သုံးရလွယ်ကူစေသည့် Link များ

ဟောင်ကောင်ကိစ္စ ဗြိတိန် ပြောဆိုလုပ်ဆောင်မှု တရုတ် လက်မခံ


ဟောင်ကောင်က ဗြိတိသျှ ကောင်စစ်ဝန်ရုံးမှာ အရင်တုန်းက အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းဖြစ်သူ Simon Cheng က တရုတ် လျှို့ဝှက်ရဲတွေဟာ သူ့ကိုဖမ်းဆီး နှိပ်စက်ခဲ့ပြီး ၊ အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်လက်တွေ ဖေါ်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။
ယူနီဖေါင်းဝတ် ထောက်လှမ်းရေးတွေဟာ သူ့ကို မျက်နှာဖုံးစွပ် ရိုက်နှက်ပြီး ကြက်ခြေခတ်ဘောင်တခုမှာ တုတ်နှောင်ထားရင်း အိပ်ခွင့်မပေးခဲ့ ဘူးလို့ သူကဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံခြားရေး အတွင်းဝန် Dominic Raab က ဗြိတိန်ဆိုင်ရာ တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပြီး မစ္စတာCheng ကိစ္စ ၊ တရုတ်အစိုးက စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

သြဂုတ်လက ထုတ်ပြန်ခဲ့တဲ့ တရုတ်ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်ထဲမှာ Cheng ကို (၁၅)ရက်ကြာ ထိန်းသိမ်းခဲ့တယ်လို့ ဖေါ်ပြထားပေမဲ့ ဘယ်လို အကြောင်းကြောင့် ထိန်းသိန်းခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖေါ်ပြထားခြင်း မရှိပါဘူး။

ဗြိတိန်နိုင်ငံခြားရေးရုံးက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနက ဗုဒ္ဓဟူးနေ့ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ်ပြောခွင့်ရက ဒေါသတကြီး တုန့်ပြန်လိုက်ပြီး ဗြိတိန်အစိုးရဘက်က ပြောဆိုတဲ့ စိုးရိမ်ပူပန်မှုနဲ့ တိုင်တန်းမှုဆိုတာတွေကို လုံးဝလက်ခံ လိမ့်မှာမဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရရဲ့ မှားယွင်းတဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်သွားမယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG