သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီအကြမ်းဖက်မှု ဆက်လုပ်နေရင် EU ပိုမိုတင်းကျပ်စွာ အရေးယူမည်


(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ အကြမ်းဖက်မှု၊ လူ့အခွင့်ရေးချိုးဖေါက်မှု ကျူးလွန်သူတွေ အပြည့်အဝ တာဝန်ခံမှုရှိဖို့ EU ဥရောပသမဂ္ဂက စစ်တပ်အာဏာသိမ်းတာ တနှစ်ပြည့် မှာ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း အတင်းအဓမ္မ ဖမ်းဆီးထားသူတွေကို ခြွင်းချက် မရှိ ချက်ချင်းလွှတ်ပေးဖို့ နဲ့အရွေးကောက်ခံ ခေါင်းဆောင်တွေဆီ အာဏာပြန်အပ်နှံဖို့လည်း ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် စစ်ရေးတိုက်ခိုက်မှု အားလုံးနဲ့ မတန်တဆ စစ်အင်အားသုံးတာတွေ ချက်ချင်းရပ်ပစ်ဖို့နဲ့ နိုင်ငံတော် အရေးပေါ် ကြေညာထားတာတွေကို ချက်ချင်း ဖယ်ရှားဖို့လည်း ထပ်မံတောင်းဆိုထားပါတယ်။

နိုင်ငံတလွှားက နေရပ်စွန့်ခွါ ထွက်ပြေးနေရသူတွေ၊ အကူညီလိုအပ်နေသူတွေကို လူသားစာနာမှု အကူညီရေး အမြန်ရအောင် စစ်တပ် အာဏာပိုင်တွေက လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားတာပါ။

မြန်မာ့အရေး အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို EU က ထောက်ခံသလို အထူးသဖြင့် သက်ဆိုင်ရာ အင်အားစုတွေ ဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ တိုင်းရင်းသား အဖွဲ့အားလုံး ပါဝင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ကို ဒီပါဝင်ပတ်သက်သူတွေ အားလုံးနဲ့ တွေ့ခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်တပ်တာဝန်ရှိသူတွေ၊ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေ၊ လုပ်ငန်းတွေ အပေါ် EU က အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့သလို တိုးတက်မှု မတွေရရင် ပိုမိုတင်းကြပ်တဲ့ အရေးယူမှုတွေ ချဖို့ အသင့်ရှိကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)







XS
SM
MD
LG