သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Florence မုန်တိုင်းကြောင့် ကန်အရှေ့ခြမ်း ပြည်နယ်သုံးခု အရေးပေါ်အခြေအအနေကြေညာ


 Florence မုန်တိုင်းဝင်ရောက်လာနိုင်သည့် ပြည်နယ်များ
Florence မုန်တိုင်းဝင်ရောက်လာနိုင်သည့် ပြည်နယ်များ

အမေရိကန်ပြည်ထောင်စု အရှေ့ဘက်အခြမ်းမှာ ဟာရီကိန်းမုန်တိုင်း Florence ဟာ ဒေသစံတော်ချိန် တနင်္လာနေ့မှာ ပိုမိုအားကောင်းလာပြီး အားပြင်းမုန်တိုင်းကြီးတခု ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းကြပါတယ်။

အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ Virginia ပြည်နယ်၊ တောင်နဲ့ မြောက် ကာရိုလိုင်းနားပြည်နယ်တွေမှာတော့ အရေးပေါ်အခြေအနေတွေ ထုတ်ပြန် ထားပါတယ်။

အခုအချိန်မှာ Florence မုန်တိုင်းဟာ အပူပိုင်းမုန်းတိုင်းတခုအသွင် အားပျော့နေပေမယ့် တနင်္ဂနွေနေ့မှာ အတ္တလန်တိတ်သမုဒ္ဒရာ တောင်ပိုင်းက ပူနွေးတဲ့ရေပြင်ရှိရာ ရွေ့လျားသွားရင် အားပြင်းတဲ့ ဟာရီကိန်းအသွင် ပြန်ဆောင်လာနိုင်တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်းမှာ Florence မုန်တိုင်းဟာ Bermuda အရှေ့တောင်ပိုင်း ကီလိုမီတာ ၁,၂၀၀ လောက် (မိုင် ၇၅၀ လောက်) ကိုရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီမုန်တိုင်းရဲ့ ဦးတည်ရာကို အသေအချာ ခန့်မှန်းလို့မရနိုင်သေးဘဲ မုန်တိုင်းဟာ ပင်လယ်ပြင်ထဲမှာပဲ မွှေနှောက်နေနိုင်သလို ကုန်းတွင်းပိုင်းကိုလည်း ဝင်ရောက်လာနိုင်ခြေ ရှိနေပါတယ်။ ဒါပေမယ့် မိုင်ယာမီမှာရှိတဲ့ အမျိုးသား ဟာရီကိန်းစင်တာကတော့ ဒီမုန်တိုင်းဟာ Bermuda နဲ့ ဘဟားမားဒေသ ကြားကို အင်္ဂါနေ့လောက်မှာ ရောက်ရှိလာနိုင်သလို အမေရိကန်အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို ကြာသပတေးနေ့လောက်မှာ ဝင်ရောက်နိုင်ပြီး သိပ်ကို အန္တရာယ်ကြီးတဲ့ ဟာရီကိန်းမုန်တိုင်းကြီးတခုဖြစ်ကြောင်း သတိပေးထားပါတယ်။

Virginia ပြည်နယ်၊ တောင်နဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်တွေအတွက် အရေးပေါ်အခြေအနေထုတ်ပြန်ထားပြီးဖြစ်သလို မြောက်ဖက် New Jerse ပြည်နယ်အထိ အရှေ့ပိုင်းကမ်းရိုးတန်းတလျှောက် ပြည်နယ်တွေမှာ နေထိုင်သူတွေအတွက် မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Florence မုန်တိုင်းဒဏ် တိုက်ရိုက်က်မခံစားရသည့်တိုင် တဖြေးဖြေးရွေ့လျားလာတဲ့ ကမ်းရိုးတန်းမုန်တိုင်း ဖြစ်လာနိုင်ပြီး မိုးအကြီးအကျယ် ရွာသွန်းနိုင်ကြောင်း ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG