သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း စာမျက်နှာအားလုံး Facebook ဖယ်ရှား


Facebook logo.
Facebook logo.

(Zawgyi / Unicode)

မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း အားလုံးကို Facebook ပိုင် Meta ကုမ္ပဏီက အရေးယူပိတ်ပင်ကြောင်း ထုတ်ပြန်လိုက်သလို စစ်တပ်စီးပွားရေး လုပ်ငန်းတွေရဲ့ Facebook စာမျက်နှာတွေကိုလည်း ဒီကနေ့ စပြီး ဖယ်ရှားလိုက်ပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကစလို့ စစ်တပ်ပိုင်လုပ်ငန်း ကြော်ငြာတွေကို Facebook လူမှုကွန်ရက်မှာ တားမြစ်ထားရာကနေ အခုဆိုရင် မြန်မာစစ်တပ်ပိုင်လုပ်ငန်း Facebook အကောင့်တွေကိုပါ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

အခုလို နောက်ဆက်တွဲ အရေးယူရတာက မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကို စစ်တပ်စီးပွားလုပ်ငန်းတွေက ငွေထောက်ပံ့ပေးခဲ့တာကြောင့် အခုလို အရေးယူတာဖြစ်တယ်လို့ Facebook က ကြေညာပါတယ်။

အခုလို အရေးယူဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အရပ်ဘက် လူမှုအဖွဲ့တွေရဲ့ မှတ်တမ်း အထောက်အထားတွေကို အခြေခံ ကိုးကားခဲ့တယ်လို့ Facebook ပိုင် Meta ကုမ္ပဏီ အာရှ-ပစိဖိတ်ဒေသ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး Refael Frankel က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက် ရှာဖွေရေးမစ်ရှင် (IIFFMM) ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာ၊ နောက် Justice For Myanmar အဖွဲ့နဲ့ Burma Campaign UK အဖွဲ့တို့ရဲ့ သုတေသန တွေ့ရှိချက်တွေအပြင် အရပ်ဘက်အဖွဲ့တွေနဲ့ ဆွေးနွေးခဲ့တာတွေ အပေါ်လည်း အခြေခံ လုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီလုပ်ငန်းတွေရဲ့ Facebook Account နဲ့ စာမျက်နှာပေါင်း ၁၀၀ ကျော်ကို ဖြုတ်ချခဲ့ပြီးပြီလို့လည်း Mr. Frankel က ပြောပါတယ်။ ဒီလိုဆောင်ရွက်ဖို့ တောင်းဆိုခဲ့တဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ကလည်း Facebook ရဲ့ အခုအရေးယူမှုကို ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG