သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICJ တရား႐ုံးစီရင္ပိုင္ခြင့္ ျမန္မာကိုယ္စားလွယ္အဖြဲ႔ ဒုတိယအေက်ာ့အၿပီးသတ္ ေလွ်ာက္လဲ


ICJ တရား႐ံုးမွာ ျမန္မာႏုိင္ငံဘက္က ခုခံေခ်ပေပးခဲ့တဲ့ ႏိုင္ငံတကာတရားရံုးေရွ႕ေနမ်ား။ (ဝဲမွယာ) Mr. Stefan Talmon, Mr. Christopher Staker

[[Zawgyi/Unicode]]

ICJ အျပည္ျပည္ဆိုင္ရာတရား႐ုံး ၾကားနားပြဲမွာ ျမန္မာႏိုင္ငံဘက္က အက်ိဳးေဆာင္ေရွ႕ေနက ဒုတိယေျမာက္ေန႔အေနနဲ႔ ေခ်ပရာမွာ ဂမ္ဘီယာႏိုင္ငံက ဗုဒၶဟူးေန႔မွာ အဓိက တင္ျပခဲ့တာေတြကို ျပန္လည္ေခ်ပခဲ့ပါတယ္။

ဒီေခ်ပခ်က္ေတြထဲမွာ OIC ကိုယ္စား ဂမ္ဘီယာႏိုင္ငံက ၾကားခံအျဖစ္ တရားစြဲခဲ့တာနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံကို အရင္ပို႔ထားေပမယ့္ တုံ႔ျပန္ဖို႔အခ်ိန္မေပးဘဲ တရားစြဲခဲ့တာနဲ႔ ႏိုင္ငံျပင္ပကေန ႏိုင္ငံသားမဟုတ္သူေတြအတြက္ စြဲဆိုခြင့္မရွိတာေတြကို ပထမပိုင္းမွာ ႏိုင္ငံတကာေရွ႕ေန Mr. Christopher Staker က အဓိက ေခ်ပခဲ့ပါတယ္။

OIC ႏိုင္ငံတကာအစၥလာမစ္ႏိုင္ငံမ်ားအဖြဲ႕ရဲ႕ ၾကားခံအျဖစ္စြဲတာမို႔ ICJ က လက္ခံစီရင္ခြင့္မရွိဘူးလို႔ ထပ္မံေလွ်ာက္လဲပါတယ္။ OIC က ျမန္မာအေပၚတရားစြဲဖို႔ အရင္စီစဥ္ခဲ့ၿပီး ကိုယ္တိုင္စြဲဆိုဖို႔ရွိခဲ့ရာကေန ဂမ္ဘီယာႏိုင္ငံက OIC ကိုယ္စား တရားစြဲေပးဖို႔ ဂမ္ဘီယာဘက္က လက္ခံခဲ့တာအျပင္ ေငြေၾကးေထာက္ပံ့ေပးတဲ့ အေထာက္အထားေတြရွိတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဂမ္ဘီယာဘက္ကေန ဒီကိစၥအတြက္ ျမန္မာကို စာအရင္ပို႔ထားၿပီးခဲ့ၿပီး ျမန္မာဘက္ကမတုံ႔ျပန္ဘဲ ဗီတိုတဘက္သတ္သုံးခဲ့တာကို ႏွစ္ႏိုင္ငံအၾကား အျငင္းပြားမူမရွိခဲ့ဘူးလို႔ မယူဆႏိုင္ေၾကာင္းဗုဒၶဟူးေန႔က တင္ျပခဲ့တာကို ေခ်ပရာမွာလည္း တခ်ိဳ႕ကိစၥေတြက တုံ႔ျပန္ဖို႔ အခ်ိန္လိုအပ္တယ္၊ အခ်ိန္သတ္မွတ္ေပးခဲ့သင့္တယ္၊ ၿပီးမွသာ အျငင္းပြားမႈလို႔ သတ္မွတ္ႏိုင္မွာျဖစ္တယ္လို႔ ေခ်ပခဲ့ပါတယ္။

ေနာက္ေခ်ပခ်က္ျဖစ္တဲ့ ႏိုင္ငံသားမဟုတ္သူေတြအတြက္ စြဲခြင့္မရွိတာကိုေျပာရာမွာလည္း ဂမ္ဘီယာအေနနဲ႔ နစ္နာမူတိုက္႐ိုက္မရွိဘဲ စြပ္စြဲခဲ့တာမို႔ ICJ အေနနဲ႔ လက္ခံစီရင္ခြင့္မရွိဘူးလို႔လည္း ေနာက္ေရွ႕ေနတေယာက္ျဖစ္သူ Mr. Stefan Talmonေခ်ပခဲ့ပါတယ္။

ICJ ႏိုင္ငံတကာ တရား႐ုံး ဒီတႀကိမ္ ၾကားနာမႈ ဂမ္ဘီယာႏိုင္ငံဘက္က အၿပီးသတ္ ေလွ်ာက္လဲခ်က္ကိုေတာ့ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔မွာ တင္သြင္းမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]


ICJ တရားရုံးစီရင်ပိုင်ခွင့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဒုတိယအကျော့အပြီးသတ် လျှောက်လဲ

ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ကြားနားပွဲမှာ မြန်မာနိုင်ငံဘက်က အကျိုးဆောင်ရှေ့နေက ဒုတိယမြောက်နေ့အနေနဲ့ ချေပရာမှာ ဂမ်ဘီယာနိုင်ငံက ဗုဒ္ဓဟူးနေ့မှာ အဓိက တင်ပြခဲ့တာတွေကို ပြန်လည်ချေပခဲ့ပါတယ်။

ဒီချေပချက်တွေထဲမှာ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံက ကြားခံအဖြစ် တရားစွဲခဲ့တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အရင်ပို့ထားပေမယ့် တုံ့ပြန်ဖို့အချိန်မပေးဘဲ တရားစွဲခဲ့တာနဲ့ နိုင်ငံပြင်ပကနေ နိုင်ငံသားမဟုတ်သူတွေအတွက် စွဲဆိုခွင့်မရှိတာတွေကို ပထမပိုင်းမှာ နိုင်ငံတကာရှေ့နေ Mr. Christopher Staker က အဓိက ချေပခဲ့ပါတယ်။

OIC နိုင်ငံတကာအစ္စလာမစ်နိုင်ငံများအဖွဲ့ရဲ့ ကြားခံအဖြစ်စွဲတာမို့ ICJ က လက်ခံစီရင်ခွင့်မရှိဘူးလို့ ထပ်မံလျှောက်လဲပါတယ်။ OIC က မြန်မာအပေါ်တရားစွဲဖို့ အရင်စီစဉ်ခဲ့ပြီး ကိုယ်တိုင်စွဲဆိုဖို့ရှိခဲ့ရာကနေ ဂမ်ဘီယာနိုင်ငံက OIC ကိုယ်စား တရားစွဲပေးဖို့ ဂမ်ဘီယာဘက်က လက်ခံခဲ့တာအပြင် ငွေကြေးထောက်ပံ့ပေးတဲ့ အထောက်အထားတွေရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဂမ်ဘီယာဘက်ကနေ ဒီကိစ္စအတွက် မြန်မာကို စာအရင်ပို့ထားပြီးခဲ့ပြီး မြန်မာဘက်ကမတုံ့ပြန်ဘဲ ဗီတိုတဘက်သတ်သုံးခဲ့တာကို နှစ်နိုင်ငံအကြား အငြင်းပွားမူမရှိခဲ့ဘူးလို့ မယူဆနိုင်ကြောင်းဗုဒ္ဓဟူးနေ့က တင်ပြခဲ့တာကို ချေပရာမှာလည်း တချို့ကိစ္စတွေက တုံ့ပြန်ဖို့ အချိန်လိုအပ်တယ်၊ အချိန်သတ်မှတ်ပေးခဲ့သင့်တယ်၊ ပြီးမှသာ အငြင်းပွားမှုလို့ သတ်မှတ်နိုင်မှာဖြစ်တယ်လို့ ချေပခဲ့ပါတယ်။

နောက်ချေပချက်ဖြစ်တဲ့ နိုင်ငံသားမဟုတ်သူတွေအတွက် စွဲခွင့်မရှိတာကိုပြောရာမှာလည်း ဂမ်ဘီယာအနေနဲ့ နစ်နာမူတိုက်ရိုက်မရှိဘဲ စွပ်စွဲခဲ့တာမို့ ICJ အနေနဲ့ လက်ခံစီရင်ခွင့်မရှိဘူးလို့လည်း နောက်ရှေ့နေတယောက်ဖြစ်သူ Mr. Stefan Talmonချေပခဲ့ပါတယ်။

ICJ နိုင်ငံတကာ တရားရုံး ဒီတကြိမ် ကြားနာမှု ဂမ်ဘီယာနိုင်ငံဘက်က အပြီးသတ် လျှောက်လဲချက်ကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တင်သွင်းမှာဖြစ်ပါတယ်။

=================

XS
SM
MD
LG