚက ရႈေမၽွာ္ခင္းေနရာ ၃ခုကို တက္ဖို႔ အသုံးျပဳတဲ့ ဓါတ္ေလွခါးေတြကို ပိတ္ထားမွာ ျဖစ္ၿပီး ရႈေမၽွာ္ခင္းေနရာ ၂ခုကိုသာ ဖြင့္ေပးထားမွာ ျဖစ္ပါတယ္။ က်န္တခုကို ေတာ့ ေႏြရာသီ ေႏွာင္းပိုင္းမွ ျပန္ဖြင့္ေပးမယ္လို႔ ခန္႔မွန္းရပါတယ္။

ေမၽွာ္စင္ကို လာေရာက္သူ ဧည့္သည္ေတြကို နာရီဝက္ကေန ၄၅ မိနစ္ၾကာ တက္ရတဲ့ ေလွကားအဆင့္ ၆၇၄ ဆင့္ရွိတဲ့ ေမၽွာ္စင္ ဒုတိယထပ္အထိ လြတ္လြတ္လပ္လပ္ တက္ေရာက္ ခြင့္ေပးထားေၾကာင္း Eiffel ေမၽွာ္စင္ website မွာ ေဖာ္ျပထားပါတယ္။

ကပ္ေရာဂါေၾကာင့္ Eiffel Tower ေမၽွာ္စင္ကို မတ္လကတည္းက ပိတ္ထားရတဲ့ အတြက္ ဘ႑ာေငြ အေမရိကန္ ေဒၚလာသန္း ၃၀ ထိခိုက္နစ္နာရေၾကာင္း ေမၽွာ္စင္က တာဝန္ရွိသူ Patrick Branco Ruivo ကေျပာပါတယ္။ ေမၽွာ္စင္ကို ပိတ္ထားတာ ဒုတိယ ကမၻာစစ္ေနာက္ပိုင္း မွာ အခုတခါ အၾကာဆုံးလို႔လည္း သူကေျပာပါတယ္။

ပါရီၿမိဳ႕ေတာ္ Eiffel ေမွ်ာ္စင္ ျပန္ဖြင္႔ၿပီ
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္


..................

ပါရီမြို့တော် Eiffel မျှော်စင် ပြန်ဖွင့်ပြီ

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လနဲ့ချီပိတ်ထားရတဲ့ ပြင်သစ်နိုင်ငံက နာမည်ကျော် Eiffel Tower မျှော်စင်ကို ကြာသပတေးက ပထမဆုံးအကြိမ်ပြန်ဖွင့်လိုက်ပြီဖြစ်ပါတယ်။

Eiffel Tower မျှော်စင်ကိုပြန်ဖွင့်ပေးလိုက်တာဟာ ကပ်ရောဂါကနေ ဥရောပနိုင်ငံတွေ တဖြည်းဖြည်းချင်း ပြန်လည်နာလန်ထူ လာနေတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ စီးပွားရေး ပြန်လည် ဖွင့်ပေးဖို့ နဲ့ လူထု ကျန်းမာရေးအကြား ချိန်ဆနေရတဲ့ ဥရောပနိုင်ငံတွေမှာ နွေရာသီအားလပ်ရက် ခရီးသွားလာတာနဲ့ ပတ်သက်ပြီး အကောင်းမြင်နေကြပြီး လူချင်း ခပ်ခွါခွါနေတဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ရောဂါခြေရာခံလိုက်တဲ့ apps တွေက လူတွေ ခရီးသွားဖို့ အားတက်စေလိမ့်မယ်လို့လည်း မျှော်လင့် နေကြ ပါတယ်။

ပြင်သစ်နိုင်ငံထဲ Eiffel Tower အခုဖွင့်ပေးလိုက်ပေမဲ့ ဧည့်သည်အသွားများတဲ့ တခြား နေရာတွေကို တော့ ဇူလိုင်လ ၆ ရက်နေ့အထိ ပိတ်ထားပါတယ်။ Eiffel Tower ကို လာရောက်လည်ပတ်သူတွေ ရောဂါကူးစက်မှု အန္တရာယ်ကင်းရှင်းရေးအတွက် မျှော်စင်ပေါ်က ရှုမျှော်ခင်းနေရာ ၃ခုကို တက်ဖို့ အသုံးပြုတဲ့ ဓါတ်လှေခါးတွေကို ပိတ်ထားမှာ ဖြစ်ပြီး ရှုမျှော်ခင်းနေရာ ၂ခုကိုသာ ဖွင့်ပေးထားမှာ ဖြစ်ပါတယ်။ ကျန်တခုကို တော့ နွေရာသီ နှောင်းပိုင်းမှ ပြန်ဖွင့်ပေးမယ်လို့ ခန့်မှန်းရပါတယ်။

မျှော်စင်ကို လာရောက်သူ ဧည့်သည်တွေကို နာရီဝက်ကနေ ၄၅ မိနစ်ကြာ တက်ရတဲ့ လှေကားအဆင့် ၆၇၄ ဆင့်ရှိတဲ့ မျှော်စင် ဒုတိယထပ်အထိ လွတ်လွတ်လပ်လပ် တက်ရောက် ခွင့်ပေးထားကြောင်း Eiffel မျှော်စင် website မှာ ဖော်ပြထားပါတယ်။

ကပ်ရောဂါကြောင့် Eiffel Tower မျှော်စင်ကို မတ်လကတည်းက ပိတ်ထားရတဲ့ အတွက် ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာသန်း ၃၀ ထိခိုက်နစ်နာရကြောင်း မျှော်စင်က တာဝန်ရှိသူ Patrick Branco Ruivo ကပြောပါတယ်။ မျှော်စင်ကို ပိတ်ထားတာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း မှာ အခုတခါ အကြာဆုံးလို့လည်း သူကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG