သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယခုႏွစ္အတြင္း ၅ႀကိမ္ေျမာက္ ေျမာက္ကိုရီယား ဒုံးက်ည္စမ္းသပ္ပစ္ခတ္


နည္းဗ်ဴဟာေျမာက္ ပဲ့ထိန္းဒံုးက်ည္အား ေျမာက္ကိုရီးယားပစ္လႊတ္စဥ္ (ဓာတ္ပံု - ရိုက္တာ)

တာတိုပစ္ဒုံးက်ည္ႏွစ္စင္းကို ဒီကေန႔ အဂၤါေန႔အေစာပိုင္းကပဲ ေျမာက္ကိုရီးယားကေန ပစ္လႊတ္လိုက္တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္ကေျပာပါတယ္ ဒါဟာဆိုရင္ ေျမာက္ကိုရီးယားၿမိဳ႕ေတာ္ၿပဳံယမ္းကေန ဒီႏွစ္သစ္ကစလို႔ ငါးႀကိမ္ေျမာက္ပစ္လႊတ္မႈလည္းျဖစ္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံထဲကေန ကုန္းတြင္းပိုင္းကေန ပစ္လႊတ္လိုက္တဲ့ ဒီဒုံးက်ည္ႏွစ္စင္းဟာ ေတာင္ကိုရီးယား အေရွ႕ကမ္းလြန္ပင္လယ္ထဲ က်ေရာက္ေပါက္ကြဲခဲ့တယ္လို႔ ေတာင္ကိုရီးယားယုံဟတ္သတင္းေအဂ်င္စီက သတင္းထုတ္ျပန္ပါတယ္။ ဒီပစ္လႊတ္မႈနဲ႔ပတ္သက္ၿပီးလည္း ေတာင္ကိုရီးယားစစ္ဘက္ကေန ဗြီအိုေအကို အတည္ျပဳၿပီး အေသးစိတ္ကို စုံစမ္းေနတုန္းပဲလို႔ဆိုပါတယ္။ ဒီႏွစ္စပိုင္းမွာကို ေျမာက္ကိုရီးယားကေန ဒုံးက်ည္ပစ္လႊတ္မႈေပါင္း သီးသန႔္အႀကိမ္ေရ ငါးႀကိမ္ရွိခဲ့ၿပီး ဒုံးက်ည္ ရွစ္စင္းအထိ လႊတ္တင္ခဲ့ၿပီးျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္တုန္းကလည္း ေျမာက္ကိုရီးယားဘက္က န်ဴကလီးယားစမ္းသပ္မႈလုပ္မယ္ တာေဝးပစ္ပဲ့ထိန္းဒုံးက်ည္ေတြ ပစ္လႊတ္မယ္လို႔လည္း ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။ ေျမာက္ကိုရီးယားအေနနဲ႔ ballistic missile ပဲ့ထိန္းတပ္ဒုံးက်ည္ပစ္လႊတ္ဖို႔ ႀကိဳးပမ္းမႈေတြမလုပ္ေဆာင္ဖို႔ ကုလသမဂၢလုံၿခဳံေရးေကာင္စီဘက္က တားျမစ္ထားေပမဲ့ cruise missile ပစ္လႊတ္မႈကိုေတာ့ မတားဆီးထားပါဘူး။ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ျပည္ေထာင္စုၾကား စစ္ေရးပူးေပါင္းေလ့က်င့္မႈေတြနဲ႔ပတ္သက္လို႔ ဒါဟာ ရန္စလိုတဲ့မူဝါဒျဖစ္ေၾကာင္း ေျမာက္ကိုရီးယားဘက္က မေက်နပ္ေၾကာင္း ေျပာဆိုထားပါတယ္။ ေတာင္ကိုရီးယားမွာ အေမရိကန္စစ္တပ္က စစ္သားႏွစ္ေသာင္းရွစ္ေထာင္ အေျခစိုက္ထားၿပီး သမၼတဘိုင္ဒင္အစိုးရလက္ထက္မွာေတာ့ ႀကိဳတင္သတ္မွတ္ခ်က္မပါတဲ့ ေဆြးေႏြးမႈေတြလုပ္ဖို႔ လမ္းဖြင့္ထားပါတယ္။

........................................................................................

ယခုနှစ်အတွင်း ၅ကြိမ်မြောက် မြောက်ကိုရီယား ဒုံးကျည်စမ်းသပ်ပစ်ခတ်

(Unicode)

တာတိုပစ်ဒုံးကျည်နှစ်စင်းကို ဒီကနေ့ အင်္ဂါနေ့အစောပိုင်းကပဲ မြောက်ကိုရီးယားကနေ ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားစစ်တပ်ကပြောပါတယ် ဒါဟာဆိုရင် မြောက်ကိုရီးယားမြို့တော်ပြုံယမ်းကနေ ဒီနှစ်သစ်ကစလို့ ငါးကြိမ်မြောက်ပစ်လွှတ်မှုလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံထဲကနေ ကုန်းတွင်းပိုင်းကနေ ပစ်လွှတ်လိုက်တဲ့ ဒီဒုံးကျည်နှစ်စင်းဟာ တောင်ကိုရီးယား အရှေ့ကမ်းလွန်ပင်လယ်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တောင်ကိုရီးယားယုံဟတ်သတင်းအေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။ ဒီပစ်လွှတ်မှုနဲ့ပတ်သက်ပြီးလည်း တောင်ကိုရီးယားစစ်ဘက်ကနေ ဗွီအိုအေကို အတည်ပြုပြီး အသေးစိတ်ကို စုံစမ်းနေတုန်းပဲလို့ဆိုပါတယ်။ ဒီနှစ်စပိုင်းမှာကို မြောက်ကိုရီးယားကနေ ဒုံးကျည်ပစ်လွှတ်မှုပေါင်း သီးသန့်အကြိမ်ရေ ငါးကြိမ်ရှိခဲ့ပြီး ဒုံးကျည် ရှစ်စင်းအထိ လွှတ်တင်ခဲ့ပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း မြောက်ကိုရီးယားဘက်က နျူကလီးယားစမ်းသပ်မှုလုပ်မယ် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။ မြောက်ကိုရီးယားအနေနဲ့ ballistic missile ပဲ့ထိန်းတပ်ဒုံးကျည်ပစ်လွှတ်ဖို့ ကြိုးပမ်းမှုတွေမလုပ်ဆောင်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဘက်က တားမြစ်ထားပေမဲ့ cruise missile ပစ်လွှတ်မှုကိုတော့ မတားဆီးထားပါဘူး။ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုကြား စစ်ရေးပူးပေါင်းလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ ဒါဟာ ရန်စလိုတဲ့မူဝါဒဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က မကျေနပ်ကြောင်း ပြောဆိုထားပါတယ်။ တောင်ကိုရီးယားမှာ အမေရိကန်စစ်တပ်က စစ်သားနှစ်သောင်းရှစ်ထောင် အခြေစိုက်ထားပြီး သမ္မတဘိုင်ဒင်အစိုးရလက်ထက်မှာတော့ ကြိုတင်သတ်မှတ်ချက်မပါတဲ့ ဆွေးနွေးမှုတွေလုပ်ဖို့ လမ်းဖွင့်ထားပါတယ်။

XS
SM
MD
LG