သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ နဲ႔ ကိုးကန္႔ တိုက္ပဲြ အရပ္သားေတြ ထိခိုက္ေသဆံုး


ပန္ဆိုင္း တိုက္ပြဲေတြကေန တိမ္းေရွာင္ ခိုလံႈေနရသူမ်ား၊ ၾသဂုတ္လ ၁၅၊ ၂၀၂၁။ (ဓာတ္ပံု- MNWM / AFP)

(Zawgyi / Unicode)

ရွမ္းျပည္နယ္ေျမာက္ပိုင္း မုန္းကိုး ေဖာင္းဆိုင္ေဒသမွာ စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္ဖဲြ႔အၾကား တိုက္ပဲြေတြ ေန႔စဥ္နီးပါး ႐ွိေနပါတယ္။ ဒီတိုက္ပဲြေတြအတြင္း ေက်းရြာက လူေနအိမ္ေတြ ထိခိုက္သလို အရပ္သား ထိခိုက္ေသဆံုးတာေတြလည္း ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့ တရုတ္ျမန္မာနယ္စပ္ေဒသ တိုက္ပဲြအေျခအေနကို ကိုရဲမြန္ ေျပာျပပါမယ္။

တရုတ္ ျမန္မာနယ္စပ္ေဒသ ၾကဴကုတ္(ပန္ဆိုင္း)၊ မံုးကိုးနဲ႔ ေဖာင္းဆုိင္ေဒသေတြမွာ ဇူလိုင္လဆန္းတည္းက စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကားမွာ တိုက္ပဲြေတြ ျပင္းထန္ခဲ့တာပါ။

စစ္ေရးတင္းမာမႈေတြ ေလွ်ာ့ခ်ႏိုင္ဖို႔ မံုးကိုးေဒသက တပ္စခန္း ၃ ခု ဆုတ္ခြာမွာျဖစ္ေၾကာင္း ကိုးကန္႔တပ္ဘက္က ႏိုဝင္ဘာ ၁၀ ရက္က ေၾကညာခဲ့ေပမဲ့ ဒီကေန႔အခ်ိန္ထိ တိုက္ပဲြေတြဟာ ဆက္လက္ျပင္းထန္ေနဆဲ ရိွပါတယ္။

လက္ရွိေဒသတြင္း တိုက္ပဲြျဖစ္ပြားေနတဲ့အေျခအေနကို မံုးကိုးေဒသခံတဦးက ဗြီအိုေအ ကို အခုလို ေျပာပါတယ္။

“ မံုးကိုးဘက္မွာ ေကာင္းေတာ့ ေကာင္းပါတယ္ဗ်။ ေဖာင္းဆုိင္ဘက္မွာ တိုက္ပဲြေတြ ဆက္တုိက္ျဖစ္ေနတာေပါ့ေနာ။ ၁၇ ရက္ေန႔ေပါ့။ စ အသံၾကားတာပဲ။ ဒီေန႔လည္း ျဖစ္တာပဲ။ လက္နက္ၾကီးေတြေပါ့။ အသံၾကားေနရတာပဲ။ ေနရာတိုင္းျဖစ္ေနတာေပါ့ေနာ။ ၃- ၄ေနရာေတာ့ ျဖစ္ေနရတာေပါ့။ တခါတေလ အသံေတြ ဟိုဘက္ၾကားလိုက္၊ ဒီဘက္ၾကားလိုက္နဲ႔ ။ ဆက္တိုက္ၾကားေနရတာ အဲဒါမ်ိဳး။ ”

ဘယ္ေနရာမွာ တိုက္ပဲြျဖစ္ၿပီး ဘယ္ေလာက္ ထိခိုက္က်ဆံုးတယ္ဆုိတာေတာ့ မသိေၾကာင္း မံုးကိုးေဒသခံက ေျပာပါတယ္။

ကခ်င္လြတ္ေျမာက္ေရးတပ္ဖဲြ႔ KIA တပ္မဟာ ၆ ဟာ ၾကဴကုတ္(ပန္ဆိုင္း)နဲ႔ မံုးကိုးေဒသေတြမွာ အေျခစိုက္ပါတယ္။ ဒီေဒသတြင္းအေျခအေနကိုေတာ့ KIA ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူက အခုလို ေျပာပါတယ္။

“ မံုးကိုးတို႔ ေဖာင္းဆိုင္တို႔ အဲဒီဘက္မွာ MNDAA နဲ႔ စစ္ေကာင္စီကေတာ့ တိုက္ပဲြေတြက ေန႔တိုင္းလုိလုိ ဆက္တိုက္ျဖစ္ေနတာ။ အဲဒါ အေျခအေနေလာက္ေတာ့ က်ေနာ္တုိ႔ ၾကားသိရပါတယ္။ ေနာက္တခုရိွတာကေတာ့ စစ္ေကာင္စီဘက္ကေန လက္နက္ၾကီးေတြ ပစ္ခတ္လုိ႔ေပါ့။ ရြာေတြထဲမွာ က်သြားတာ၊ ရြာက ျပည္သူလူထုေတြ ထိခုိက္တာလည္း ရိွတယ္။ အိမ္ေတြ ထိခိုက္တာလည္း ရိွတယ္။ အဲဒီသတင္းေတြကေတာ့ အၿမဲတမ္း တက္ပါတယ္။ ”

မံုးကိုး၊ ေဖာင္းဆိုင္ေဒသက စစ္ေျပးဒုကၡသည္ေတြကို ကူညီေဆာင္ရြက္ေနသူတစ္ဦးကေတာ့ ၿပီးခဲ့တဲ့ရက္က လက္နက္ၾကီး ထိမွန္တာေၾကာင့္ ေဒသခံအမ်ိဳးသမီးတဦး ေသဆံုးခဲ့ေၾကာင္း ေျပာပါတယ္။

“ တျမန္ေန႔ကေပါ့။ အဲဒီ ေဖာင္းဆုိင္ ဘန္ေမြးေက်းရြာေပ့ါ။ အဲဒီက အမ်ိဳးသမီးတေယာက္က အဲဒီ ဗံုးမွန္ၿပီးမွ ဆံုးသြားတာ။ အဲဒါေတာ့ ၾကားလိုက္တယ္။ ၾကိဳၾကား ၾကိဳၾကား။ အဲဒီ သူတို႔ အေ၀းကေန လက္နက္ၾကီးေတြနဲ႔ လွမ္းပစ္ေနတယ္လုိ႔ေတာ့ ၾကားတယ္။”

ဒီေသဆံုးမႈဟာ ၁၉ ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ေၾကာင္း MNDAA ကိုးကန္႔တပ္ဖဲြ႔ရဲ့ လူမႈကြန္ရက္သတင္း စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

MNDAA ကိုးကန္႔တပ္ဖဲြ႔က မံုးကိုး၊ ေဖာင္းဆိုင္ေဒသဘက္ကို စစ္ေကာင္စီဘက္က အင္အားျဖည့္တင္းတာေတြ ရိွေနသလို ဒီလ ၂၁ ရက္ေန႔က တုိက္ပဲြ ၆ ၾကိမ္ျဖစ္ပြားခဲ့ေၾကာင္း၊ လက္နက္ၾကီးက်ည္ ေထာင္နဲ႔ခ်ီ ပစ္ခတ္ေနေၾကာင္း ရးသားထားပါတယ္။

ဒီတိုက္ပဲြအတြင္း စစ္ေကာင္စီဘက္က ၂၀ ေလာက္က်ဆံုးခဲ့သလို MNDAA ကိုးကန္႔တပ္က ၃ဦးထိခိုက္ၿပီး ၁ဦးက်ဆံုးေၾကာင္း ကိုးကန္႔တပ္ဖဲြ႔ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီဘက္ကေတာ့ ကိုးကန္႔တုိက္ပဲြ အေျခအေနနဲ႔ ပတ္သက္ၿပီး သတင္းထုတ္ျပန္တာ မရိွပါဘူး။

စစ္ေကာင္စီတပ္နဲ႔ MNDAA ကိုးကန္႔တပ္အၾကား တုိက္ပဲြျဖစ္ပြားတာေၾကာင့္ ေဒသခံျပည္သူ ၂ ေထာင္ေက်ာ္ဟာ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနၾကရသလို လက္နက္ၾကီး ထိမွန္တာနဲ႔ မိုင္းနင္းမိတာေၾကာင့္ အရပ္သား ၁၀ ဦးထက္ မနည္း ေသဆံုးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကောင်စီ နဲ့ ကိုးကန့် တိုက်ပွဲ အရပ်သားတွေ ထိခိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုး ဖောင်းဆိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့အကြား တိုက်ပွဲတွေ နေ့စဉ်နီးပါး ရှိနေပါတယ်။ ဒီတိုက်ပွဲတွေအတွင်း ကျေးရွာက လူနေအိမ်တွေ ထိခိုက်သလို အရပ်သား ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်မြန်မာနယ်စပ်ဒေသ တိုက်ပွဲအခြေအနေကို ကိုရဲမွန် ပြောပြပါမယ်။

တရုတ် မြန်မာနယ်စပ်ဒေသ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆိုင်ဒေသတွေမှာ ဇူလိုင်လဆန်းတည်းက စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ဖို့ မုံးကိုးဒေသက တပ်စခန်း ၃ ခု ဆုတ်ခွာမှာဖြစ်ကြောင်း ကိုးကန့်တပ်ဘက်က နိုဝင်ဘာ ၁၀ ရက်က ကြေညာခဲ့ပေမဲ့ ဒီကနေ့အချိန်ထိ တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေဆဲ ရှိပါတယ်။

လက်ရှိဒေသတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို မုံးကိုးဒေသခံတဦးက ဗွီအိုအေ ကို အခုလို ပြောပါတယ်။

“ မုံးကိုးဘက်မှာ ကောင်းတော့ ကောင်းပါတယ်ဗျ။ ဖောင်းဆိုင်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပေါ့နော။ ၁၇ ရက်နေ့ပေါ့။ စ အသံကြားတာပဲ။ ဒီနေ့လည်း ဖြစ်တာပဲ။ လက်နက်ကြီးတွေပေါ့။ အသံကြားနေရတာပဲ။ နေရာတိုင်းဖြစ်နေတာပေါ့နော။ ၃- ၄နေရာတော့ ဖြစ်နေရတာပေါ့။ တခါတလေ အသံတွေ ဟိုဘက်ကြားလိုက်၊ ဒီဘက်ကြားလိုက်နဲ့ ။ ဆက်တိုက်ကြားနေရတာ အဲဒါမျိုး။ ”

ဘယ်နေရာမှာ တိုက်ပွဲဖြစ်ပြီး ဘယ်လောက် ထိခိုက်ကျဆုံးတယ်ဆိုတာတော့ မသိကြောင်း မုံးကိုးဒေသခံက ပြောပါတယ်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ ၆ ဟာ ကြူကုတ်(ပန်ဆိုင်း)နဲ့ မုံးကိုးဒေသတွေမှာ အခြေစိုက်ပါတယ်။ ဒီဒေသတွင်းအခြေအနေကိုတော့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ မုံးကိုးတို့ ဖောင်းဆိုင်တို့ အဲဒီဘက်မှာ MNDAA နဲ့ စစ်ကောင်စီကတော့ တိုက်ပွဲတွေက နေ့တိုင်းလိုလို ဆက်တိုက်ဖြစ်နေတာ။ အဲဒါ အခြေအနေလောက်တော့ ကျနော်တို့ ကြားသိရပါတယ်။ နောက်တခုရှိတာကတော့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေ ပစ်ခတ်လို့ပေါ့။ ရွာတွေထဲမှာ ကျသွားတာ၊ ရွာက ပြည်သူလူထုတွေ ထိခိုက်တာလည်း ရှိတယ်။ အိမ်တွေ ထိခိုက်တာလည်း ရှိတယ်။ အဲဒီသတင်းတွေကတော့ အမြဲတမ်း တက်ပါတယ်။ ”

မုံးကိုး၊ ဖောင်းဆိုင်ဒေသက စစ်ပြေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်နေသူတစ်ဦးကတော့ ပြီးခဲ့တဲ့ရက်က လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံအမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း ပြောပါတယ်။

“ တမြန်နေ့ကပေါ့။ အဲဒီ ဖောင်းဆိုင် ဘန်မွေးကျေးရွာပေ့ါ။ အဲဒီက အမျိုးသမီးတယောက်က အဲဒီ ဗုံးမှန်ပြီးမှ ဆုံးသွားတာ။ အဲဒါတော့ ကြားလိုက်တယ်။ ကြိုကြား ကြိုကြား။ အဲဒီ သူတို့ အဝေးကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်လို့တော့ ကြားတယ်။”

ဒီသေဆုံးမှုဟာ ၁၉ ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လူမှုကွန်ရက်သတင်း စာမျက်နှာမှာဖော်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့က မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်ကို စစ်ကောင်စီဘက်က အင်အားဖြည့်တင်းတာတွေ ရှိနေသလို ဒီလ ၂၁ ရက်နေ့က တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီးကျည် ထောင်နဲ့ချီ ပစ်ခတ်နေကြောင်း ရးသားထားပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ လောက်ကျဆုံးခဲ့သလို MNDAA ကိုးကန့်တပ်က ၃ဦးထိခိုက်ပြီး ၁ဦးကျဆုံးကြောင်း ကိုးကန့်တပ်ဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ကိုးကန့်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိပါဘူး။

စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၂ ထောင်ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသလို လက်နက်ကြီး ထိမှန်တာနဲ့ မိုင်းနင်းမိတာကြောင့် အရပ်သား ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG