သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ် စစ်ပွဲအပေါ် ရပ်တည်ချက်သဘောထား G-7 ထုတ်ပြန်


ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 အစည်းအဝေးအတွင်းတွေ့ရတဲ့ G7အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ (နိုဝင်ဘာ ၈၊ ၂၀၂၃)
ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 အစည်းအဝေးအတွင်းတွေ့ရတဲ့ G7အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ (နိုဝင်ဘာ ၈၊ ၂၀၂၃)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ စီးပွားရေး အင်အားကြီး ၇ နိုင်ငံ (G-7) အဖွဲ့ဝင် နိုင်ငံတွေက ထိပ်တန်းသံတမန်တွေ အစ္စရေးနဲ့ ဟာမတ်စ် စစ်ပွဲအပေါ် ရပ်တည်ချက် သဘောထားတရပ်ကို ဒီကနေ့မှာ တညီတညွတ်တည်း ထုတ်ပြန်လိုက်ပါတယ်။ ဟာမတ်စ်အပေါ် ပြစ်တင်ရှုတ်ချခဲ့ပြီး၊ အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံခဲ့ကြသလို တချိန်တည်းမှာပဲ ဂါဇာဒေသက အရပ်သားတွေအတွက် အကူအညီတွေ အမြန်ဆုံး ပေးနိုင်အောင် ယာယီအပစ်အခတ် ရပ်စဲဖို့လည်း တိုက်တွန်းခဲ့ကြတာပါ။

ပါလက်စတိုင်း အရပ်သားတွေကို ကာကွယ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပုံမှန်ပေးပို့မှုတွေ အရှိန်မြှင့်နိုင်ဖို့ အမေရိကန်တွေနဲ့ တခြားနိုင်ငံခြားသားတွေ ထွက်ခွာခွင့်ရဖို့နဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ရည်မှန်းချက်တွေအတွက် လူသားချင်း စာနာမှုနဲ့ ယာယီအပစ်အခတ် ရပ်စဲရေးက အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ အားလုံးက သဘောတူကြကြောင်း ဝန်ကြီး ဘလင်ကန် ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

၂ ရက်ကြာ G-7 အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ အစ္စရေးအပေါ် ဟားမတ်စ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အပြင်းအထန် ရှုတ်ချခဲ့ကြပြီး၊ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့ ဂါဇာဒေသမှာ ပါလက်စတိုင်း အရပ်သားတွေကို ကူညီနိုင်အောင် အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတာကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ G-7 အစည်းအဝေးမှာ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာ ပိုဆိုးမလာအောင် ထိန်းချုပ်ဖို့နဲ့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခနဲ့ ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေ ပိုမိုနက်ရှိုင်းမလာစေဖို့ အဓိက ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG