သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

G-20 ထိပ္သီးအစည္းေဝး ယူကရိန္းအေရး သေဘာထားကြဲ


India G20 Finance

{{Zawgyi/Unicode}}

ကမာၻ႔စီးပြားေရးအင္အားႀကီး ႏိုင္ငံ ၂၀၊ G-20 ရဲ႕ ဘ႑ာေရးဝန္ႀကီးေတြအိႏၵိယႏိုင္ငံမွာ ၂ ရက္ၾကာအစည္းအေဝးက စေနေန႔မွာၿပီးဆုံးသြားၿပီျဖစ္ေပမယ့္ တ႐ုတ္နဲ႔႐ုရွားတို႔ကကန႔္ကြက္တဲ့အတြက္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္ႏိုင္ျခင္းမရွိဘဲ ၿပီးဆုံးသြားခဲ့ပါတယ္။

အဖြဲ႔ဝင္ႏိုင္ငံတခ်ိဳ႕က ႐ုရွားရဲ႕ယူကရိန္းအေပၚ က်ဴးေက်ာ္တဲ့စစ္ပြဲနဲ႔ ပတ္သက္ၿပီး ေဝဖန္ေျပာဆိုလိုေပမယ့္ တ႐ုတ္နဲ႔႐ုရွားကကန႔္ကြက္တဲ့အတြက္ အားလုံးသေဘာတူညီခ်က္မရတာေၾကာင့္ ပူးတြဲေၾကညာခ်က္ ထုတ္ျပန္ႏိုင္ခဲ့ျခင္းမရွိတာပါ။

ဒါေပမယ့္ အဖြဲ႔ရဲ႕လွည့္က်ဥကၠ႒ အိႏၵိယရဲ႕အစည္းေဝးနိဂုံးခ်ဳပ္ မွတ္တမ္းထုတ္ျပန္ရာမွာေတာ့ လူအေျမာက္အမ်ားဒုကၡခံစားခဲ့ရၿပီး ယိုင္နည့္ေနတဲ့ ကမာၻ႔စီးပြားေရးေျခေနကိုပိုဆိုးသြားေစတဲ့ ယူကရိန္းအေပၚက်ဴးေက်ာ္တဲ့စစ္ပြဲကို အဖြဲ႔ဝင္အမ်ားစုက အျပင္းအထန္ရႈတ္ခ်ၾကပါတယ္လို႔ ေဖၚျပထားပါတယ္။ ဒါ့ျပင္ ႏိုင္ငံတကာဥပေဒေတြကိုေလးစားလိုက္နာဖို႔လိုေၾကာင္းနဲ႔ ႏ်ဴကလီယားလက္နက္အသုံးျပဳဖို႔ ၿခိမ္းေျခာက္မႈေတြဟာ လက္ခံႏိုင္စရာမရွိဘူးလို႔လည္းေဖၚျပထားပါတယ္။ ပဋိပကၡေတြကိုၿငိမ္းခ်မ္းစြာေျဖ ရွင္းဖို႔လိုအပ္ၿပီး၊ ေတြ႕ဆုံေဆြးေႏြးေရးနဲ႔ သံတမန္ေရးနည္းလမ္းေတြဟာ အေရးပါတဲ့နည္းလမ္းေတြျဖစ္တ ယ္လို႔ေဖၚျပထားပါတယ္။

အိႏၵိယေတာင္ပိုင္း ဘန္ဂလူ႐ူမွာ ေသာၾကာေန႔ကစတင္က်င္းပခဲ့တဲ့ G-20 ဘ႑ာေရးဝန္ႀကီးမ်ားအစည္းေဝးဟာ ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္တဲ့တႏွစ္ျပည့္အခ်ိန္နဲ႔တိုက္ဆိုင္ေနေပမယ့္လည္း အားလုံး သေဘာမတူတာေၾကာင့္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္ႏိုင္ခဲ့ျခင္းမရွိတာပါ။ ႐ုရွားက ယူကရိန္းကိုက်ဴးေက်ာ္ခဲ့ၿပီးေနာက္ပိုင္း ႏိုင္ငံတကာအစည္းအေဝးေတြမွာ သေဘာထားကြဲလြဲမႈေတြျဖစ္ေပၚလာခဲ့ပါတယ္။

G-20 ထိပ္သီးအစည္းေဝး ယူကရိန္းအေရး သေဘာထားကြဲ.mp3
please wait

No media source currently available

0:00 0:01:30 0:00
တိုက္႐ိုက္ လင့္ခ္

================

{{Unicode}}

G-20 ထိပ်သီးအစည်းဝေး ယူကရိန်းအရေး သဘောထားကွဲ

ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၂၀၊ G-20 ရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေအိန္ဒိယနိုင်ငံမှာ ၂ ရက်ကြာအစည်းအဝေးက စနေနေ့မှာပြီးဆုံးသွားပြီဖြစ်ပေမယ့် တရုတ်နဲ့ရုရှားတို့ကကန့်ကွက်တဲ့အတွက် ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

အဖွဲ့ဝင်နိုင်ငံတချို့က ရုရှားရဲ့ယူကရိန်းအပေါ် ကျူးကျော်တဲ့စစ်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုလိုပေမယ့် တရုတ်နဲ့ရုရှားကကန့်ကွက်တဲ့အတွက် အားလုံးသဘောတူညီချက်မရတာကြောင့် ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိတာပါ။

ဒါပေမယ့် အဖွဲ့ရဲ့လှည့်ကျဥက္ကဋ္ဌ အိန္ဒိယရဲ့အစည်းဝေးနိဂုံးချုပ် မှတ်တမ်းထုတ်ပြန်ရာမှာတော့ လူအမြောက်အများဒုက္ခခံစားခဲ့ရပြီး ယိုင်နည့်နေတဲ့ ကမ္ဘာ့စီးပွားရေးခြေနေကိုပိုဆိုးသွားစေတဲ့ ယူကရိန်းအပေါ်ကျူးကျော်တဲ့စစ်ပွဲကို အဖွဲ့ဝင်အများစုက အပြင်းအထန်ရှုတ်ချကြပါတယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့ပြင် နိုင်ငံတကာဥပဒေတွေကိုလေးစားလိုက်နာဖို့လိုကြောင်းနဲ့ နျူကလီယားလက်နက်အသုံးပြုဖို့ ခြိမ်းခြောက်မှုတွေဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်းဖေါ်ပြထားပါတယ်။ ပဋိပက္ခတွေကိုငြိမ်းချမ်းစွာဖြေ ရှင်းဖို့လိုအပ်ပြီး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ သံတမန်ရေးနည်းလမ်းတွေဟာ အရေးပါတဲ့နည်းလမ်းတွေဖြစ်တ ယ်လို့ဖေါ်ပြထားပါတယ်။

အိန္ဒိယတောင်ပိုင်း ဘန်ဂလူရူမှာ သောကြာနေ့ကစတင်ကျင်းပခဲ့တဲ့ G-20 ဘဏ္ဍာရေးဝန်ကြီးများအစည်းဝေးဟာ ရုရှားကယူကရိန်းကိုကျူးကျော်တဲ့တနှစ်ပြည့်အချိန်နဲ့တိုက်ဆိုင်နေပေမယ့်လည်း အားလုံး သဘောမတူတာကြောင့် ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိတာပါ။ ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအစည်းအဝေးတွေမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။

XS
SM
MD
LG