သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Facebook မူ၀ါဒ ခ်ိဳးေဖာက္တဲ႔ ကြန္ရက္တခ်ိဳ႕ အပိတ္ခံရ 


(Zawgyi/Unicode)

AA ရခိုင္လက္နက္ကိုင္အဖဲြ႔ကို ေထာက္ခံၿပီး၊ ျမန္မာစစ္တပ္ကို ေ၀ဖန္တိုက္ခိုက္မႈေတြေရးသားေဖၚျပေနတဲ့ Facebook ကြန္ရက္တခုကို ဖ်က္သိမ္းလိုက္ေၾကာင္းေအာက္တိုဘာလ (၂၇)ရက္ေန႔က ထုတ္ျပန္တဲ့ Facebook ကုမၸဏီရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။ အဲဒီကြန္ရက္ဟာ ျမန္မာႏိုင္ငံထဲမွာ အေျခစိုက္တာျဖစ္ၿပီး ေဒသခံ Facebook သံုးစဲြသူေတြကို ပစ္မွတ္ထားခဲ့သလို ရခိုင္ျပည္နယ္က အျဖစ္အပ်က္ေတြနဲ႔ ပတ္သက္လို႔ ျမန္မာဘာသာနဲ႔ အဓိကေဖၚျပခဲ့တယ္လို႔ ဆိုပါတယ္။

ကြန္ရက္နဲ႔ ပတ္သက္ေနတဲ့ စုစုေပါင္း Facebook အေကာင့္ (၉) ခု၊ page (၈) ခု၊ group အုပ္စု (၂)စုနဲ႔Instagram အေကာင့္ (၂)ခု ကို ကုမၸဏီက ဖ်က္သိမ္းခဲ့တာပါ။ အဲဒီလို ဖ်က္ပစ္ရတဲ့ အေၾကာင္းအရင္းမွာ မလိုလားအပ္တဲ့ အေၾကာင္းအရာ၊ အၾကမ္းဖက္မႈနဲ႔ အမုန္းစကားေတြ ကန္႔သတ္ တားျမစ္ထားတဲ့Facebook မူ၀ါဒကို ခ်ဳိးေဖာက္ေနတဲ့အတြက္ ျဖစ္တယ္္လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ က်င္းပမယ့္ ႏို၀င္ဘာ ေရြးေကာက္ပဲြကို ဒီကြန္ရက္က တိုက္ရိုက္ ပစ္မွတ္ထားတာမ်ဳိး မရွိခဲ့ေပမယ့္ ကုမၸဏီရဲ႕ ေရြးေကာက္ပဲြမတိုင္ခင္ စံုစမ္းစစ္ေဆးမႈ တစိတ္တပိုင္းအျဖစ္ ဒီကြန္ရက္ရဲ႕ လႈပ္ရွားမႈေတြကို ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ Facebook ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

ဒါအျပင္ မၾကာခင္ရက္ပိုင္းအတြင္း ေရြးေကာက္ပဲြက်င္းပေတာ့မယ့္ အေမရိကန္ျပည္ေထာင္စုမွာ Facebook သံုးစဲြသူေတြကို ပစ္မွတ္ထားၿပီး ေရြးေကာက္ပဲြဆိုင္ရာ

သတင္းအမွား ေတြနဲ႔ ယံုမွားသံသယျဖစ္ေစတဲ့ ေသြးထိုးလႈံေဆာ္မႈေတြကိုျဖန္႔ေ၀ဖို႔ အေကာင့္တုေတြဖြင့္ထားတဲ့ အႏၱရာယ္ရွိတဲ့ ကြန္ရက္ (၂)ခုကိုလည္း ဖ်က္သိမ္းလိုက္ေၾကာင္း Facebook ကုမၸဏီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

အဲဒီ လူမႈကြန္ရက္ႏွစ္ခုဟာ ေတာင္အေမရိကားနဲ႔ အီရန္ႏိုင္ငံေတြမွာ အေျခစိုက္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။ မကၠဆီကိုနဲ႔ ဗင္နီဇဲြလား စတဲ့ ေတာင္အေမရိကား ႏိုင္ငံေတြမွာရွိေနတဲ့ ပုဂၢိဳလ္တဦးခ်င္းစီကေန အဲဒီကြန္ရက္ေတြကို ထိန္းခ်ဳပ္ထားၿပီး အေမရိကန္နဲ႔ ပတ္သက္တဲ့ သတင္းေတြ၊ လက္ရွိျဖစ္ရပ္ေတြကို စပိန္၊ အဂၤလိပ္ဘာသာႏွစ္ဘာသာနဲ႔ page အေကာင့္ ႏွစ္ဒါဇင္ကို အသံုးျပဳခဲ့တယ္လို႔ ေဖၚျပထားပါတယ္။

အီရန္မွာ အေျခစိုက္တဲ့ ကြန္ရက္ကိုေတာ့ “ အစိုးရ၏ ၀ င္ေရာက္စြက္ဖက္မႈ” ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ Facebook က ဖယ္ရွားခဲ့တာျဖစ္ပါတယ္။

သံုးစဲြသူေတြဖန္တီးတဲ့အေၾကာင္းအရာေတြကို အစြန္းမေရာက္ေအာင္ ထိန္းခ်ဳပ္တဲ့ အြန္လိုင္းစီးပြားေရးလုပ္ငန္းရွင္ေတြရဲ႕ လုပ္ပိုင္ခြင့္ကို ခုခံကာကြယ္ဖို႔ Facebook အမႈေဆာင္အရာရွိခ်ဳပ္ Mark Zuckerberg ကိုယ္တိုင္လည္း ေအာက္တိုဘာ ၂၈ ရက္ေန႔ ဗုဒၶဟူးေန႔မွာ ျပဳလုပ္မယ့္ အေမရိကန္အထက္လႊတ္ေတာ္ ကူးသန္းေရာင္းဝယ္ေရးေကာ္မတီၾကားနာပဲြမွာ ခုခံထြက္ဆိုဖို႔ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

Facebook မူဝါဒ ချိုးဖောက်တဲ့ ကွန်ရက်တချို့ အပိတ်ခံရ

(Unicode)

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံပြီး၊ မြန်မာစစ်တပ်ကို ဝေဖန်တိုက်ခိုက်မှုတွေရေးသားဖေါ်ပြနေတဲ့ Facebook ကွန်ရက်တခုကို ဖျက်သိမ်းလိုက်ကြောင်းအောက်တိုဘာလ (၂၇)ရက်နေ့က ထုတ်ပြန်တဲ့ Facebook ကုမ္ပဏီရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီကွန်ရက်ဟာ မြန်မာနိုင်ငံထဲမှာ အခြေစိုက်တာဖြစ်ပြီး ဒေသခံ Facebook သုံးစွဲသူတွေကို ပစ်မှတ်ထားခဲ့သလို ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ မြန်မာဘာသာနဲ့ အဓိကဖေါ်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကွန်ရက်နဲ့ ပတ်သက်နေတဲ့ စုစုပေါင်း Facebook အကောင့် (၉) ခု၊ page (၈) ခု၊ group အုပ်စု (၂)စုနဲ့Instagram အကောင့် (၂)ခု ကို ကုမ္ပဏီက ဖျက်သိမ်းခဲ့တာပါ။ အဲဒီလို ဖျက်ပစ်ရတဲ့ အကြောင်းအရင်းမှာ မလိုလားအပ်တဲ့ အကြောင်းအရာ၊ အကြမ်းဖက်မှုနဲ့ အမုန်းစကားတွေ ကန့်သတ် တားမြစ်ထားတဲ့Facebook မူဝါဒကို ချိုးဖောက်နေတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် နိုဝင်ဘာ ရွေးကောက်ပွဲကို ဒီကွန်ရက်က တိုက်ရိုက် ပစ်မှတ်ထားတာမျိုး မရှိခဲ့ပေမယ့် ကုမ္ပဏီရဲ့ ရွေးကောက်ပွဲမတိုင်ခင် စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအဖြစ် ဒီကွန်ရက်ရဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ Facebook ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် မကြာခင်ရက်ပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပတော့မယ့် အမေရိကန်ပြည်ထောင်စုမှာ Facebook သုံးစွဲသူတွေကို ပစ်မှတ်ထားပြီး ရွေးကောက်ပွဲဆိုင်ရာ

သတင်းအမှား တွေနဲ့ ယုံမှားသံသယဖြစ်စေတဲ့ သွေးထိုးလှုံဆော်မှုတွေကိုဖြန့်ဝေဖို့ အကောင့်တုတွေဖွင့်ထားတဲ့ အန္တရာယ်ရှိတဲ့ ကွန်ရက် (၂)ခုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း Facebook ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီ လူမှုကွန်ရက်နှစ်ခုဟာ တောင်အမေရိကားနဲ့ အီရန်နိုင်ငံတွေမှာ အခြေစိုက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ မက္ကဆီကိုနဲ့ ဗင်နီဇွဲလား စတဲ့ တောင်အမေရိကား နိုင်ငံတွေမှာရှိနေတဲ့ ပုဂ္ဂိုလ်တဦးချင်းစီကနေ အဲဒီကွန်ရက်တွေကို ထိန်းချုပ်ထားပြီး အမေရိကန်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ လက်ရှိဖြစ်ရပ်တွေကို စပိန်၊ အင်္ဂလိပ်ဘာသာနှစ်ဘာသာနဲ့ page အကောင့် နှစ်ဒါဇင်ကို အသုံးပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

အီရန်မှာ အခြေစိုက်တဲ့ ကွန်ရက်ကိုတော့ “ အစိုးရ၏ ၀ င်ရောက်စွက်ဖက်မှု” ဆိုတဲ့ အကြောင်းပြချက်နဲ့ Facebook က ဖယ်ရှားခဲ့တာဖြစ်ပါတယ်။

သုံးစွဲသူတွေဖန်တီးတဲ့အကြောင်းအရာတွေကို အစွန်းမရောက်အောင် ထိန်းချုပ်တဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ပိုင်ခွင့်ကို ခုခံကာကွယ်ဖို့ Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg ကိုယ်တိုင်လည်း အောက်တိုဘာ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် အမေရိကန်အထက်လွှတ်တော် ကူးသန်းရောင်းဝယ်ရေးကော်မတီကြားနာပွဲမှာ ခုခံထွက်ဆိုဖို့ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG