သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ လက်ယာစွန်းပါတီအသာရ

လက်ဝဲစွန်းခေါင််းဆောင် Jean-Luc Melechon က ပထမအကျော့ရွေးကောက်ပွဲကျင်းပနေချိန် Republique plaza မှာလုပ်တဲ့ လက်ယာစွန်းပါတီကိုဆန့်ကျင်ရေးပွဲမှာ စကားပြောစဥ်။ (ဇွန် ၃၀၊ ၂၀၂၄)
လက်ဝဲစွန်းခေါင််းဆောင် Jean-Luc Melechon က ပထမအကျော့ရွေးကောက်ပွဲကျင်းပနေချိန် Republique plaza မှာလုပ်တဲ့ လက်ယာစွန်းပါတီကိုဆန့်ကျင်ရေးပွဲမှာ စကားပြောစဥ်။ (ဇွန် ၃၀၊ ၂၀၂၄)

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ ပထမအသုတ်အပြီး မဲပေးခဲ့သူတွေရဲ့ သဘောထားစစ်တမ်းတွေမှာ မာရင်း လီပင်န်း ဦးဆောင်တဲ့ ပြင်သစ်လက်ယာစွန်းပါတီ National Rally (RN) ပါတီက မဲအများနဲ့ ရှေ့ကပြေးနေပြီး ပြင်သစ်သမ္မတ အီမန်နယူရယ် မက္ခရွန်ရဲ့ ဗဟိုနိုင်ငံရေး အင်အားစုကတော့ တတိယနေရာပဲ ရနေပါတယ်။

အမတ်လောင်းတယောက်ဟာ ၅၀ ရာနှုန်းကျော်နဲ့ ပြတ်ပြတ်သားသား အနိုင်မရရင် မဲအများဆုံးရသူ အမတ်လောင်း ၂ ယောက်ဟာ ဇူလိုင် ၇ ရက်နေ့ ဒုတိယအသုတ် ရွေးကောက်ပွဲမှာ ဆက်လက်ယှဥ်ပြိုင်ရမှာပါ။ ပထမအသုတ် မဲပေးခဲ့သူတွေရဲ့ သဘောထားစစ်တမ်းတွေမှာတော့ လက်ယာစွန်း NR ပါတီက ၃၄.၅ % ၊ လက်ဝဲလူထုတပ်ဦးသစ် မဟာမိတ် NPF အဖွဲ့က ၂၈.၅-၂၉.၁ ရာနှုန်း၊ မက်ခရွန်ရဲ့ ဗဟိုအင်အားစုက ၂၀.၅ ကနေ ၂၁.၅ ရာနှုန်း မဲတွေရရှိထားတယ်လို့ လူထု စစ်တမ်းတွေက ဆိုပါတယ်။ တကယ်လို့ RN ပါတီက ဒုတိယအသုတ်မှာ ဆက်နိုင်ခဲ့ရင် သမ္မတမက်ခရွန်ဟာ ကျန်သက်တမ်း ၃ နှစ်မှာ အာဏာသိပ်မရှိလှတဲ့ သမ္မတ ဖြစ်လာမှာပါ။

ဇွန်လထဲမှာကျင်းပခဲ့တဲ့ ဥရောပပါလီမန်ရွေးကောက်ပွဲမှာလည်း (RN) ပါတီက မက်ခရွန်ရဲ့ ဗဟိုအင်အားစုကို အနိုင်ရသွားပြီးတဲ့နောက် ပြင်သစ်သမ္မတ မက်ခရွန်က အခု လွှတ်တော်ရွေးကောက်ပွဲကို ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။

ပြင်သစ်လွှတ်တော်ရွေးကောက်ပွဲ လက်ယာစွန်းပါတီအသာရ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG