သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ႔ဒီမိုကေရစီကူးေျပာင္းေရး ဥေရာပ ဆက္လက္ေထာက္ခံမည္


(Zawgyi/Unicode)

ဥေရာပသမဂၢ နဲ႔ ျမန္မာႏိုင္ငံ ၆ ၾကိမ္ေျမာက္ လူ႔အခြင္႔အေရး ေဆြးေႏြးပြဲကို ေအာက္တိုဘာလ ၁၄ ရက္ေန႔က ဗီြဒီယိုကြန္ဖရင္႔ ျပဳလုပ္က်င္းပခဲ႔ပါတယ္။ ႏွစ္ဘက္အၾကား EBA ေခၚ စစ္လက္နက္မွတပါး ဘက္စံုထိေတြ႔ဆက္ဆံေရး အရွိန္ျမွင္႔လုပ္ေဆာင္ေနခ်ိန္မွာ အခုလို ေဆြးေႏြးပြဲ က်င္းပခဲ႔တာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကို ဦးစားေပးကုန္သြယ္ခြင္႔ေပးထားတဲ႔ အတိုင္း ယူရိုသန္းေပါင္း ၂ ေသာင္း ၇ ေထာင္ဖိုးရွိတဲ႔ ျမန္မာ႔ပို႔ကုန္ေတြကို ဥေရာပသမဂၢက ၂၀၁၉ ခုႏွစ္အတြင္း ၀ယ္ယူတင္သြင္းခဲ႔တာပါ။

အခုေဆြးေႏြးပြဲမွာ ရခိုင္၊ ကခ်င္၊ ရွမ္း ျပည္နယ္အေျခအေနေတြ အပါအ၀င္ စစ္ေဘးေရွာင္ေတြ စာနာမႈအေထာက္အပံ႔ရရွိႏိုင္ေရး နဲ႔ လူ႔အခြင္႔အေရး ခ်ိဳးေဖာက္မႈေတြရွိတယ္ဆိုတဲ႔ ကိစၥေတြအတြက္ တာ၀န္ရွိေစေရးကိုလဲ ေဆြးေႏြးခဲ႔ၾကတယ္လို႔ ႏွစ္ဘက္ပူးတြဲ ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။

အေျခခံရပိုင္ခြင္႔ လြတ္လပ္ခြင္႔ေတြ စီးပြားေရး အလုပ္သမားအေရး အမ်ိဳးသမီးအေရး စတာေတြ အျပင္ COVID-19 ကပ္ေရာဂါ တားဆီးတိုက္ဖ်က္ေရးတို႔ကိုပါ ဘက္စံုေဆြးေႏြးခဲၾကတယ္ လို႔လည္း ဆိုထာားပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး နဲ႔ အထူးသျဖင္႔ လာမယ့္ အေထြေထြေရြးေကာက္ပြဲ အျပင္ လူမႈ စီးပြားဖြ႔ံၿဖိဳးေရးနဲ႔တကြ ၿငိမ္းခ်မ္းေရး ျပန္လည္သင္႔ျမတ္ေရးတို႔ကို ဥေရာပသမဂၢ အေနနဲ႔ အခိုင္အမာေထာက္ခံေၾကာင္း ထပ္မံအတည္ျပဳထားပါတယ္။

အဓြန္႔ရွည္ခိုင္ၿမဲတဲ႔ ၿငိမ္းခ်မ္းေရးဆိုတာ တရားဥပေဒစိုးမိုးၿပီး အုပ္ခ်ုပ္ေရးစနစ္ေကာင္းမြန္မွ သာ ျဖစ္ထြန္းႏိုင္တယ္လို႔လဲ ျမန္မာ နဲ႔ ဥေရာပသမဂၢတို႔ သေဘာတူညီၾကတယ္လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံအေနနဲ႔ ကုလသမဂၢရဲ႕ သက္ဆိုင္ရာ ျပဌာန္းခ်က္ေတြနဲ႔ လုပ္ထံုးလုပ္နည္းေတြနဲ႔ အညီ ပူးေပါင္းေဆာင္ရြက္ေရး ဆက္လက္အားထုတ္သြားဖို႔ အေရးႀကီးေၾကာင္း ဥေရာပသမဂၢက အေလးထားေျပာဆိုခဲ႔ၿပီး ၇ ႀကိမ္ေျမာက္ အလားတူေဆြးေႏြးပြဲကို ၂၀၂၁ မွာက်င္းပဖို႕ သေဘာတူခဲ႔ၾကတယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီေဆြးေႏြးပြဲကို လူ႔အခြင္႔အေရးဆိုင္ရာ ဥေရာပအထူကိုယ္စားလွယ္ Mr. Eamon Gilmore နဲ႔ ျမန္မာႏိုင္ငံ ႏိုင္ငံတကာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီး ဦးေက်ာ္တင္တို႔ ပူးတြဲ သဘာပတိလုပ္ ခဲ႔ၾကတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာ့ဒီမိုကရေစီကူးပြောင်းရေး ဥရောပ ဆက်လက်ထောက်ခံမည်

(Unicode)

ဥရောပသမဂ္ဂ နဲ့ မြန်မာနိုင်ငံ ၆ ကြိမ်မြောက် လူ့အခွင့်အရေး ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၄ ရက်နေ့က ဗွီဒီယိုကွန်ဖရင့် ပြုလုပ်ကျင်းပခဲ့ပါတယ်။ နှစ်ဘက်အကြား EBA ခေါ် စစ်လက်နက်မှတပါး ဘက်စုံထိတွေ့ဆက်ဆံရေး အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာ အခုလို ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဦးစားပေးကုန်သွယ်ခွင့်ပေးထားတဲ့ အတိုင်း ယူရိုသန်းပေါင်း ၂ သောင်း ၇ ထောင်ဖိုးရှိတဲ့ မြန်မာ့ပို့ကုန်တွေကို ဥရောပသမဂ္ဂက ၂၀၁၉ ခုနှစ်အတွင်း ဝယ်ယူတင်သွင်းခဲ့တာပါ။

အခုဆွေးနွေးပွဲမှာ ရခိုင်၊ ကချင်၊ ရှမ်း ပြည်နယ်အခြေအနေတွေ အပါအဝင် စစ်ဘေးရှောင်တွေ စာနာမှုအထောက်အပံ့ရရှိနိုင်ရေး နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ ကိစ္စတွေအတွက် တာဝန်ရှိစေရေးကိုလဲ ဆွေးနွေးခဲ့ကြတယ်လို့ နှစ်ဘက်ပူးတွဲ ကြေညာချက်မှာဖော်ပြထားပါတယ်။

အခြေခံရပိုင်ခွင့် လွတ်လပ်ခွင့်တွေ စီးပွားရေး အလုပ်သမားအရေး အမျိုးသမီးအရေး စတာတွေ အပြင် COVID-19 ကပ်ရောဂါ တားဆီးတိုက်ဖျက်ရေးတို့ကိုပါ ဘက်စုံဆွေးနွေးခဲကြတယ် လို့လည်း ဆိုထာားပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နဲ့ အထူးသဖြင့် လာမယ့် အထွေထွေရွေးကောက်ပွဲ အပြင် လူမှု စီးပွားဖွံ့ဖြိုးရေးနဲ့တကွ ငြိမ်းချမ်းရေး ပြန်လည်သင့်မြတ်ရေးတို့ကို ဥရောပသမဂ္ဂ အနေနဲ့ အခိုင်အမာထောက်ခံကြောင်း ထပ်မံအတည်ပြုထားပါတယ်။

အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာ တရားဥပဒေစိုးမိုးပြီး အုပ်ချုပ်ရေးစနစ်ကောင်းမွန်မှ သာ ဖြစ်ထွန်းနိုင်တယ်လို့လဲ မြန်မာ နဲ့ ဥရောပသမဂ္ဂတို့ သဘောတူညီကြတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂရဲ့ သက်ဆိုင်ရာ ပြဌာန်းချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပူးပေါင်းဆောင်ရွက်ရေး ဆက်လက်အားထုတ်သွားဖို့ အရေးကြီးကြောင်း ဥရောပသမဂ္ဂက အလေးထားပြောဆိုခဲ့ပြီး ၇ ကြိမ်မြောက် အလားတူဆွေးနွေးပွဲကို ၂၀၂၁ မှာကျင်းပဖို့ သဘောတူခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာ ဥရောပအထူကိုယ်စားလှယ် Mr. Eamon Gilmore နဲ့ မြန်မာနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်တို့ ပူးတွဲ သဘာပတိလုပ် ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG