သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

G-20 အစည္းအေဝး ေနာက္ဆုံးေန႔ ဥတုရာသီအေရး ေဆြးေႏြး


G-20 စက္မႈႏုိင္ငံမ်ား ထိပ္သီးအစည္အးေဝး တက္ေရာက္တဲ့ ကမၻာ့ေခါင္းေဆာင္ေတြ ေဆြးေႏြးေနမႈျမင္ကြင္း။ (ေအာက္တိုဘာ ၃၀၊ ၂၀၂၁)

(Zawgyi / Unicode)

G-20 စက္မႈႏုိင္ငံမ်ား ထိပ္သီးအစည္အးေဝးကို ေရာမၿမိဳ႕မွာ အခုဒီေန႔ ဒုတိယေန႔နဲ႔ ေနာက္ဆံုးေန႔အျဖစ္ က်င္းပရာမွာေတာ့ ဥတုရာသီ ေဖာက္ျပန္မႈေၾကာင့္ ကမၻာႀကီးကို ၿခိမ္းေျခာက္မႈကို ဘယ္လိုကိုင္တြယ္ၾကမလဲဆိုတာ ကမၻာ့စီးပြားအင္အားႀကီးႏုိင္ငံေတြ ေဆြးေႏြးၾကပါတယ္။ ဒါၿပီးရင္ေတာ့ အခုအပတ္ထဲမွာပဲ စေကာ့တလန္ Glasgow ၿမိဳ႕မွာ ဥတုရာသီဆိုင္ရာ ကုလထိပ္သီး ေဆြးေႏြးပြဲလည္း က်င္းပဖို႔ ရွိေနတာပါ။

ကမၻာႀကီးရဲ႕ ပူေႏြးမႈကို စက္မႈေခတ္မတိုင္ခင္ အေျခအေနထက္ ၁ ဒသမ ၅ ဒီဂရီ ဆဲလ္စီးရပ္စ္ အလြန္မွာပဲ ကန္႔သတ္ထားႏုိင္ဖို႔ အေရးတႀကီး ေဆာင္ရြက္မယ့္ ကိစၥေတြကို ကမၻာ့ေခါင္းေဆာင္ေတြအၾကား ကတိကဝတ္ျပဳၾကဖို႔ ရွိေနတာပါ။

၂၀၁၅ ခုႏွစ္ ပဲရစ္သေဘာတူညီခ်က္အရ ဆိုရင္လည္း ကမၻာ့အပူခ်ိန္ကို စက္မႈမထြန္းကားခင္ ကာလကထက္ အလြန္ ၂ ဒီဂရီ ဆဲလ္စီးရပ္စ္ေအာက္မွာ ထားဖို႔ သေဘာတူထားခဲ့ၾကတာပါ။

ကမၻာေပၚမွာ ဖန္လံုအိမ္ဓာတ္ေငြ႔ ထုတ္လႊင့္မႈရဲ႕ သံုးပံုႏွစ္ပံုေက်ာ္ဟာ ႏိုင္ငံ ၁၉ ႏိုင္ငံနဲ႔ ဥေရာပသမဂၢတို႔က ထုတ္လႊတ္မႈ ျဖစ္ေနတဲ့အတြက္လည္း ကမၻာႀကီးမွာ ကာဗြန္ထုတ္လႊတ္မႈ ေလ်ာ့က်ေရးအတြက္ ဒီႏုိင္ငံေတြ အေျဖထုတ္ဖို႔ လိုအပ္ေနတာပါ။

အခု G-20 အစည္းအေဝး အျပင္ပန္းမွာေတာ့ ကမၻာ့ကုန္သြယ္ေရးမွာ ကုန္ပစၥည္းေထာက္ပံ့ အက်ပ္အတည္း ေျဖရွင္းေရးအတြက္ အစည္းအေဝးတခုကို အေမရိကန္သမၼတ Joe Biden က ဦးေဆာင္က်င္းပဖို႔ ရွိေနပါတယ္။

အခု အစည္းအေဝး ဦးေဆာင္က်င္းပတဲ့ G-20 ႏုိင္ငံေတြဟာဆိုရင္ ကမၻာ့အသားတင္ထုတ္ကုန္ရဲ႕ ၈၀ ရာခိုင္ႏႈန္းရွိသလို ကမၻာ့ကုန္သြယ္မႈရဲ႕ ၇၅ ရာခိုင္ႏႈန္း ရွိထားတာပါ။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

G-20 အစည်းအဝေး နောက်ဆုံးနေ့ ဥတုရာသီအရေး ဆွေးနွေး

G-20 စက်မှုနိုင်ငံများ ထိပ်သီးအစည်အးဝေးကို ရောမမြို့မှာ အခုဒီနေ့ ဒုတိယနေ့နဲ့ နောက်ဆုံးနေ့အဖြစ် ကျင်းပရာမှာတော့ ဥတုရာသီ ဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးကို ခြိမ်းခြောက်မှုကို ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ကမ္ဘာ့စီးပွားအင်အားကြီးနိုင်ငံတွေ ဆွေးနွေးကြပါတယ်။ ဒါပြီးရင်တော့ အခုအပတ်ထဲမှာပဲ စကော့တလန် Glasgow မြို့မှာ ဥတုရာသီဆိုင်ရာ ကုလထိပ်သီး ဆွေးနွေးပွဲလည်း ကျင်းပဖို့ ရှိနေတာပါ။

ကမ္ဘာကြီးရဲ့ ပူနွေးမှုကို စက်မှုခေတ်မတိုင်ခင် အခြေအနေထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးရပ်စ် အလွန်မှာပဲ ကန့်သတ်ထားနိုင်ဖို့ အရေးတကြီး ဆောင်ရွက်မယ့် ကိစ္စတွေကို ကမ္ဘာ့ခေါင်းဆောင်တွေအကြား ကတိကဝတ်ပြုကြဖို့ ရှိနေတာပါ။

၂၀၁၅ ခုနှစ် ပဲရစ်သဘောတူညီချက်အရ ဆိုရင်လည်း ကမ္ဘာ့အပူချိန်ကို စက်မှုမထွန်းကားခင် ကာလကထက် အလွန် ၂ ဒီဂရီ ဆဲလ်စီးရပ်စ်အောက်မှာ ထားဖို့ သဘောတူထားခဲ့ကြတာပါ။

ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုရဲ့ သုံးပုံနှစ်ပုံကျော်ဟာ နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က ထုတ်လွှတ်မှု ဖြစ်နေတဲ့အတွက်လည်း ကမ္ဘာကြီးမှာ ကာဗွန်ထုတ်လွှတ်မှု လျော့ကျရေးအတွက် ဒီနိုင်ငံတွေ အဖြေထုတ်ဖို့ လိုအပ်နေတာပါ။

အခု G-20 အစည်းအဝေး အပြင်ပန်းမှာတော့ ကမ္ဘာ့ကုန်သွယ်ရေးမှာ ကုန်ပစ္စည်းထောက်ပံ့ အကျပ်အတည်း ဖြေရှင်းရေးအတွက် အစည်းအဝေးတခုကို အမေရိကန်သမ္မတ Joe Biden က ဦးဆောင်ကျင်းပဖို့ ရှိနေပါတယ်။

အခု အစည်းအဝေး ဦးဆောင်ကျင်းပတဲ့ G-20 နိုင်ငံတွေဟာဆိုရင် ကမ္ဘာ့အသားတင်ထုတ်ကုန်ရဲ့ ၈၀ ရာခိုင်နှုန်းရှိသလို ကမ္ဘာ့ကုန်သွယ်မှုရဲ့ ၇၅ ရာခိုင်နှုန်း ရှိထားတာပါ။

XS
SM
MD
LG