သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရန္ကုန္ လႈိင္သာယာမွာ ဗုံးေလးလုံးေပါက္ကြဲ


လံုျခံဳေရးတင္းၾကပ္ထားတဲ့ ရန္ကုန္ျမိဳ ့

(Zawgyi/Unicode)

ဒီကေန႔ စက္တင္ဘာ ၂၁ ရက္ေန႔က ရန္ကုန္ၿမိဳ႕ လႈိင္သာယာၿမိဳ႕နယ္မွာ ညေနပိုင္းက ဗုံး ၄ လုံးေပါက္ကြဲၿပီး စစ္ေကာင္စီဖက္က တပ္သားေတြ ေသဆုံးမႈနဲ႔ ထိခိုက္မႈေတြ ရွိခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ရန္ကုန္ မႏၲေလး ကေလး၊ ထားဝယ္ စတဲ့ ၿမိဳ႕တခ်ိဳ႕မွာ တတ္ႂကြလႈပ္ရွားသူတခ်ိဳ႕က စစ္အာဏာရွင္ဆန႔္က်င္ေရး လွ်ပ္တျပတ္သပိတ္ေတြ လုပ္ခဲ့ၾကပါေသးတယ္။ ျမန္မာႏိုင္ငံတဝွမ္း ပစ္ခတ္ေပါက္ကြဲမႈေတြနဲ႔ ဆႏၵျပသတင္းေတြ ရန္ကုန္က ေပးပို႔ထားတာကို အလိမၼာေျပာျပပါမယ္။

ရန္ကုန္ လႈိင္သာယာၿမိဳ႕နယ္က ႐ိုးႀကီး၊ ႐ိုးေလး ကားဂိတ္အနီး ဒီေန႔ ေန႔လည္ ၃နာရီ ၅၅မိနစ္ ဝန္းက်င္အခ်ိန္မွာ ဗုံးေလးလုံးေပါက္ကြဲၿပီး စစ္ေကာင္စီဘက္က ေသဆုံးသူနဲ႔ ထိခိုက္ဒဏ္ရာရသူ ရွိခဲ့တယ္လို႔ အဲဒီျဖစ္စဥ္အနီးမွာ ရွိေနသူတဦးက VOA ကိုေျပာပါတယ္။

"ဗုံးေလးလုံး ေပါက္ကြဲမႈျဖစ္တယ္။ တဦးကေတာ့ ေသဆုံးသြားတာေပါ့ေနာ္။ ပစ္ခတ္မႈက မိနစ္ ၂၀ေက်ာ္ ၂၅မိနစ္ အတြင္းမွာ အင္အားမ်ားစြာလာတဲ့အခ်ိန္မွာ ဦးဖိုးလႈိင္လမ္းကေန စကစ စီးလာတဲ့ကားတစီးကို ဗုံးနဲ႔ပစ္လိုက္တဲ့အခါမွာ ဒုရဲမႉးလင္းႏိုင္ ျပင္းထန္စြာဒဏ္ရာရရွိလို႔ အခု ကယ္ဆယ္ေရးကားကို အကူအညီလွမ္းေတာင္းတယ္။"

ေပါက္ကြဲမႈျဖစ္စဥ္ေၾကာင့္ အဲဒီအနီးတဝိုက္ကို နယ္ေျမရွင္းလင္းေရးလုပ္ေနၿပီး စစ္ေဆးမႈေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။ ထိခိုက္ ေသဆုံးမႈေတြနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဖက္က တစုံတရာထုတ္ျပန္ေျပာဆိုတာမရွိေသးပါဘူး။

တခ်ိန္တည္းမွာပဲ ရန္ကုန္နဲ႔မႏၲေလးမွာ ‘ခြပ္ေဒါင္းတြံသံ မိုးသို႔ညံ အဆုံးသတ္တိုက္ပြဲ တို႔ဆင္ႏြဲ’ ဆိုတဲ့ေခါင္းစဥ္နဲ႔ တကသ ေက်ာင္းသားေတြ ဦးေဆာင္တဲ့ စစ္အာဏာရွင္ ဆန္႔က်င္ေရး လွ်ပ္တျပတ္သပိတ္လုပ္ခဲ့ၾကပါတယ္။ ဒါဟာ တႏိုင္ငံလုံးက ေက်ာင္းသားသမဂၢေတြ သပိတ္ျပန္ထြက္လာေအာင္ လုပ္ဖို႔ရည္႐ြယ္တယ္လို႔ ဒီကေန႔ ေန႔လယ္က ျပဳလုပ္တဲ့ ရန္ကုန္ ဆႏၵျပပြဲဦးေဆာင္သူတဦးကေျပာပါတယ္။

“ကြၽန္ေတာ္တို႔ ဒါကို တစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ ဒီလို ေခါင္းစဥ္မ်ိဳးနဲ႔ ထြက္လာတာခင္ဗ်။ ‘ခြပ္ေဒါင္းအသံ မိုးသို႔ညံ အဆုံးသတ္တိုက္ပြဲ တို႔ဆင္ႏြဲ’ ဆိုၿပီး ကြၽန္ေတာ္တို႔ ထြက္လာတာပါဗ်။ ဒီေန႔သပိတ္က ဒီေန႔ ေခၚတဲ့ ေခါင္းစဥ္ကေတာ့ ျမန္မာတစ္ႏိုင္ငံလုံး တကၠသိုလ္ေက်ာင္းသားမ်ား အဖြဲ႕ တကသ ေက်ာင္းသား သမဂၢေတြကေနၿပီးေတာ့ ျပန္ေခၚတဲ့ Call ေပါ့၊ အဲ့လို ေခၚၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီေခါင္းစဥ္နဲ႔ ထြက္ၾကမယ္။ ၿပီးေတာ့ ၿမိဳ႕နယ္ေပါင္းစုံက သပိတ္ေတြကိုလည္း ကြၽန္ေတာ္တို႔ဖိတ္တာေပါ့။ ဒါေပမယ့္ အဓိကကေတာ့ ဦးစီးတာကေတာ့ ေက်ာင္းသား သမဂၢေတြေပါ့ဗ်ာ။ တစ္ႏိုင္ငံလုံးမွာ ရွိတဲ့ တကသေတြကေန လုပ္တာေပါ့ဗ်ာ။”

ဒီကေန႔ မႏၲေလးၿမိဳ႕မွာေတာ့ သံဃာ့သပိတ္စစ္ေၾကာင္း၊ ဖမ္းဆီးခံ ျပည္သူမ်ား ကိုယ္စားျပဳ သပိတ္စစ္ေၾကာင္း၊ ေအာင္ေျမသာစံ ပညာေရး သပိတ္စစ္ေၾကာင္း စတဲ့နာမည္ေတြနဲ႔ လွ်ပ္တျပတ္ဆႏၵျပမႈေတြလည္းရွိခဲ့ပါတယ္။

မႏၲေလးတိုင္း ေက်ာက္ဆည္ၿမိဳ႕မွာေတာ့ EPC လွ်ပ္စစ္႐ုံးတစ္႐ုံး မေန႔ညက ေပါက္ကြဲမႈ ျဖစ္ခဲ့ပါတယ္။

ပစ္ခတ္မႈ၊ ေပါက္ကြဲမႈေတြနဲ႔အတူ ဖမ္းဆီးမႈေတြ ရွိေနတဲ့ၾကားကပဲ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ ႏိုင္ငံတစ္ဝန္းမွာ ဆက္ရွိေနပါတယ္။ ကေလး၊ ေလာင္းလုံ၊ ၿမိဳင္၊ ကံေပါက္၊ မတၱရာ၊ ဒီပဲယင္း၊ ႀကိဳ႕ပင္ေကာက္၊ ေ႐ြဘို စတဲ့ ေဒသေတြမွာလဲ စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပမႈတခ်ိဳ႕ရွိခဲ့ပါတယ္။
........................................................................................

ရန္ကုန္ လႈိင္သာယာမွာ ဗုံးေလးလုံးေပါက္ကြဲ
please wait

No media source currently available

0:00 0:03:02 0:00
တိုက္႐ိုက္ လင့္ခ္


ရန်ကုန် လှိုင်သာယာမှာ ဗုံးလေးလုံးပေါက်ကွဲ

(Unicode)

ဒီကနေ့ စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ညနေပိုင်းက ဗုံး ၄ လုံးပေါက်ကွဲပြီး စစ်ကောင်စီဖက်က တပ်သားတွေ သေဆုံးမှုနဲ့ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန် မန္တလေး ကလေး၊ ထားဝယ် စတဲ့ မြို့တချို့မှာ တတ်ကြွလှုပ်ရှားသူတချို့က စစ်အာဏာရှင်ဆန့်ကျင်ရေး လျှပ်တပြတ်သပိတ်တွေ လုပ်ခဲ့ကြပါသေးတယ်။ မြန်မာနိုင်ငံတဝှမ်း ပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ ဆန္ဒပြသတင်းတွေ ရန်ကုန်က ပေးပို့ထားတာကို အလိမ္မာပြောပြပါမယ်။

ရန်ကုန် လှိုင်သာယာမြို့နယ်က ရိုးကြီး၊ ရိုးလေး ကားဂိတ်အနီး ဒီနေ့ နေ့လည် ၃နာရီ ၅၅မိနစ် ဝန်းကျင်အချိန်မှာ ဗုံးလေးလုံးပေါက်ကွဲပြီး စစ်ကောင်စီဘက်က သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တယ်လို့ အဲဒီဖြစ်စဉ်အနီးမှာ ရှိနေသူတဦးက VOA ကိုပြောပါတယ်။

"ဗုံးလေးလုံး ပေါက်ကွဲမှုဖြစ်တယ်။ တဦးကတော့ သေဆုံးသွားတာပေါ့နော်။ ပစ်ခတ်မှုက မိနစ် ၂၀ကျော် ၂၅မိနစ် အတွင်းမှာ အင်အားများစွာလာတဲ့အချိန်မှာ ဦးဖိုးလှိုင်လမ်းကနေ စကစ စီးလာတဲ့ကားတစီးကို ဗုံးနဲ့ပစ်လိုက်တဲ့အခါမှာ ဒုရဲမှူးလင်းနိုင် ပြင်းထန်စွာဒဏ်ရာရရှိလို့ အခု ကယ်ဆယ်ရေးကားကို အကူအညီလှမ်းတောင်းတယ်။"

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အဲဒီအနီးတဝိုက်ကို နယ်မြေရှင်းလင်းရေးလုပ်နေပြီး စစ်ဆေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ထိခိုက် သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဖက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

တချိန်တည်းမှာပဲ ရန်ကုန်နဲ့မန္တလေးမှာ ‘ခွပ်ဒေါင်းတွံသံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ တို့ဆင်နွဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ တကသ ကျောင်းသားတွေ ဦးဆောင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လျှပ်တပြတ်သပိတ်လုပ်ခဲ့ကြပါတယ်။ ဒါဟာ တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေ သပိတ်ပြန်ထွက်လာအောင် လုပ်ဖို့ရည်ရွယ်တယ်လို့ ဒီကနေ့ နေ့လယ်က ပြုလုပ်တဲ့ ရန်ကုန် ဆန္ဒပြပွဲဦးဆောင်သူတဦးကပြောပါတယ်။

“ကျွန်တော်တို့ ဒါကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီလို ခေါင်းစဉ်မျိုးနဲ့ ထွက်လာတာခင်ဗျ။ ‘ခွပ်ဒေါင်းအသံ မိုးသို့ညံ အဆုံးသတ်တိုက်ပွဲ တို့ဆင်နွဲ’ ဆိုပြီး ကျွန်တော်တို့ ထွက်လာတာပါဗျ။ ဒီနေ့သပိတ်က ဒီနေ့ ခေါ်တဲ့ ခေါင်းစဉ်ကတော့ မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ကျောင်းသားများ အဖွဲ့ တကသ ကျောင်းသား သမဂ္ဂတွေကနေပြီးတော့ ပြန်ခေါ်တဲ့ Call ပေါ့၊ အဲ့လို ခေါ်ပြီးတော့ ကျွန်တော်တို့ ဒီခေါင်းစဉ်နဲ့ ထွက်ကြမယ်။ ပြီးတော့ မြို့နယ်ပေါင်းစုံက သပိတ်တွေကိုလည်း ကျွန်တော်တို့ဖိတ်တာပေါ့။ ဒါပေမယ့် အဓိကကတော့ ဦးစီးတာကတော့ ကျောင်းသား သမဂ္ဂတွေပေါ့ဗျာ။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တကသတွေကနေ လုပ်တာပေါ့ဗျာ။”

ဒီကနေ့ မန္တလေးမြို့မှာတော့ သံဃာ့သပိတ်စစ်ကြောင်း၊ ဖမ်းဆီးခံ ပြည်သူများ ကိုယ်စားပြု သပိတ်စစ်ကြောင်း၊ အောင်မြေသာစံ ပညာရေး သပိတ်စစ်ကြောင်း စတဲ့နာမည်တွေနဲ့ လျှပ်တပြတ်ဆန္ဒပြမှုတွေလည်းရှိခဲ့ပါတယ်။

မန္တလေးတိုင်း ကျောက်ဆည်မြို့မှာတော့ EPC လျှပ်စစ်ရုံးတစ်ရုံး မနေ့ညက ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ပစ်ခတ်မှု၊ ပေါက်ကွဲမှုတွေနဲ့အတူ ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကပဲ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နိုင်ငံတစ်ဝန်းမှာ ဆက်ရှိနေပါတယ်။ ကလေး၊ လောင်းလုံ၊ မြိုင်၊ ကံပေါက်၊ မတ္တရာ၊ ဒီပဲယင်း၊ ကြို့ပင်ကောက်၊ ရွေဘို စတဲ့ ဒေသတွေမှာလဲ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတချို့ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG