သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္တိုက္ဖ်က္ေရး အင္အားစုေတြ အခက္အခဲေတြၾကား ဆက္လက္လႈပ္ရွားမည္


NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ ျပည္သူ႔ ညီလာခံ။

လက္ရွိအေျခအေနအရ ျမန္မာႏိုင္ငံမွာ ဖက္ဒရယ္ဒီမိုကေရစီေပၚေပါက္လာဖို႔ ႏွစ္ခ်ီ ၾကာႏိုင္တယ္လို႔ စစ္အာဏာရွင္အဆုံးသပ္ေရး ႀကိဳးစားေနၾကတဲ့ သပိတ္ေကာ္မတီေတြက ေျပာပါတယ္။ အာဏာသိမ္းမႈေနာက္ပိုင္း ေပၚေပါက္လာတဲ့ ေဒသအသီးသီးက အဖြဲ႕အစည္းေတြအေနနဲ႔ စိန္ေခၚမႈေတြ၊ အခက္အခဲေတြၾကားကပဲ ဆက္ၿပီးစုစည္းထားႏိုင္တဲ့အတြက္ ေရရွည္ဆက္ၿပီးႀကိဳးစားသြားမယ္လို႔ ဇန္နဝါရီ ၂၇ ရက္ကက်င္းပတဲ့ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ NUCC ရဲ႕ ျပည္သူ႔ညီလာခံမွာ ေျပာၾကားခဲ့ၾကတာပါ။ ရန္ကုန္ကလာတဲ့ ဒီသတင္းအျပည့္အစုံကို ကိုၿငိမ္းခ်မ္း ကတင္ျပပါမယ္။

အဖြဲ႕အစည္းေပါင္းစုံပါဝင္တဲ့ အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ NUCC ရဲ႕ ပထမအႀကိမ္ ျပည္သူ႔ညီလာခံမွာ ဖက္ဒရယ္ဒီမိုကေရစီအေရး ေဆြးေႏြးၾကတဲ့အခါမွာ မတူညီတဲ့ သေဘာထားေတြ ျမင္ရတယ္လို႔ လူမ်ိဳးေပါင္းစုံ အေထြေထြ သပိတ္ေကာ္မတီ GSCN ကေျပာပါတယ္။ GSCN က တိုင္းရင္းသား လူမ်ိဳးေပါင္းစုံ စုစည္းထားတဲ့အဖြဲ႕ျဖစ္ပါတယ္။ စစ္အာဏာရွင္စနစ္ေအာက္က လြတ္ေျမာက္ဖို႔နဲ႔ တူညီတဲ့ သေဘာထားအျမင္ေတြ ရႏိုင္ဖို႔ အခ်ိန္ကာလတခုေပးရမယ္ဆိုတာ နားလည္ထားတယ္လို႔ လူမ်ိဳးေပါင္းစုံ အေထြေထြ သပိတ္ေကာ္မတီရဲ႕ အႀကံေပးအဖြဲ႕ဝင္တဦးျဖစ္တဲ့ ေစာျမလင္းက ဗြီအိုေအကို ေျပာပါတယ္။

“ ၃ ႏွစ္ကေန ၅ ႏွစ္ ခန႔္မွန္းတာေပါ့ေနာ္ ဘာေၾကာင့္လဲဆိုေတာ့ ေတာ္လွန္ေရးဆိုတဲ့ဟာမ်ိဳးဟာ ကိုယ္ေတြက ျမန္ျမန္ၿပီးေစခ်င္ေပမဲ့ မၿပီးႏိုင္ဘူး၊ ေတာ္လွန္ေရးလို႔ေျပာတဲ့အခါမွာ အျမင္မတူတဲ့ ကိစၥေတြကို က်ေနာ္တို႔က ျပည္သူ႔ညီလာခံ မက်င္းပမီအထိကို တြန္းတြန္းတိုက္တိုက္နဲ႔ အတြင္းထဲမွာ အေတာ္ေဆြးေႏြးခဲ့ရတယ္။ ဒါကကေနာ္တို႔ လူမ်ိဳးေပါင္းစုံမွာ ပါဝင္ခဲ့ၾကတဲ့သူေတြရဲ႕ အတြင္းထဲမွာ၊ စားပြဲဝိုင္းေပၚမွာ ဦးေဆာင္တဲ့ေခါင္းေဆာင္ေတြ NLD ကေခါင္းေဆာင္ေတြ၊ CRPH က ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးတဲ့အခါမွာ က်ေနာ္တို႔က ေဆြးေႏြးလာေလေလ က်ေနာ္တို႔ေတာ္လွန္ေရးက မၿပီးႏိုင္ဘူးဆိုတာ ပိုသိသြားတယ္။ အဲဒီေတာ့ ပထမေတာ္လွန္ေရးသည္ ဒီေန႔ ျပည္သူတရပ္လုံးက မျမင္ခ်င္ေတာ့တဲ့ကိစၥကို ဘယ္လိုမ်ိဳး ျပတ္သြားေအာင္ေတာ္လွန္မလဲေပါ့။ ဒုတိယေတာ္လွန္ေရးက က်ေနာ္တို႔လိုလားတဲ့ တန္းတူညီမွ်ေရး၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ဖက္ဒရယ္ျပည္ေထာင္စုဆိုတာ ဘာလဲေပါ့ ဆိုတဲ့ဟာမ်ိဳးကို က်ေနာ္တို႔သြားခ်င္တဲ့ ေတာ္လွန္ေရးပဲ။”

ျမန္မာႏိုင္ငံမွာ တပါတီအာဏာရွင္စနစ္၊ စစ္အာဏာရွင္စနစ္ကို တိုင္းရင္းသားလူနည္းစုေတြက ေတာ္လွန္ေနခဲ့တာ အႏွစ္ ၇၀ ေက်ာ္ ေနၿပီဆိုတာကို သူက ေထာက္ျပေျပာပါတယ္။ အမ်ားလိုလားတဲ့ မူေတြလက္ေတြ႕ေပၚလာဖို႔ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ေျပာပါတယ္။

“ ခြဲျခားဆက္ဆံမႈမရွိတဲ့ ပတ္ဝန္းက်င္အသစ္ကို ငါတို႔တည္ေဆာက္ၾကရေအာင္ဆိုတဲ့ဟာ က်ေနာ္တို႔ၾကားထဲမွာ အဲဒီကတိကဝတ္က ခိုင္ခိုင္လုံလုံရွိတယ္။ အဲဒီဟာကို လာမယ့္ေနာက္ပိုင္းကာလမွာ ဒီတိုင္းျပည္မွာ ရွိသင့္ရွိထိုက္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ မူဝါဒေတြက ဘာေတြပိုၿပီးရွိသင့္လဲ ဆိုတဲ့ဟာမ်ိဳးကို က်ေနာ္တို႔ GSCN အေနနဲ႔ကေတာ့ ဆက္ၿပီးေတာ့မွ ဒါကိုႀကိဳးစားၿပီးမွ ေတာ္လွန္ဖို႔အတြက္ ျပင္ထားတယ္ေပါ့။”

ျပည္သူ႔ညီလာခံကတဆင့္ NUCC ရဲ႕ ဦးေဆာင္မႈနဲ႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH၊ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG၊ ေတာ္လွန္ေရးအင္အားစုေတြ စုေပါင္းေခါင္းေဆာင္မႈနဲ႔ ေအာင္ျမင္တဲ့အထိ ဆက္ေလွ်ာက္ဖို႔က အဓိကျဖစ္တယ္လို႔ GSCN ရဲ႕ ထုတ္ျပန္ခ်က္မွာလည္း ေရးသားထားပါတယ္။ ႏိုင္ငံအႏွံ႔မွာ သီးျခားရပ္တည္ လႈပ္ရွားေနၾကတဲ့ သပိတ္ေကာ္မတီေတြအေနနဲ႔လည္း ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုေပၚေပါက္ေရးဆိုတဲ့ တူညီဆႏၵေတြနဲ႔ လုပ္ေနၾကတာလို႔ မုံ႐ြာသပိတ္ေကာ္တီရဲ႕ ေျပာခြင့္ရ ကိုေအာင္သူၿဖိဳးက ေျပာပါတယ္။

“ က်ေနာ္တို႔ သပိတ္ေကာ္မတီ အသီးသီးမွာလည္း တိက်တဲ့မူေတြ ထုတ္ျပန္ထားတာ ရွိတယ္ေပါ့ေနာ္။ ဥပမာ က်ေနာ္တို႔ မုံ႐ြာသပိတ္ေကာ္မတီဆိုရင္ စစ္အာဏာရွင္စနစ္ လုံးဝခ်ဳပ္ၿငိမ္းေရးရယ္၊ ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ေပၚေပါက္ေရးေပါ့ေနာ္ အဲဒီအေပၚေတြမွာ ရပ္တည္ထားတာဆိုေတာ့ အဲဒီဟာ မျဖစ္မခ်င္း က်ေနာ္တို႔ သပိတ္ေကာ္မတီအေနနဲ႔ လူထုလႈပ္ရွားမႈေတြကို ပုံစံမ်ိဳးစုံနဲ႔ က်ေနာ္တို႔က သြားဖို႔ရွိတယ္။ အဲဒီအတြက္လည္း တဆင့္ခ်င္းအလိုက္ အခ်င္းခ်င္းၾကားထဲမွာ ျပင္ဆင္ေနတာေတြ ရွိပါတယ္။”

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ဆႏၵျပမႈေတြဟာ အခုဆိုရင္ တႏွစ္ျပည့္လုနီးနီး ရွိသြားပါၿပီ။ ဆႏၵျပမႈေတြနဲ႔အတူ
ဖမ္းဆီးမႈႏွိမ္ႏွင္းမႈေတြကလည္း ရွိေနပါတယ္။ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈဥပေဒ၊ မတရားအသင္းဥပေဒ၊ အၾကမ္းဖက္ဥပေဒေတြနဲ႔ ေထာင္ဒဏ္ႏွစ္ရွည္က်ခံရသူ အမ်ားအျပားရွိေနၿပီး တခ်ိဳ႕ကလည္း လေပါင္းမ်ားစြာ တရားရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

....................................................................

တိုက္႐ိုက္ လင့္ခ္


စစ်အာဏာရှင်တိုက်ဖျက်ရေး အင်အားစုတွေ အခက်အခဲတွေကြား ဆက်လက်လှုပ်ရှားမည်

(Unicode)

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာဖို့ နှစ်ချီ ကြာနိုင်တယ်လို့ စစ်အာဏာရှင်အဆုံးသပ်ရေး ကြိုးစားနေကြတဲ့ သပိတ်ကော်မတီတွေက ပြောပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒေသအသီးသီးက အဖွဲ့အစည်းတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကြားကပဲ ဆက်ပြီးစုစည်းထားနိုင်တဲ့အတွက် ရေရှည်ဆက်ပြီးကြိုးစားသွားမယ်လို့ ဇန်နဝါရီ ၂၇ ရက်ကကျင်းပတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပြည်သူ့ညီလာခံမှာ ပြောကြားခဲ့ကြတာပါ။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း ကတင်ပြပါမယ်။

အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ရဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီအရေး ဆွေးနွေးကြတဲ့အခါမှာ မတူညီတဲ့ သဘောထားတွေ မြင်ရတယ်လို့ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ GSCN ကပြောပါတယ်။ GSCN က တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့နဲ့ တူညီတဲ့ သဘောထားအမြင်တွေ ရနိုင်ဖို့ အချိန်ကာလတခုပေးရမယ်ဆိုတာ နားလည်ထားတယ်လို့ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီရဲ့ အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ စောမြလင်းက ဗွီအိုအေကို ပြောပါတယ်။

“ ၃ နှစ်ကနေ ၅ နှစ် ခန့်မှန်းတာပေါ့နော် ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးဆိုတဲ့ဟာမျိုးဟာ ကိုယ်တွေက မြန်မြန်ပြီးစေချင်ပေမဲ့ မပြီးနိုင်ဘူး၊ တော်လှန်ရေးလို့ပြောတဲ့အခါမှာ အမြင်မတူတဲ့ ကိစ္စတွေကို ကျနော်တို့က ပြည်သူ့ညီလာခံ မကျင်းပမီအထိကို တွန်းတွန်းတိုက်တိုက်နဲ့ အတွင်းထဲမှာ အတော်ဆွေးနွေးခဲ့ရတယ်။ ဒါကကနော်တို့ လူမျိုးပေါင်းစုံမှာ ပါဝင်ခဲ့ကြတဲ့သူတွေရဲ့ အတွင်းထဲမှာ၊ စားပွဲဝိုင်းပေါ်မှာ ဦးဆောင်တဲ့ခေါင်းဆောင်တွေ NLD ကခေါင်းဆောင်တွေ၊ CRPH က ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ ကျနော်တို့က ဆွေးနွေးလာလေလေ ကျနော်တို့တော်လှန်ရေးက မပြီးနိုင်ဘူးဆိုတာ ပိုသိသွားတယ်။ အဲဒီတော့ ပထမတော်လှန်ရေးသည် ဒီနေ့ ပြည်သူတရပ်လုံးက မမြင်ချင်တော့တဲ့ကိစ္စကို ဘယ်လိုမျိုး ပြတ်သွားအောင်တော်လှန်မလဲပေါ့။ ဒုတိယတော်လှန်ရေးက ကျနော်တို့လိုလားတဲ့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘာလဲပေါ့ ဆိုတဲ့ဟာမျိုးကို ကျနော်တို့သွားချင်တဲ့ တော်လှန်ရေးပဲ။”

မြန်မာနိုင်ငံမှာ တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားလူနည်းစုတွေက တော်လှန်နေခဲ့တာ အနှစ် ၇၀ ကျော် နေပြီဆိုတာကို သူက ထောက်ပြပြောပါတယ်။ အများလိုလားတဲ့ မူတွေလက်တွေ့ပေါ်လာဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့ပြောပါတယ်။

“ ခွဲခြားဆက်ဆံမှုမရှိတဲ့ ပတ်ဝန်းကျင်အသစ်ကို ငါတို့တည်ဆောက်ကြရအောင်ဆိုတဲ့ဟာ ကျနော်တို့ကြားထဲမှာ အဲဒီကတိကဝတ်က ခိုင်ခိုင်လုံလုံရှိတယ်။ အဲဒီဟာကို လာမယ့်နောက်ပိုင်းကာလမှာ ဒီတိုင်းပြည်မှာ ရှိသင့်ရှိထိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဝါဒတွေက ဘာတွေပိုပြီးရှိသင့်လဲ ဆိုတဲ့ဟာမျိုးကို ကျနော်တို့ GSCN အနေနဲ့ကတော့ ဆက်ပြီးတော့မှ ဒါကိုကြိုးစားပြီးမှ တော်လှန်ဖို့အတွက် ပြင်ထားတယ်ပေါ့။”

ပြည်သူ့ညီလာခံကတဆင့် NUCC ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တော်လှန်ရေးအင်အားစုတွေ စုပေါင်းခေါင်းဆောင်မှုနဲ့ အောင်မြင်တဲ့အထိ ဆက်လျှောက်ဖို့က အဓိကဖြစ်တယ်လို့ GSCN ရဲ့ ထုတ်ပြန်ချက်မှာလည်း ရေးသားထားပါတယ်။ နိုင်ငံအနှံ့မှာ သီးခြားရပ်တည် လှုပ်ရှားနေကြတဲ့ သပိတ်ကော်မတီတွေအနေနဲ့လည်း ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးဆိုတဲ့ တူညီဆန္ဒတွေနဲ့ လုပ်နေကြတာလို့ မုံရွာသပိတ်ကော်တီရဲ့ ပြောခွင့်ရ ကိုအောင်သူဖြိုးက ပြောပါတယ်။

“ ကျနော်တို့ သပိတ်ကော်မတီ အသီးသီးမှာလည်း တိကျတဲ့မူတွေ ထုတ်ပြန်ထားတာ ရှိတယ်ပေါ့နော်။ ဥပမာ ကျနော်တို့ မုံရွာသပိတ်ကော်မတီဆိုရင် စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းရေးရယ်၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးပေါ့နော် အဲဒီအပေါ်တွေမှာ ရပ်တည်ထားတာဆိုတော့ အဲဒီဟာ မဖြစ်မချင်း ကျနော်တို့ သပိတ်ကော်မတီအနေနဲ့ လူထုလှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ ကျနော်တို့က သွားဖို့ရှိတယ်။ အဲဒီအတွက်လည်း တဆင့်ချင်းအလိုက် အချင်းချင်းကြားထဲမှာ ပြင်ဆင်နေတာတွေ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အခုဆိုရင် တနှစ်ပြည့်လုနီးနီး ရှိသွားပါပြီ။ ဆန္ဒပြမှုတွေနဲ့အတူ
ဖမ်းဆီးမှုနှိမ်နှင်းမှုတွေကလည်း ရှိနေပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှုဥပဒေ၊ မတရားအသင်းဥပဒေ၊ အကြမ်းဖက်ဥပဒေတွေနဲ့ ထောင်ဒဏ်နှစ်ရှည်ကျခံရသူ အများအပြားရှိနေပြီး တချို့ကလည်း လပေါင်းများစွာ တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

XS
SM
MD
LG