သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာစခန်းကို EU ကိုယ်စားလှယ်အဖွဲ့ရောက်ရှိ


ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ဝန်ဆောင်မှုဌာနက အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး Paola Pampaloni
ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ဝန်ဆောင်မှုဌာနက အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး Paola Pampaloni

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်နေတဲ့ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့က ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့ကြပြီး ဆက်လက်ပံ့ပိုးကူညီမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် UNB သတင်းဌာနကပြောပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ဝန်ဆောင်မှုဌာနက အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး ပါအိုလား ပမ်ပလိုနီ (Paola Pampaloni) ဟာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို ကနေ့ သွားရောက်ခဲ့ပြီး အမျိုးသမီးဒုက္ခသည်တွေနဲ့ တွေ့ဆုံစကားပြောခဲ့သလို ကျောင်းတွေ၊ စားနပ်ရိက္ခာဌာနတွေနဲ့ ရိုဟင်ဂျာယဥ်‌ကျေးမှု ဌာနတို့နဲ့လည်း အမြင်ဖလှယ်ခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အီးယူ သအမတ်ကြီး ချားလ်စ် ဝှိုက်လေ (Charles Whiteley) က ပြောပါတယ်။

မစ္စ် ပါအိုလား ပမ်ပလိုနီ (Paola Pampaloni) ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အလုပ်သမားရေးရာ ကဏ္ဍမှာ တိုးတက်မှုရှိအောင် ပါဝင်ပတ်သက်ကြသူတွေနဲ့ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဥရောပစျေးကွက်မှာ GSP+ အဆင့်ရရှိဖို့လျှောက်ထားပြီး ကော်မရှင်က လျှောက်ထားချက်ကို စဥ်းစားတဲ့အခါ ဘင်္ဂလားဒေ့ရှ်ရဲ့ အလုပ်သမားဥပဒေတွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ကိုက်ညီဖို့ အဓိကကျကြောင်း အီးယူသံအမတ်ကြီးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG