သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

EU က ႏုတ္ထြက္ၿပီးေနာက္ ၿဗိတိန္ႀကံဳေနရတဲ႔ လတ္တေလာ အခက္အခဲ


Scotland ႏိုင္ငံမွ ၀င္လာေသာ ပင္လယ္စာသည္ ကုန္ကားမ်ား

(Zawgyi/Unicode)

ဥေရာပ သမဂၢရဲ႕ ျပင္ပမွာ စီးပြားေရး အခြင့္အလမ္းေတြ ေပၚလာမယ္လို႔ EU ကေန ၿဗိတိန္ ႏုတ္ထြက္ေရး ေထာက္ခံသူေတြက ေျပာခဲ႔ၾကတာပါ။ ဒါေပမယ့္လည္း ၂၀၂၀ အကုန္မွာ ဥေရာပ သမဂၢထဲကေန ၿဗိတိန္ အၿပီးသတ္ ႏုတ္ထြက္ခဲ႔ၿပီးေနာက္ သီတင္း ၄ ပတ္ရွိလာခ်ိန္မွာေတာ့ ကုန္က်စာရိတ္ ပိုမ်ားလာၿပီး အခက္အခဲေတြနဲ႔လည္း ရင္ဆိုင္ေနရတယ္လို႔ စီးပြားေရး လုပ္ငန္းေတြက ေျပာဆိုၾကပါတယ္။ လန္ဒန္ကေန Henry Ridgwell ေပးပို႔တဲ႔ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။

ၿပီးခဲ႔တဲ႔ ဒီဇင္ဘာလ Brexit သေဘာတူညီခ်က္မွာ ငါးလုပ္ငန္း အေရးက ထဲထဲ၀င္၀င္ အေရးပါခဲ႔ပါတယ္။ သေဘာတူညီခ်က္ အရ ဥေရာပ ငါးဖမ္းသေဘာၤေတြရဲ႕ ၄ ပံုတပံု ၿဗိတိန္ ေရပိုင္နက္ အတြင္း ငါးဖမ္းခြင့္ကို လာမယ့္ ၅ ႏွစ္ အတြင္း ၿဗိတိန္ ငါးဖမ္းသေဘာၤေတြကို လႊဲေျပာင္းေပးရမွာပါ။

အဂၤလန္ေတာင္ပိုင္း Cornwall က ငါးဖမ္းသမား Phil Mitchell ကေတာ့ သိပ္ၿပီး သေဘာမက်ပါဘူးတဲ႔၊ ၀န္ႀကီးခ်ဳပ္ Boris Johnson က ၿဗိတိန္ ေရပိုင္နက္ကို အျပည့္အ၀ ထိန္းခ်ဳပ္ႏုိင္မယ္လို႔ ကတိေပးခဲ႔တာလို႔ သူက ေျပာပါတယ္။

“Brexit မတိုင္ခင္ကထက္ ပိုဆိုးလာပါတယ္။ အားလံုးက ေရးသား ျပဌာန္းထားၿပီးသားဆိုေတာ့ ျပန္ယူဖို႔လည္း မျဖစ္ႏုိင္ပါဘူး။ ဒါက အတုအေယာင္ပါ။ Boris သစၥာေဖာက္က က်ေနာ္တို႔ကို သစၥာေဖာက္သြားတာပါ။”

ၿဗိတိန္ ငါးဖမ္းသေဘာၤေတြက ဖမ္းမိတဲ႔ ငါးရဲ႕ ထက္၀က္ေလာက္က ဥေရာပ သမဂၢကုိ တင္ပို႔တာျဖစ္ၿပီး ၂၀၁၉ မွာ ေဒၚလာ သန္း ၁၈၀၀ ေက်ာ္ခဲ႔ပါတယ္။ ဒါေပမယ့္ EU ကေန ၿဗိတိန္ ႏုတ္ထြက္ၿပီး ေနာက္မွာေတာ့ နယ္စပ္ စစ္ေဆးေရး၊ စာရြက္စာတမ္းကိစၥ၊ ေစာင့္ဆိုင္းရမႈေတြနဲ႔ ကုန္က်စာရိတ္ေတြ ရွိလာပါတယ္။ ပို႔ကုန္ လုပ္ငန္း တခ်ိဳ႕လည္း ဒီလ အတြင္း လႊတ္ေတာ္အျပင္မွာ ဆႏၵျပၾကပါတယ္။ AM Shellfish ရဲ႕ပိုင္ရွင္ Allan Miller က အခုလို ေျပာပါတယ္။

“ပင္လယ္စာ အရွင္ေတြမွာ ေနာက္ဆံုးထား ေရာင္းရမယ့္ရက္ သတ္မွတ္ခ်က္ ရွိပါတယ္။ အရွင္ဘဲ ျဖစ္ျဖစ္ အေသဘဲ ျဖစ္ျဖစ္ပါ။ ဒီစီးပြားေရး လုပ္ငန္းေတြ အတြက္ အစိုးရဘက္က တခုခု ထိထိေရာက္ေရာက္ လုပ္မေပးဘူးဆိုရင္ ဒီလုပ္ငန္းေတြ မရပ္တည္ႏုိင္ေတာ့ပါဘူး။”

ျပသနာေတြ ေဆြးေႏြးေျဖရွင္းႏုိင္မယ္လို႔ အစိုးရဘက္ကေတာ့ ခုခံ ေျပာဆိုေနပါတယ္။ ၿဗိတိန္ ၀န္ႀကီးခ်ဳပ္ Boris Johnson က

“ကနဦး ႀကံဳရတဲ႔ အခက္အခဲေတြပါ။ စာရြက္စာတမ္းေတြ မမွန္တာမ်ိဳး လည္မႈလြဲေနတာမ်ိဳးပါ။ ဒါကလည္း လူေတြရဲ႕ အမွားမဟုတ္ပါဘူး။ က်ေနာ္တို႔ အေနနဲ႔ နစ္နာေၾကးေပး ကူညီမွာ ျဖစ္သလို ဒီလို ေဆာင္ရြက္ဖို႔ ရန္ပံုေငြလည္း ရွိထားပါၿပီ။ UK ရဲ႕ အံ႔မခန္းတဲ႔ ပင္လယ္ေရေၾကာင္း ဆိုင္ရာ ၾကြယ္၀မႈကေန အက်ိဳးအျမတ္ေတြ ရယူဖို႔ UK တခုလံုးက ငါးဖမ္းသမားေတြ အတြက္ မဟာ အခြင့္အလမ္းႀကီးေတြ ရွိတယ္ဆိုတာကိုလည္း သံသယ မရွိပါဘူး။”

ဒါေပမယ့္ ငါးလုပ္ငန္း တခုတည္း စမ္းတ၀ါး၀ါး ျဖစ္ေနတာ မဟုတ္ပါဘူး။ တျခား လုပ္ငန္းေတြမွာလည္း အခက္ေတြ႔ေနပါတယ္။ အခြန္ စည္းမ်ဥ္းသစ္ေၾကာင့္ ဥေရာပ လက္လီအေရာင္းသမားေတြက ၿဗိတိန္ ေဖာက္သည္ေတြကို အေရာင္းရပ္သြားေစသလို သေဘာၤ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြလည္း ေရလက္ၾကားကို ျဖတ္သန္း ပို႔ေဆာင္ေရး ရပ္ဆိုင္းထားပါတယ္။ Edward Velasco က Rodanto ရဲ႕ သြင္းကုန္မန္ေနဂ်ာ ျဖစ္ပါတယ္။

“လုပ္ငန္းမလည္ပတ္ရင္ သူတုိ႔လည္း ေငြေၾကးဆံုးရံႈးပါတယ္။ က်ေနာ္တို႔လည္း ထိခိုက္ပါတယ္။”

ၿဗိတိန္ ျပည္မႀကီးကေန ကုန္စည္ သယ္ယူမႈမွာ အပို ကုန္က်စာရိတ္ေတြနဲ႔ Northern Ireland က ဆူပါမတ္ကက္ႀကီးေတြ ရင္ဆိုင္ေနရပါၿပီ။ ဒါက အစပိုင္းမွာမို႔ ႀကံဳေနရတဲ႔ ျပသနာလား ဒါမွမဟုတ္လည္း EU ကေန ၿဗိတိန္ ႏုတ္ထြက္မႈ ဆံုးျဖတ္ခ်က္ေၾကာင့္ ျဖစ္လာရတဲ႔ အက်ိဳးဆက္ေတြပါလား။ သံုးသပ္သူ Rem Korteweg ကေတာ့ လုပ္ငန္းက႑ အေပၚမွာ မူတည္တယ္လို႔ ဆိုပါတယ္။

“ကုန္စည္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြ အခု ရင္ဆိုင္ေနရတဲ႔ ေမးခြန္းေတြက ကြန္တိန္နာထဲမွာ ပါတဲ႔ ဖိနပ္ဘူး ဒါမွမဟုတ္လည္း ပစၥည္းေသတၱာ အားလံုးကို ပံုစံျဖည့္ရမွာလား ဆိုတာကေတာ့ ရွင္းရတာ လြယ္ႏုိ္င္ပါတယ္။ အစပိုင္းမို႔ ႀကံဳရတဲ႔ ျပသနာေတြလို႔ က်ေနာ္ မယူဆဘဲ ပိုၿပီး ပံုစံတက် ရွိေနတဲ႔ ကိစၥေတြဆိုရင္ေတာ့ က်န္းမာေရးနဲ႔ ေဘးကင္းလံၿခံဳေရး၊ အစားအေသာက္နဲ႔ ေဘးကင္းလံုၿခံဳမႈ စစ္ေဆးမႈေတြ၊ ငါးတင္ပို႔မႈ ကိစၥေတြပါ။ ဒါေတြက တခုတည္းေသာ ေစ်းကြက္ေန ထြက္တာရဲ႕ အက်ိဳးဆက္ျဖစ္ပါတယ္။”

EU ကေန ၿဗိတိန္ႏုတ္ထြက္မႈေၾကာင့္ EU ရဲ႕ ျပင္ပမွာ စီးပြားေရး အခြင့္အလမ္းေတြ ရွိလာမယ္လို႔ ၿဗိတိန္ဘက္က ေျပာဆိုေနတာပါ။ ဂ်ပန္ Nissan ကားထုတ္လုပ္ေရး လုပ္ငနး္က ၿဗိတိန္မွာ ကားတပ္ဆင္ ထုတ္လုပ္မႈ ဆက္ထားဖို႔ ၊ လွ်ပ္စစ္ ကားေတြ အတြက္ ဘက္ထရီ စက္ရံုသစ္ တခု တည္ေဆာက္ေရး ေဒၚလာ သန္းခ်ီ ရင္းႏွီးျမွဳပ္ႏွံဖို႔ ကတိျပဳလိုက္တာဟာဆိုရင္ Brexit မဟာဗ်ဴဟာအရ ဒီသီတင္းပတ္ အတြင္း တိုးတက္မႈ တခု ရခဲ႔တာပါ။ ဒါေပမယ့္လည္း ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေဘး ကာလ အတြင္း တျခား စီးပြားေရး လုပ္ငန္းေတြ ရုန္းကန္ေနရတဲ႔ အတြက္ အခုအခ်ိန္ထိေတာ့ Brexit ေၾကာင့္ ရတဲ႔ အက်ိဳးေက်းဇူးက နည္းေနေသးၿပီး ဆံုးရံႈးမႈက ပိုမ်ားေနပါတယ္။

...............

EU က နုတ်ထွက်ပြီးနောက် ဗြိတိန်ကြုံနေရတဲ့ လတ်တလော အခက်အခဲ

(Unicode)

ဥရောပ သမဂ္ဂရဲ့ ပြင်ပမှာ စီးပွားရေး အခွင့်အလမ်းတွေ ပေါ်လာမယ်လို့ EU ကနေ ဗြိတိန် နုတ်ထွက်ရေး ထောက်ခံသူတွေက ပြောခဲ့ကြတာပါ။ ဒါပေမယ့်လည်း ၂၀၂၀ အကုန်မှာ ဥရောပ သမဂ္ဂထဲကနေ ဗြိတိန် အပြီးသတ် နုတ်ထွက်ခဲ့ပြီးနောက် သီတင်း ၄ ပတ်ရှိလာချိန်မှာတော့ ကုန်ကျစာရိတ် ပိုများလာပြီး အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ စီးပွားရေး လုပ်ငန်းတွေက ပြောဆိုကြပါတယ်။ လန်ဒန်ကနေ Henry Ridgwell ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ Brexit သဘောတူညီချက်မှာ ငါးလုပ်ငန်း အရေးက ထဲထဲဝင်ဝင် အရေးပါခဲ့ပါတယ်။ သဘောတူညီချက် အရ ဥရောပ ငါးဖမ်းသဘောၤတွေရဲ့ ၄ ပုံတပုံ ဗြိတိန် ရေပိုင်နက် အတွင်း ငါးဖမ်းခွင့်ကို လာမယ့် ၅ နှစ် အတွင်း ဗြိတိန် ငါးဖမ်းသဘောၤတွေကို လွှဲပြောင်းပေးရမှာပါ။

အင်္ဂလန်တောင်ပိုင်း Cornwall က ငါးဖမ်းသမား Phil Mitchell ကတော့ သိပ်ပြီး သဘောမကျပါဘူးတဲ့၊ ဝန်ကြီးချုပ် Boris Johnson က ဗြိတိန် ရေပိုင်နက်ကို အပြည့်အ၀ ထိန်းချုပ်နိုင်မယ်လို့ ကတိပေးခဲ့တာလို့ သူက ပြောပါတယ်။

“Brexit မတိုင်ခင်ကထက် ပိုဆိုးလာပါတယ်။ အားလုံးက ရေးသား ပြဌာန်းထားပြီးသားဆိုတော့ ပြန်ယူဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါက အတုအယောင်ပါ။ Boris သစ္စာဖောက်က ကျနော်တို့ကို သစ္စာဖောက်သွားတာပါ။”

ဗြိတိန် ငါးဖမ်းသဘောၤတွေက ဖမ်းမိတဲ့ ငါးရဲ့ ထက်ဝက်လောက်က ဥရောပ သမဂ္ဂကို တင်ပို့တာဖြစ်ပြီး ၂၀၁၉ မှာ ဒေါ်လာ သန်း ၁၈၀၀ ကျော်ခဲ့ပါတယ်။ ဒါပေမယ့် EU ကနေ ဗြိတိန် နုတ်ထွက်ပြီး နောက်မှာတော့ နယ်စပ် စစ်ဆေးရေး၊ စာရွက်စာတမ်းကိစ္စ၊ စောင့်ဆိုင်းရမှုတွေနဲ့ ကုန်ကျစာရိတ်တွေ ရှိလာပါတယ်။ ပို့ကုန် လုပ်ငန်း တချို့လည်း ဒီလ အတွင်း လွှတ်တော်အပြင်မှာ ဆန္ဒပြကြပါတယ်။ AM Shellfish ရဲ့ပိုင်ရှင် Allan Miller က အခုလို ပြောပါတယ်။

“ပင်လယ်စာ အရှင်တွေမှာ နောက်ဆုံးထား ရောင်းရမယ့်ရက် သတ်မှတ်ချက် ရှိပါတယ်။ အရှင်ဘဲ ဖြစ်ဖြစ် အသေဘဲ ဖြစ်ဖြစ်ပါ။ ဒီစီးပွားရေး လုပ်ငန်းတွေ အတွက် အစိုးရဘက်က တခုခု ထိထိရောက်ရောက် လုပ်မပေးဘူးဆိုရင် ဒီလုပ်ငန်းတွေ မရပ်တည်နိုင်တော့ပါဘူး။”

ပြသနာတွေ ဆွေးနွေးဖြေရှင်းနိုင်မယ်လို့ အစိုးရဘက်ကတော့ ခုခံ ပြောဆိုနေပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က

“ကနဦး ကြုံရတဲ့ အခက်အခဲတွေပါ။ စာရွက်စာတမ်းတွေ မမှန်တာမျိုး လည်မှုလွဲနေတာမျိုးပါ။ ဒါကလည်း လူတွေရဲ့ အမှားမဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ နစ်နာကြေးပေး ကူညီမှာ ဖြစ်သလို ဒီလို ဆောင်ရွက်ဖို့ ရန်ပုံငွေလည်း ရှိထားပါပြီ။ UK ရဲ့ အံ့မခန်းတဲ့ ပင်လယ်ရေကြောင်း ဆိုင်ရာ ကြွယ်ဝမှုကနေ အကျိုးအမြတ်တွေ ရယူဖို့ UK တခုလုံးက ငါးဖမ်းသမားတွေ အတွက် မဟာ အခွင့်အလမ်းကြီးတွေ ရှိတယ်ဆိုတာကိုလည်း သံသယ မရှိပါဘူး။”

ဒါပေမယ့် ငါးလုပ်ငန်း တခုတည်း စမ်းတဝါးဝါး ဖြစ်နေတာ မဟုတ်ပါဘူး။ တခြား လုပ်ငန်းတွေမှာလည်း အခက်တွေ့နေပါတယ်။ အခွန် စည်းမျဉ်းသစ်ကြောင့် ဥရောပ လက်လီအရောင်းသမားတွေက ဗြိတိန် ဖောက်သည်တွေကို အရောင်းရပ်သွားစေသလို သဘောၤ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ရေလက်ကြားကို ဖြတ်သန်း ပို့ဆောင်ရေး ရပ်ဆိုင်းထားပါတယ်။ Edward Velasco က Rodanto ရဲ့ သွင်းကုန်မန်နေဂျာ ဖြစ်ပါတယ်။

“လုပ်ငန်းမလည်ပတ်ရင် သူတို့လည်း ငွေကြေးဆုံးရှုံးပါတယ်။ ကျနော်တို့လည်း ထိခိုက်ပါတယ်။”

ဗြိတိန် ပြည်မကြီးကနေ ကုန်စည် သယ်ယူမှုမှာ အပို ကုန်ကျစာရိတ်တွေနဲ့ Northern Ireland က ဆူပါမတ်ကက်ကြီးတွေ ရင်ဆိုင်နေရပါပြီ။ ဒါက အစပိုင်းမှာမို့ ကြုံနေရတဲ့ ပြသနာလား ဒါမှမဟုတ်လည်း EU ကနေ ဗြိတိန် နုတ်ထွက်မှု ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာရတဲ့ အကျိုးဆက်တွေပါလား။ သုံးသပ်သူ Rem Korteweg ကတော့ လုပ်ငန်းကဏ္ဍ အပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။

“ကုန်စည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အခု ရင်ဆိုင်နေရတဲ့ မေးခွန်းတွေက ကွန်တိန်နာထဲမှာ ပါတဲ့ ဖိနပ်ဘူး ဒါမှမဟုတ်လည်း ပစ္စည်းသေတ္တာ အားလုံးကို ပုံစံဖြည့်ရမှာလား ဆိုတာကတော့ ရှင်းရတာ လွယ်နိုင်ပါတယ်။ အစပိုင်းမို့ ကြုံရတဲ့ ပြသနာတွေလို့ ကျနော် မယူဆဘဲ ပိုပြီး ပုံစံတကျ ရှိနေတဲ့ ကိစ္စတွေဆိုရင်တော့ ကျန်းမာရေးနဲ့ ဘေးကင်းလံခြုံရေး၊ အစားအသောက်နဲ့ ဘေးကင်းလုံခြုံမှု စစ်ဆေးမှုတွေ၊ ငါးတင်ပို့မှု ကိစ္စတွေပါ။ ဒါတွေက တခုတည်းသော ဈေးကွက်နေ ထွက်တာရဲ့ အကျိုးဆက်ဖြစ်ပါတယ်။”

EU ကနေ ဗြိတိန်နုတ်ထွက်မှုကြောင့် EU ရဲ့ ပြင်ပမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှိလာမယ်လို့ ဗြိတိန်ဘက်က ပြောဆိုနေတာပါ။ ဂျပန် Nissan ကားထုတ်လုပ်ရေး လုပ်ငန်းက ဗြိတိန်မှာ ကားတပ်ဆင် ထုတ်လုပ်မှု ဆက်ထားဖို့ ၊ လျှပ်စစ် ကားတွေ အတွက် ဘက်ထရီ စက်ရုံသစ် တခု တည်ဆောက်ရေး ဒေါ်လာ သန်းချီ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုလိုက်တာဟာဆိုရင် Brexit မဟာဗျူဟာအရ ဒီသီတင်းပတ် အတွင်း တိုးတက်မှု တခု ရခဲ့တာပါ။ ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ကာလ အတွင်း တခြား စီးပွားရေး လုပ်ငန်းတွေ ရုန်းကန်နေရတဲ့ အတွက် အခုအချိန်ထိတော့ Brexit ကြောင့် ရတဲ့ အကျိုးကျေးဇူးက နည်းနေသေးပြီး ဆုံးရှုံးမှုက ပိုများနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG