{{Zawgyi/Unicode}}
အာဏာသိမ်း မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးတွေ တနလာင်္နေ့က သဘောတူခဲ့ပြီး မြန်မာအစိုးရ အတွက် ငွေကြေးထောက်ပံ့မှုတွေကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း အခြေအနေတွေ ပြေလည်စေရေးအတွက် သံတမန်ရေး နည်းလမ်းအားလုံးသုံးပြီး ဆောင်ရွက်မှာ ဖြစ်ပြီး ဒီလို ကြိုးပမ်းဆောင်ရွက်မှု မအောင်မြင်ရင်တော့ စစ်တပ်အာဏာပိုင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မယ်လို့ ဂျာမနီ နိုင်ငံခြားရေး ၀န်ကြီး Heiko Maas ကလည်း ပြောဆိုသွားပါတယ်။
..............................................
{{Unicode}}
အာဏာသိမ်း မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေး ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေ တနလာၤနေ့က သဘောတူခဲ့ပြီး မြန်မာအစိုးရ အတွက် ငွေကြေးထောက်ပံ့မှုတွေကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲက ပြောပါတယ်။
အာဏာသိမ်းမှုမှာ စစ်တပ်ဘက်က တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ စီးပွားရေး အကျိုးအမြတ်တွေကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူရေး အတွက် နိုင်ငံရေး အရ သဘောတူညီချက် ရရှိခဲ့ကြောင်း၊ မြန်မာ အစိုးရ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ အတွက် EU ရဲ့ တိုက်ရိုက် ငွေကြေး ထောက်ပံ့မှု အားလုံးကိုလည်း ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း EU နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrell က ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံတွင်း အခြေအနေတွေ ပြေလည်စေရေးအတွက် သံတမန်ရေး နည်းလမ်းအားလုံးသုံးပြီး ဆောင်ရွက်မှာ ဖြစ်ပြီး ဒီလို ကြိုးပမ်းဆောင်ရွက်မှု မအောင်မြင်ရင်တော့ စစ်တပ်အာဏာပိုင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မယ်လု့ိ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး Heiko Maas ကလည်း ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံကို ပေးအပ်ထားတဲ့ အထူးကုန်သွယ်ခွင့် အခွင့်အရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို EU က ပြန်လည် သုံးသပ်နေတယ်လို့ တနလာၤနေ့ ဆွေးနွေးပွဲ အပြီး ထုတ်တဲ့ EU နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ နောက် အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို ဒဏ်ခတ် အရေးယူဖို့လည်း အဆင်သင့်ရှိကြောင်း ပြောဆိုထားပါတယ်။