သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် နဲ့ ဥရောပသမဂ္ဂ ဆက်ဆံရေးပြန်ပြင်ဖို့ သဘောတူ


ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကုလသမဂ္ဂမှာမိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၄)
ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကုလသမဂ္ဂမှာမိန့်ခွန်းပြောနေစဉ် (စက်တင်ဘာ ၂၆၊ ၂၀၂၄)

အီးယူ-ဥရောပသမဂ္ဂကနေခွဲထွက်ခဲ့တဲ့ဗြိတိန်နဲ့ အီးယူတို့ကြား လုံခြုံရေးနဲ့စီးပွါးရေးဆိုင်ရာစိန်ခေါ်မှုလို ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားနေချိန်မှာပဲ ဗြိတိန်ဝန်ကြီးချုပ်သစ် Keir Starmer နဲ့ ဥရောပကော်မရှင်အကြီးအကဲ Ursula von der Leyen တို့ တွေ့ဆုံပြီး နှစ်ဘက်ဆက်ဆံရေး တဖြေးဖြေး ပြန်လည်ညှိနှိုင်းဖို့ ဗုဒ္ဓဟူးနေ့မှာ သဘောတူခဲ့ကြပါတယ်။

ဇူလိုင်လရွေးကောက်ပွဲမှာ အနိုင်ရတဲ့ လေဘာပါတီက Starmer ကတော့ သူ့အစိုးရအနေနဲ့ ၂၀၂၀ မှာ အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ Brexit သဘောတူညီချက်နဲ့ပတ်သက်ပြီး ညှိနှိုင်းဖို့လုပ်မှာ မဟုတ်ပေမယ့် ကဏ္ဍမျိုးစုံမှာ ဆက်သွယ်ဆောင်ရွက်ဖို့လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ အီးယူကလည်း ဗြိတိန်လိုပဲ လုံခြုံရေးဆိုင်ရာပူးတွဲဆောင်ရွက်မယ့် သဘောတူညီချက်ရချင်တဲ့ ဆန္ဒတူညီကြောင်းပြောပေမယ့် ကုန်စည်စီးဆင်းမှုနဲ့ ဒေသခံတွေ ကူးလူးဆက်ဆံမှုမှာ အတားအဆီးတွေရှိနေတာနဲ့ ပတ်သက်ပြီးဆွေးနွေးပါတယ်။

ညှိနှိုင်းဆွေးနွေးမှုတွေမှာ စိန်ခေါ်မှုတွေရှိနိုင်တာကိုသိထားပေမယ့် ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးတာထက် ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်ဖို့ ၂ ဘက် လက်တွဲလုပ်နိုင်မယ့် နည်းလမ်းရှာကြမှာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ EU-UK ခေါင်းဆောင်ပိုင်း ထိပ်သီးစည်းဝေးပွဲကို ပုံမှန်ကျင်းပဖို့နဲ့ ၂၀၂၅ မှာ ပထမဆုံးနှစ်ဘက် ထိပ်သီး အစည်းဝေး ကျင်းပဖို့ သဘောတူခဲ့ကြပါတယ်။

ဗြိတိန် နဲ့ ဥရောပသမဂ္ဂ ဆက်ဆံရေးပြန်ပြင်ဖို့ သဘောတူ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG