သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတေဟာင္း Trump ရဲ႕ Facebook ၂ ႏွစ္ပိတ္ခံရ


သမၼတ ေဟာင္း ေဒၚနယ္ထရမ့္ရဲ့ facebook စာမ်တ္နွာ ( ဓာတ္ပံု - facebook)

(Zawgyi/Unicode)

အေမရိကန္သမၼတေဟာင္း Donald Trump ရဲ႕ အင္တာနက္ လူမႈကြန္ရက္ အေကာင့္ကို အနည္းဆုံး ၂ ႏွစ္ ပိတ္ထားမယ့္အေၾကာင္း Facebook က ေသာၾကာေန႔မွာ ေၾကညာလိုက္ပါတယ္။ လူထိခိုက္ေသဆုံးတဲ့အထိ ျဖစ္ခဲ့တဲ့ အေမရိကန္ ကြန္ဂရက္လႊတ္ေတာ္ကို ဇန္နဝါရီလ ၆ ရက္ေန႔က စီးနင္းတိုက္ခိုက္မႈမွာ ေသြးထိုးလႈံ႔ေဆာ္ခဲ့တယ္ဆိုၿပီး Facebook က သမၼတေဟာင္း Trump အေကာင့္ကို ပိတ္ထားတာပါ။

၂ ႏွစ္ၾကာ တားျမစ္ခ်က္ ကုန္ဆုံးတဲ့အခါ၊ အမ်ားျပည္သူကို ထိခိုက္ေစႏိုင္တဲ့ အႏၲရာယ္ ေလ်ာ့ပါးျခင္း ရွိမရွိ ကၽြမ္းက်င္သူေတြ ျပန္လည္သုံးသပ္ၿပီး အေကာင့္ကို ျပန္ဖြင့္သင့္မသင့္ ဆုံးျဖတ္မွာ ျဖစ္ေၾကာင္းလည္း Facebook ရဲ႕ ဒုဥကၠ႒ Nick Clegg က ဘေလာဂ္ စာမ်က္ႏွာမွာ ေျပာဆိုခဲ့ပါတယ္။ သမၼတ ေရြးေကာက္ပဲြမွာ Joe Biden အႏိုင္ရေၾကာင္း လႊတ္ေတာ္က အတည္ျပဳေပးမယ့္ အစီအစဥ္ကို ဟန္႔တားဖို႔ ဝါရွင္တန္ၿမိဳ႕ေတာ္အထိ ခ်ီတက္ၿပီး၊ အေသအေက် တိုက္ပဲြ၀င္ၾကဖို႔ ေထာင္နဲ႔ခ်ီတဲ့ ေထာက္ခံသူေတြကို မိန္႔ခြန္းေျပာအၿပီးမွာပဲ လႊတ္ေတာ္ကို ဆႏၵျပသူေတြ အတင္း၀င္ေရာက္ စီးနင္းခဲ့ၾကတာပါ။ လႊတ္ေတာ္ကို စီးနင္းမႈအတြင္း ဗဟိုအစိုးရ ရဲတပ္ဖဲြ႕၀င္ တဦးအပါအ၀င္ လူ ၅ ဦး ေသဆုံးခဲ့ရပါတယ္။ Facebook ရဲ႕ ဆုံးျဖတ္ခ်က္အရ သမၼတေဟာင္း Trump အေပၚ ပိတ္ပင္ ကန္႔သတ္ခ်က္ေတြဟာ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလ ၇ ရက္ေန႔ၾကမွ သက္တမ္းကုန္ဆုံးမွာပါ။

Facebook ရဲ႕ တားျမစ္ခ်က္ေၾကာင့္ ၂၀၂၂ ခုႏွစ္ ႏို၀င္ဘာလ သက္တမ္း၀က္ လႊတ္ေတာ္ ေရြးေကာက္ပဲြေတြမွာေတာ့ သမၼတေဟာင္းရဲ႕ ၾသဇာအရွိန္အဝါအေပၚ အကန္႔အသတ္ ရွိႏိုင္ပါတယ္။ ဒါေပမဲ့လည္း ေနာက္တႀကိမ္ သမၼတအျဖစ္ အေရြးခံဖို႔ ဆုံးျဖတ္ေကာင္း ဆုံးျဖတ္ႏိုင္တဲ့ ၂၀၂၄ ခုႏွစ္ ေရြးေကာက္ပဲြ မတိုင္ခင္မွာ ကန္႔သတ္ခ်က္ သက္တမ္း ကုန္ဆုံးမွာပါ။ Facebook က ၂ ႏွစ္ပိတ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ အေပၚမွာေတာ့ ေရြးေကာက္ပဲြမွာ မဲေပးခဲ့ၾကတဲ့ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြကို ေစာ္ကားတဲ့ လုပ္ရပ္အျဖစ္ တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။

.........................................................................

သမၼတေဟာင္း Trump ရဲ႕ Facebook ၂ ႏွစ္ပိတ္ခံရ
please wait

No media source currently available

0:00 0:01:28 0:00
တိုက္႐ိုက္ လင့္ခ္
ေဒၚနယ္ထရမ့္ ရဲ႕ အေကာင့္ကို Facebook ဆက္ပိတ္ပင္
please wait

No media source currently available

0:00 0:03:22 0:00

(Unicode)

သမ္မတဟောင်း Trump ရဲ့ Facebook ၂ နှစ်ပိတ်ခံရ

အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အင်တာနက် လူမှုကွန်ရက် အကောင့်ကို အနည်းဆုံး ၂ နှစ် ပိတ်ထားမယ့်အကြောင်း Facebook က သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ လူထိခိုက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်ကို ဇန်နဝါရီလ ၆ ရက်နေ့က စီးနင်းတိုက်ခိုက်မှုမှာ သွေးထိုးလှုံ့ဆော်ခဲ့တယ်ဆိုပြီး Facebook က သမ္မတဟောင်း Trump အကောင့်ကို ပိတ်ထားတာပါ။

၂ နှစ်ကြာ တားမြစ်ချက် ကုန်ဆုံးတဲ့အခါ၊ အများပြည်သူကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် လျော့ပါးခြင်း ရှိမရှိ ကျွမ်းကျင်သူတွေ ပြန်လည်သုံးသပ်ပြီး အကောင့်ကို ပြန်ဖွင့်သင့်မသင့် ဆုံးဖြတ်မှာ ဖြစ်ကြောင်းလည်း Facebook ရဲ့ ဒုဥက္ကဋ္ဌ Nick Clegg က ဘလောဂ် စာမျက်နှာမှာ ပြောဆိုခဲ့ပါတယ်။ သမ္မတ ရွေးကောက်ပွဲမှာ Joe Biden အနိုင်ရကြောင်း လွှတ်တော်က အတည်ပြုပေးမယ့် အစီအစဉ်ကို ဟန့်တားဖို့ ဝါရှင်တန်မြို့တော်အထိ ချီတက်ပြီး၊ အသေအကျေ တိုက်ပွဲဝင်ကြဖို့ ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေကို မိန့်ခွန်းပြောအပြီးမှာပဲ လွှတ်တော်ကို ဆန္ဒပြသူတွေ အတင်းဝင်ရောက် စီးနင်းခဲ့ကြတာပါ။ လွှတ်တော်ကို စီးနင်းမှုအတွင်း ဗဟိုအစိုးရ ရဲတပ်ဖွဲ့ဝင် တဦးအပါအဝင် လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ Facebook ရဲ့ ဆုံးဖြတ်ချက်အရ သမ္မတဟောင်း Trump အပေါ် ပိတ်ပင် ကန့်သတ်ချက်တွေဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကြမှ သက်တမ်းကုန်ဆုံးမှာပါ။

Facebook ရဲ့ တားမြစ်ချက်ကြောင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ သက်တမ်းဝက် လွှတ်တော် ရွေးကောက်ပွဲတွေမှာတော့ သမ္မတဟောင်းရဲ့ သြဇာအရှိန်အဝါအပေါ် အကန့်အသတ် ရှိနိုင်ပါတယ်။ ဒါပေမဲ့လည်း နောက်တကြိမ် သမ္မတအဖြစ် အရွေးခံဖို့ ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်တဲ့ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ကန့်သတ်ချက် သက်တမ်း ကုန်ဆုံးမှာပါ။ Facebook က ၂ နှစ်ပိတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာတော့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို စော်ကားတဲ့ လုပ်ရပ်အဖြစ် တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG