သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရမှု ၅ ဦးဒဏ်ရာရ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည့် တိုက်ခိုက်မှုဆိုင်ရာသတင်းတွင်ပါသည့်ပုံတပုံ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည့် တိုက်ခိုက်မှုဆိုင်ရာသတင်းတွင်ပါသည့်ပုံတပုံ။

ရခိုင်ပြည်နယ်မှာ စစ်မော်တော်ယာဉ်တစီး သောကြာနေ့က ခြုံခို တိုက်ခိုက်တာ ခံခဲ့ရတဲ့အတွက် လုံခြုံရေး တပ်သား ၅ ဦး ဒဏ်ရာရခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ARSA အကြမ်းဖက်အဖွဲ့က ကြေညာပါ တယ်။

ရခိုင်ပြည်နယ်တွင်း မွတ်ဆလင်အများစုနေထိုင်ရာ မြောက်ပိုင်းမှာ သြဂုတ်လ ၂၅ ရက်က လုံခြုံရေးကင်းစခန်း ၃၀ ကို ARSA အဖွဲ့က တပြိုင်ထဲစီးနင်းတိုက်ခိုက်တဲ့အတွက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ရာကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရိုဟင်ဂျာ ၆ သိန်းခွဲလောက် ထွက်ပြေးခဲ့ကြပါတယ်။

ဒီလိုထွက်ပြေးတာဟာ မြန်မာစစ်တပ်ရဲ့ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားရေးလုပ်ရပ်အဖြစ် ကုလသမဂ္ဂက အပြစ်တင်ထားပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး ဒီ ARSA အဖွဲ့ရဲ့ ကြိုကြားကြိုကြား တိုက်ခိုက်မှုတွေ ရှိနေသလို သောကြာနေ့မှာတော့ အကြမ်းဖက်သမား ၁၀ ယောက်လောက်က စစ်တပ် ထရပ်ကားကို တိုက်ခိုက်ခဲ့တဲ့အတွက် တပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်တပ်ကပြောပါတယ်။

ARSA အဖွဲ့ကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်းနဲ့ အသေးစိတ်ကို နောက်မှ ထုတ်ပြန်မယ့် အကြောင်းပြောပါတယ်။

တိုက်ခိုက်တဲ့နေရာတဝိုက်မှာ နေထိုင်သူတွေကတော့ သေနတ်သံတွေ ကြိုကြားကြိုကြား ကြားနေရကြောင်း ပြောပါတယ်။ အဲဒီဒေသကိုသတင်းထောက်တွေ သွားခွင့်မရှိပါဘူး။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဆွေးနွေးပြီး အစီစဉ်တွေ လုပ်နေကြ ပေမယ့် အဲဒီဒေသတွင်း လုံခြုံရေးကို အာမမခံနိုင်တဲ့အတွက် ဒုက္ခသည်တွေ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး ဘယ်လောက် မြန်ဆန်နိုင်တယ်ဆိုတာကတော့ မသိနိုင်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG