သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ဗီယက္နမ္လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈကုိ အီးယူ ျပစ္တင္ရႈတ္ခ်


ဗီယက္နမ္ blogger Nguyen Huu Vinh လြတ္ေျမာက္ေရးဆုေတာင္းပြဲ (ဓာတ္ပံု Reuters)

(Zawgyi/Unicode)
ဗီယက္နမ္နိုင္ငံက လႈပ္ရွားတက္ႂကြသူေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ အေရးယူမႈေတြ ျပဳလုပ္ေနတဲ့ အေပၚ ျပစ္တင္ ရႈတ္ခ်တဲ့ ဆုံးျဖတ္ခ်က္တရပ္ကို ဥေရာပ သမဂၢ (EU) က ၾကာသပေတးေန႔က မဲခြဲ ဆုံးျဖတ္ အတည္ျပဳခဲ့ပါတယ္။

အဲဒီ ဆုံးျဖတ္ခ်က္ကို ဥေရာပ ပါလီမန္မွာ ေထာက္ခံမဲ ၅၉၂ မဲ၊ ကန္႔ကြက္မဲ ၃၂၊ ၾကားေနမဲ ၅၈ မဲနဲ႔ အတည္ျပဳခဲ့တာပါ။ အဲဒီ ဆုံးျဖတ္ခ်က္မွာ ဗီယက္နမ္ နိုင္ငံ အေပၚ ပိုၿပီး သေဘာထားတင္းမာတဲ့ ရပ္တည္ခ်က္ ထားရွိေရးနဲ႔ ဗီယက္နမ္နဲ႔ ကုန္သြယ္ေရး ကိစၥေတြမွာ လူ႔အခြင့္အေရးကို ဆက္စပ္ထားရွိေရး အေလးေပး တိုက္တြန္း ထားပါတယ္။

EU ရဲ့သတင္းထုတ္ျပန္ခ်က္ထဲမွာေတာ့ ဗီယက္နမ္ နိုင္ငံအတြင္း လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ မ်ားျပားလာတာနဲ႔အစိုးရဆန္႔က်င္ သူေတြကို ျပင္းျပင္းထန္ထန္ ႏွိပ္ကြပ္ေနတဲ့အေပၚ ဥေရာပ ပါလီမန္ အမတ္ေတြက ျပစ္တင္ ရႈတ္ခ်ေၾကာင္း ေဖာ္ျပထားပါတယ္။

လူ႔အခြင့္အေရးကို ေလးစားလိုက္နာတာက EU နဲ႔ ဗီယက္နမ္ ဆက္ဆံေရးမွာ အေျခခံ အုတ္ျမစ္တစ္ခုျဖစ္ၿပီး ႏွစ္ဘက္ ခ်ဳပ္ဆိုထားတဲ့ လြတ္လပ္စြာ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္အထဲ မျဖစ္မေန ပါဝင္ရမယ့္ အခ်က္ျဖစ္တယ္လို႔လည္း EU က ေျပာပါတယ္။

ဗီယက္နမ္နိုင္ငံျခားေရး ဝန္ႀကီးဌာနကေတာ့ နိုင္ငံထဲ အေျခခံ ဥပေဒေအာက္မွာ လူ႔အခြင့္အေရးနဲ႔ လြတ္လပ္စြာ ေျပာဆိုမႈကိစၥေတြနဲ႔ အဖမ္းခံရတာ ဘယ္သူမွ မရွိဘူးလို႔ တုန္႔ျပန္ ေျပာဆိုထားပါတယ္။

ေနာက္သီတင္းပတ္ထဲ ဗီယက္နမ္ကြန္ျမဴနစ္ပါတီက ၁၃ ႀကိမ္ေျမာက္ အမ်ိဳးသားကြန္ဂရက္ကို က်င္းပေတာ့မွာပါ။ အဲဒီအစည္း အေဝး မွာ ေနာက္လာမယ့္ ၅ ႏွစ္အတြက္ မူဝါဒေတြနဲ႔ ေခါင္းေဆာင္ေတြကို ေရြးခ်ယ္ ခ်မွတ္သြားဖို႔ ရွိပါတယ္။

လက္ရွိ ဗီယက္နမ္ ေခါင္းေဆာင္ေတြေအာက္မွာ အခြင့္အေရးလႈပ္ရွားသူေတြကိုပိုၿပီးဖိႏွိပ္ခ်ဳပ္ခ်ယ္ မႈေတြ ျပဳလုပ္လာေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြကေတာ့ စြပ္စြဲထားပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္က ဗီယက္နမ္ အမ်ိဳးသား ကြန္ဂရက္ က်င္းပခ်ိန္က စလို႔ လူေပါင္း ၂၈၀ အစိုးရ ဆန္႔က်င္မႈနဲ႔ အဖမ္းခံရၿပီး အဲဒီအထဲ လူ ၂၆၀ ျပစ္ဒဏ္ခ်မွတ္ခံရသလို လူအမ်ားအျပား ေထာင္ဒဏ္ ၁၀ ႏွစ္ေက်ာ္အထိ ျပစ္ဒဏ္ခ်ခံရတယ္လို႔ Reuters သတင္းက ေျပာပါတယ္။

.....................................................................

တိုက္႐ိုက္ လင့္ခ္


ဗီယက်နမ်လူ့အခွင့်အရေးချိုးဖောက်မှုကို အီးယူ ပြစ်တင်ရှုတ်ချ

(Unicode)

ဗီယက်နမ်နိုင်ငံက လှုပ်ရှားတက်ကြွသူတွေကို ဖိနှိပ်ချုပ်ချယ် အရေးယူမှုတွေ ပြုလုပ်နေတဲ့ အပေါ် ပြစ်တင် ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဥရောပ သမဂ္ဂ (EU) က ကြာသပတေးနေ့က မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို ဥရောပ ပါလီမန်မှာ ထောက်ခံမဲ ၅၉၂ မဲ၊ ကန့်ကွက်မဲ ၃၂၊ ကြားနေမဲ ၅၈ မဲနဲ့ အတည်ပြုခဲ့တာပါ။ အဲဒီ ဆုံးဖြတ်ချက်မှာ ဗီယက်နမ် နိုင်ငံ အပေါ် ပိုပြီး သဘောထားတင်းမာတဲ့ ရပ်တည်ချက် ထားရှိရေးနဲ့ ဗီယက်နမ်နဲ့ ကုန်သွယ်ရေး ကိစ္စတွေမှာ လူ့အခွင့်အရေးကို ဆက်စပ်ထားရှိရေး အလေးပေး တိုက်တွန်း ထားပါတယ်။

EU ရဲ့သတင်းထုတ်ပြန်ချက်ထဲမှာတော့ ဗီယက်နမ် နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားလာတာနဲ့အစိုးရဆန့်ကျင် သူတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေတဲ့အပေါ် ဥရောပ ပါလီမန် အမတ်တွေက ပြစ်တင် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာတာက EU နဲ့ ဗီယက်နမ် ဆက်ဆံရေးမှာ အခြေခံ အုတ်မြစ်တစ်ခုဖြစ်ပြီး နှစ်ဘက် ချုပ်ဆိုထားတဲ့ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်အထဲ မဖြစ်မနေ ပါဝင်ရမယ့် အချက်ဖြစ်တယ်လို့လည်း EU က ပြောပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နိုင်ငံထဲ အခြေခံ ဥပဒေအောက်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပြောဆိုမှုကိစ္စတွေနဲ့ အဖမ်းခံရတာ ဘယ်သူမှ မရှိဘူးလို့ တုန့်ပြန် ပြောဆိုထားပါတယ်။

နောက်သီတင်းပတ်ထဲ ဗီယက်နမ်ကွန်မြူနစ်ပါတီက ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက်ကို ကျင်းပတော့မှာပါ။ အဲဒီအစည်း အဝေး မှာ နောက်လာမယ့် ၅ နှစ်အတွက် မူဝါဒတွေနဲ့ ခေါင်းဆောင်တွေကို ရွေးချယ် ချမှတ်သွားဖို့ ရှိပါတယ်။

လက်ရှိ ဗီယက်နမ် ခေါင်းဆောင်တွေအောက်မှာ အခွင့်အရေးလှုပ်ရှားသူတွေကိုပိုပြီးဖိနှိပ်ချုပ်ချယ် မှုတွေ ပြုလုပ်လာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ စွပ်စွဲထားပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က ဗီယက်နမ် အမျိုးသား ကွန်ဂရက် ကျင်းပချိန်က စလို့ လူပေါင်း ၂၈၀ အစိုးရ ဆန့်ကျင်မှုနဲ့ အဖမ်းခံရပြီး အဲဒီအထဲ လူ ၂၆၀ ပြစ်ဒဏ်ချမှတ်ခံရသလို လူအများအပြား ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ပြစ်ဒဏ်ချခံရတယ်လို့ Reuters သတင်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG