သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အိုလံပစ် ကန်သမ္မတကတော် ကိုယ်တိုင် တက်ရောက်မည်


(Zawgyi/ Unicode)

တိုကျိုအိုလံပစ်ပွဲကို သွားမယ့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို သမ္မတကတော် ဂျေးဘိုင်ဒန် က ဦးဆောင်လိုက်ပါ သွားမယ်လို့ သမ္မတအိမ်ဖြူတော်က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။ သမ္မတ ဘိုင်ဒန်တော့ လိုက်ပါမှာ မဟုတ်ဘူးလို့လည်း တဆက်တည်းမှာပဲ ပြောပါတယ်။

ကိုဗစ်ရောဂါအခြေအနေတွေဆိုးလာတာကြောင့် တိုကျိုမြို့တာဝန်ရှိသူတွေက အိုလံပစ်ကျင်းပရေးတာဝန်ရှိသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အိုလံပစ်ပွဲကို ပရိသတ် မပါဘဲကျင်းပဖို့ ပြီးခဲ့တဲ့ အပတ်ကပဲ သဘောတူဆုံးဖြတ်ထားပါတယ်။ ကိုဗစ်ကြောင့် ဂျပန်အစိုးရကလည်း တိုကျိုနဲ့ ပတ်ဝန်းကျင် တဝိုက်ကို အရေးပေါ် အခြေအနေကြေညာချက် ထုတ်ပြန်ထားပါတယ်။

အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က သမ္မတကတော် ဦးဆောင်သွားရောက်ဖို့အတွက် မြေပြင်အခြေအနေတွေလေ့လာဖို့ အဖွဲ့တဖွဲ့ကို ကြိုလွှတ်ထားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း သူမက ဂျပန်မှာ ကိုဗစ်အခြေအနေတွေဆိုးနေပေမယ့် သမ္မတ ဘိုင်ဒန်ကတော့ အိုလံပစ်ပွဲမှာ ပါဝင်မယ့် အမေရိကန်အားကစားသမားတွေကို ထောက်ခံအားပေးကြောင်း သတင်းစာရှင်းလင်းပွဲ တခုမှာပြောပါတယ်။

သမ္မတကတော်ရဲ့ ဂျပန်ခရီးစဉ်ဟာ သမ္မတ မပါဘဲ တယောက်တည်းသွားမယ့် ပထမဆုံး ပြည်ပ ခရီးစဉ်ဖြစ်ပါတယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG