သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇရပ်ကြီးမြို့တိုက်ပွဲ စစ်ကောင်စီလေကြောင်းသုံးတိုက်ခိုက်


ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့တနေရာ
ကရင်အမျိုးသား အစည်းအရုံး ၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်း ထန်တပင်မြို့နယ် ဇရပ်ကြီးမြို့တနေရာ

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်း မဟာမိတ်တပ်တွေနဲ့ တို့ တိုက်ပွဲတွေပြင်းထန်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် သေဆုံးသူ တဒါဇင်ထက်မနည်းရှိနေပြီး ဒဏ်ရာရသူတွေလည်းအတော်များသလို အရပ်သား ၃,၀၀၀ ကျော်လောက် နေရပ်စွန့်ခွါပြီးထွက်ပြေးနေရသလို သေဆုံးသူတွေလည်း အများအပြားရှိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေတို့ တိုက်ပွဲတွေပြင်းထန်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကတိုက်ခိုက်တာတွေကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအဝင် ဒေသခံ တဒါဇင်ကျော် သေဆုံးခဲ့ရတယ်လို့ မျက်မြင်တွေ့ရတဲ့ ဒေသခံတဦးကပြောပါတယ်။

"သေဆုံးသူ ဆယ်ဂဏန်းကျော်တယ်။ ဒဏ်ရာရသူတွေလည်း ၅၀ ကျော် ၆၀ နီးပါးလောက်ရှိတယ်။ သေတဲ့သူတွေလည်း များတယ်။ သိတဲ့သူတွေပဲ ၁၅ ယောက်ကနေ အယောက် ၂၀ လောက်ရှိတယ်။ မသိတဲ့နေရာတွေမှာလည်း ပြေးလွှားနေကြတဲ့အချိန်မှာ ပြန်မကြည့်နိုင်ဘူး။ အဲဒီနေရာတွေမှာလည်း သေတဲ့သူတွေ အတော်များများရှိပါတယ်။"

ဒေသခံထောင်နဲ့ချီပြီး ဘေးလွတ်ရာတောင်ငူမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ ထွက်ပြေးလာသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက လက်နက်ကြီးတွေပစ်ခတ်နေတဲ့ကြားက သွားရောက်ကူညီခဲ့ကြရပြီး ဘုန်းတော်ကြီးကျောင်းတွေ စစ်ဘေးရှောင်တွေထားတဲ့နေရာတွေကို ပို့ပြီး ကူညီခဲ့ရတယ်လို့ ရွှေမင်းဝံကျောင်းက ဆရာတော် အရှင်စန္ဒောဘာသ (ရှင်ရေးကူညီမှုအသင်း) က မိန့်ပါတယ်။

"၃,၀၀၀ ကျော်လောက်ရှိပြီ။ ဦးဇင်းတို့ကျောင်းမှာ ရွှေမင်းဝံမှာတော့ ၂၅၀ ကနေ ၃၀၀ ကြားလောက်ရှိတယ်။"

သေဆုံးသူတွေကို တွေ့နေရပေမယ့် လက်နက်ကြီးတွေကျရောက်ပေါက်ကွဲနေတာကြောင့် အလောင်းမကောက်နိုင်သေးတာတွေလည်း ရှိနေပါတယ်။

ဇရပ်ကြီးမြို့နယ်အတွင်း ရပ်ကွက်တွေ အင်ကြင်းသာ၊ အင်ကြင်းတုန်း၊ ကျုံပါအရပ်က ဒေသခံကလေးတွေနဲ့ အမျိုးသမီးတချို့ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားကြတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

လူအသေတချို့တွေ့ရပေမယ့် ဒဏ်ရာရသူတွေနဲ့ ပိတ်မိနေတွေကိုသာ ဦးစားပေးကယ်ဆယ်နိုင်သေးတယ်လို့လည်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ရွှေမင်းဝံကျောင်းဆရာတော်က ထပ်ပြီးမိန့်ပါတယ်။

"လူအသေအပျောက်ကတော့ မရှာနိုင်သေးဘူး။ တယောက်ပဲတွေ့သေးတယ်။ လူအသေအပျောက်တွေကို ဘယ်သူတွေမှန်း အသိမှတ်ပြုလို့မရသေးဘူး။ တယောက်နှစ်ယောက်တော့တွေ့တယ်။ သူတို့က လက်နက်ကြီးနဲ့ထိတာတော့ မဟုတ်ဘူး။ (လေကြောင်း) အပစ်ခံရတယ်လို့ထင်တယ်။ တယောက်နှစ်ယောက်ပဲ တွေ့တယ်။ မရှာနိုင်သေးဘူး။ ရှာဖို့ခက်ခဲလို့လေ။ လက်နက်ကြီးတွေကလည်း ကျနေသေးလို့လေ၊ ဦးဇင်းတို့က သေတဲ့သူတွေကိုတော့ မရှာနိုင်၊ မကူညီနိင်ကြသေးဘူး။ လက်နက်ကြီးထိမှန်သူတွေကို ဆေးရုံကိုပို့ပေးတယ်။ ဦးဇင်းတို့က စစ်ဘေးရှောင်ပြည်သူတွေပါ။ မြေပြင်က ဇရပ်ကြီးကိုဝင်ပြီး ပိတ်မိနေသူတွေကို ကားတွေပေါ်တင်၊ တခါတင် လူ ၄၀-၅၀ လောက် တင်လာပြီး နောက်မှ ကားသေးလေးတွေနဲ့ နေရာတွေကိုပြန်ကယ်ထုတ်၊ အဲဒါမျိုးတာဝန်ယူတာပါ။"

ထန်းတပင်၊ ဇရပ်ကြီးမြို့ဟာ အခုဆိုရင် မြို့ပျက်တခုလိုဖြစ်သွားပြီး လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အိမ်တွေပျက်စီး မီးလောင်ခဲ့ပြီး ဒေသခံတွေကတော့ ဖေဖေါ်ဝါရီ ၈ ရက်နေ့အထိ နေရပ်စွန့်ခွါထွက်ပြေးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG