သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စားနပ်ရိက္ခာပြတ်မယ့်အရေး ဒုက္ခသည်တွေ စိုးရိမ်နေ


မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးတဲ့ ဒုက္ခသည်အရေအတွက် နေ့စဉ်နဲ့အမျှ ပိုများလာတဲ့အတွက် စားနပ်ရိက္ခာ ပြတ်တောက်မယ့်အရေး ဒုက္ခသည်တွေ စိုးရိမ်နေကြပါတယ်။

ကလေးတွေအတွက် ဆန်နှစ်ခွက်ရတယ်ဆိုရင် အားလုံးအတွက် လက်တဆုပ်စာလောက် စားစရာကို ပေးနိုင်ပါသေးတယ်၊ ဆန်လဲမရဘူး၊ တခြား အကူအညီလဲမရဘူး၊ ခင်ပွန်းဖြစ်သူဟာလဲ ဒုက္ခသည်စခန်းအပြင်ဘက်ထွက်ပြီး အလုပ်မလုပ်ရဘူးဆိုရင် ရှိတဲ့အနည်းအကျဉ်းလေးနဲ့ပဲ ရအောင် ရှင်သန်ရပါတယ်၊ အခက်အခဲအများကြီးရှိနေပါတယ်လို့ ကလေး ၅ ယောက်မိခင် ဒုက္ခသည်တဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေး သဘောတူညီချက်တခုကို မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နိုဝင်ဘာလ ၂၄ ရက်၊ သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပေမဲ့လဲ နောက်ထပ် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာနေဆဲပါ။

အလုပ်အကိုင်မရှိတဲ့ ဒုက္ခသည်တွေဟာ အနီးအနားက သစ်ပင် သစ်ကိုင်းခြောက်တွေကို လိုက်ကောက်ပြီး ထင်းအဖြစ် ရောင်းစားကြရပါတယ်။

ဒုက္ခသည်အများအပြားဟာ အကူအညီပေးအဖွဲ့တွေကပေးတဲ့ စားနပ်ရိက္ခာအကူအညီတွေအပေါ် မှီခိုအားထားနေရတာပါ။ ဆန်တအိတ် ဒါမှမဟုတ် ချက်ပြုတ်ဖို့ဆီတခွက်ရဖို့ နာရီပေါင်းများစွာ တန်းစီစောင့်ကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG