သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျက်မှောက်နိုင်ငံရေးလောကဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၇)


Winner of the men's division Lelisa Desisa Benti of Ethiopia (R) is wrapped in a towel as third place finisher compatriot Gebregziabher "Gebre" Gebremariam (C) lays on the ground during the 117th Boston Marathon in Boston, Massachusetts April 15, 2013. RE
Winner of the men's division Lelisa Desisa Benti of Ethiopia (R) is wrapped in a towel as third place finisher compatriot Gebregziabher "Gebre" Gebremariam (C) lays on the ground during the 117th Boston Marathon in Boston, Massachusetts April 15, 2013. RE
တိုက်ရိုက် လင့်ခ်

ဒီတပတ် English American Style Idioms ကဏ္ဍမှာ မျက်မှောက်နိုင်ငံရေးလောကမှာ သုံးနှုန်းနေတဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Throw in the towel, To have second thoughts နဲ့Caught red handed တို့ကို တင်ပြထားပါတယ်။

(၁) Throw in the towel

Throw (ပစ်လိုက်တာ)၊ in (အထဲမှာ)၊ the towel (မျက်နှာသုတ်ပုဝါ) ဖြစ်ပြီး၊စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာသုတ်ပုဝါကို ပစ်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒီ အသုံးက လက်ဝှေ့ထိုးပွဲကနေ ဆင်းသက်လာတာပါ။ လက်ဝှေ့ပွဲတွေမှာ လက်ဝှေ့ထိုးသမားတွေက မျက်နှာသုတ်ပုဝါနဲ့ ချွေး၊ သွေးစသဖြင့်တို့ကို သုတ်ကြရတာဖြစ်ပါတယ်။ လက်ဝှေ့သမားတဦးက သူ့ မျက်နှာသုတ်ပုဝါကို လက်ဝှေ့ကြိုးဝိုင်းအတွင်းကို ပစ်ချလိုက်တဲ့ အဓိပ္ပါယ်က သူ့အနေနဲ့ မျက်နှာသုတ်ပုဝါ သုံးစရာ မလိုတော့ဘူး၊ သူပွဲကနေထွက်တယ်၊ ဆက်မထိုးတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအပြုအမှုရဲ့လက္ခဏာကတော့ လူတဥိးအနေနဲ့ အရှုံးပေးတယ်၊ ဆက်မလုပ်တော့ဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နေ့စဉ်ဘဝမှာ တခုခုကို ဆက်မလုပ်တော့ဘူး၊ ရပ်တော့မယ်။ လက်မြှောက်အရှုံးပေးတယ်ဆိုရင် Throw in the towel လို့ရည်ညွှန်းပြောပါတယ်။ ဒီအသုံးကို ဇူလိုင်လ (၂၂) ရက်နေ့၊ သောကြာနေ့က သမတ Donald Trump က နယူးရော့ခ်က ရင်းနှီးမြှုပ်နံှရှင် Anthony Scaramucci ကို အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံသစ်အဖြစ် ခန့်အပ်လိုက်ကိုမကျေနပ်လို့ ၊ အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer ရာထူးကနေ နှုတ်ထွက်သွားခဲ့တဲ့ Breaking News သတင်းကို သတင်းမီဒီယာတွေက Sean Spicer throws in the towel ဆိုပြီးတော့ Sean Spicer နှုတ်ထွက်သွားပြီ၊ ဆက်မလုပ်တော့ဘူး၊ စိတ်ကုန်သွားပြီ၊ လက်လျှော့သွားပြီဆိုပြီး Throw in the towel ဆိုတဲ့ အီဒီယံကို ရည်ညွှန်းသုံးခဲ့ကြပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some presidential candidates have thrown in the towel early in the race due to lack of public support for them.

သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ဝင်ယှဉ်ပြိုင်လိုကြသူတချို့က လူထုထောက်ခံမှုကို မရတဲ့အတွက် ပြိုင်ပွဲကနေ ခပ်စောစောပဲ နှုတ်ထွက်သွားကြတယ်။

(၂) To have second thoughts

To have (ရှိစေတာ)၊ second (ဒုတိယ ဒါမှမဟုတ် နောက်ထပ်)၊ thoughts (အတွေးများ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ဒုတိယအတွေးတွေကို ဝင်လာစေတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ ကျမတို့ မြန်မာစကားအရဆိုရင်တော့ သေသေချာချာ ပြန်စဉ်းစားကြည့်ပြီးတဲ့နောက်ပိုင်းမှာ စိတ်ပြောင်းချင်တဲ့သဘော၊ ပထမ ဆုံးဖြတ်ထားပြီးသား၊ ပြောထားပြီးသားအပေါ် သံသယ ဝင်လာတဲ့သဘောမျိုး၊ မသေချာတော့တဲ့သဘောမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးကို သမ္မတ Trump က နိုင်ငံတော်ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့တဲ့ Jeff Sessions က ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်ကာလက Trump မိသားစုနဲ့ ရုရှားကြား ဆက်သွယ်မှု ရှိခဲ့တဲ့အကြောင်း စုံစမ်းစစ်ဆေးမှုမှာ သူ့အနေနဲ့ မပါဝင်လိုတဲ့အကြောင်း တောင်းခံခဲ့တဲ့အတွက်ကြောင့် သမ္မတ Trump က သူ့ဘက်က လူကိုယ်တိုင်က ဝင်မပါချင်တာ တွေ့ရတဲ့အတွက် စိတ်ပျက်ပြီး စောစောကသာ ဒီလိုသိခဲ့ရင် Jeff Sessions ကို နိုင်ငံတော်ရှေ့နေချုပ်အဖြစ် သူ ခန့်အပ်မှာ မဟုတ်ဘူး။ ခန့်အပ်မိတာ မှားပြီဆိုတဲ့ သဘောမျိုးနဲ့ သတင်းမီဒီယာကို ပြောခဲ့တဲ့အတွက်ကြောင့် Donald Trump’s second thoughts on Jeff Sessions ဆိုပြီး သတင်းခေါင်းကြီးတွေမှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ To have second thoughts အီဒီယံအသုံးနဲ့ ပတ်သက်လို့ ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The wedding is just a month away, but Mary is having second thoughts about getting married to John. So, we’ll have to wait and see.

မင်္ဂလာဆောင်ဖို့က တစ်လလောက်ပဲ လိုတော့တယ်။ ဒါပေမဲ့လို့ Mary က John နဲ့ လက်ထပ်ဖို့ စိတ်ပြောင်းချင်ပုံ ပေါ်တယ်။ ဒါကြောင့် ကျနော်တို့တတွေ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(၃) Caught red handed

Caught က (ဖမ်းမိတာ) ၊ red (အနီရောင်)၊ handed (လက်နဲ့လုပ်ဆောင်တာ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အနီရောင်လက်နဲ့ လုပ်ဆောင်နေတုံးဖမ်းမိတာ ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ (၁၅) ရာစု Scotland က လို့ဆိုပါတယ်။ လက်မှာသွေးပေကျံနေတုံး သွားမိတာဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ တခုခု ကျူးလွန်တာကို လက်ပူးလက်ကြပ်သက်သေအထောက်အထားနဲ့သွား မိတဲ့သဘော ဖြစ်ပါတယ်။ ဒီ Red handed အီဒီယံကို အထင်ကရ Time မဂ္ဂဇင်း က သမ္မတ Trump ရဲ့သားကြီး Don Trump Jr. ရဲ့ ပုံနဲ့ မျက်နှာဖုံးမှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Don Jr. က သူ့ဖခင် Donald Trump ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားစဉ်ကာလတုန်းက ပြိုင်ဘက် Hillary Clinton နဲ့ ပတ်သက်လို့ သိက္ခာကျစေမယ့် သတင်းမျိုး၊ ရုရှားဘက်က ပေးလိုတဲ့အတွက်ကြောင့်မို့ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ရာမှာ ၊ သူကလည်း အကြိုက်ပေါ့လို့ ပြန်ရေးခဲ့ပြီး တွေ့ဆုံ ခဲ့တယ်ဆိုတဲ့သတင်း မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့်လည်း သက်သေအထောက်အထားတွေနဲ့ လက်ပူးလက်ကြပ်မိပြီဆိုပြီး Time မ၈္ဂဇင်း က အခုလို Red handed အသုံးနဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John was caught red handed smoking cigarettes by his wife. She was angry with him as he had promised her he would stop this habit.

John ဆေးလိပ်သောက်တာကို သူ့ဇနီးက လက်ပူးလက်ကြပ် မိသွားတယ်။ သူက အဲဒီအကျင့်ကို ဖျောက်ပါမယ်လို့ ကတိပေးထားတော့ သူ့ဇနီးလဲ ဒေါသထွက်တာပေါ့။

ဒီသတင်းပတ် တင်ပြခဲ့တဲ့ idiom အသုံးတွေက Throw in the towel, To have second thoughts နဲ့ Caught red handed တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG