သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

EU နဲ့ ပင်လယ်ကွေ့ နိုင်ငံခေါင်းဆောင်တွေ ပထမအကြိမ် တွေ့ဆုံ                         


EU ဥရောပသမ္မဂနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ရဲ့ ပထမဆုံးထိပ်သီးအစည်းအဝေး။ (အောက်တိုဘာ ၁၆၊ ၂၀၂၄)
EU ဥရောပသမ္မဂနိုင်ငံတွေနဲ့ ပင်လယ်ကွေ့ ၆ နိုင်ငံတို့ရဲ့ ပထမဆုံးထိပ်သီးအစည်းအဝေး။ (အောက်တိုဘာ ၁၆၊ ၂၀၂၄)

ယူကရိန်းစစ်ပွဲမှာ ဘယ်သူ့ဘက်မှာ ရပ်တည်ရမယ်၊ ရုရှားနဲ့ဘယ်လိုဆက်ဆံမှုထားမယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး ဝေခွဲမရဖြစ်နေသလို အရှေ့အလယ်ပိုင်းဒေသတွင်း အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာပဲ အီးယူ- ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ပင်လယ်ကွေ့ ၆ နိုင်ငံတို့ရဲ့ ပထမဆုံး ထိပ်သီးအစည်းဝေးကို ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ ကျင်းပခဲ့ပါတယ်။

အီးယူနဲ့ ပင်လယ်ကွေ့နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုကောင်စီ GCC ရဲ့ အစည်းဝေးမှာ ဗီဇာနဲ့ ကုန်သွယ်ရေးကိစ္စရပ်တွေကနေ အရှေ့အလယ်ပိုင်း ဒေသ အခြေနေ အထိပါဝင်တဲ့ အကြောင်းရာ မျိုးစုံကို ဆွေးနွေးကြတာပါ။

ဘယ်လ်ဂျီယန်ဝန်ကြီးချုပ် Alexander De Croo ကတော့ အခုလို ဆွေးနွေးပွဲတွေ အရင်ကတည်းက ရှိဖို့သင့်ကြောင်းနဲ့အီးယူနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား စီးပွါးရေး ဆက်ဆံမှု ပိုမိုခိုင်လာလာဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဂါဇာ အပစ်ရပ်ရေး တောင်းဆိုနေတဲ့ အီးယူက အရှေ့အလယ်ပိုင်း ဒေသပဋိပက္ခတွေမှာ သြဇာလွှမ်းမိုးနိုင်စွမ်းရှိတဲ့GCC- ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဝင် ချမ်းသာတဲ့ အာရပ်နိုင်ငံ ၆ နိုင်ငံနဲ့ တွေ့ဆုံ ဆွေးနွေးတာဖြစ်ပြီး ဒီ နိုင်ငံတွေနဲ့ မိတ်ဘက်ဆက်ဆံရေးထက် မဟာဗျူဟာကျ ဆက်ဆံရေး လုပ်မယ့် သဘောဖြစ်ပါတယ်။ အီးယူဟာဒီအင်အားခိုင်မာတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေ ဖြစ်ကြတဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျအပြင် UAE အာရပ်စော်ဘွားများ နိုင်ငံနဲ့ပါ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ သန့်ရှင်းစွမ်းအင်ကနေ ဗီဇာလို နိုင်ငံသားကိစ္စရပ်တွေအထိ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ ၂ ဖွဲ့ကြား လွန်ခဲ့တဲ့ ၃၅ နှစ်က လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်ရထားတာ ဖြစ်ပြီး ၂၀၀၈ ခုနှစ် ရေနံထုတ်ကုန်ဆိုင်ရာ ပွင့်လင်းမှုရှိရေးနဲ့ ပတ်သက်ပြီး သဘေထား ကွဲလွဲမှုကြောင့် ဒီသဘောတူညီချက်ကို ဆိုင်းငံ့ ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပူးပေါင်း ဆောင်ရွက်မှုရှိတယ်လို့ အီးယူအရာရှိတွေက ပြောပါတယ်။

EU နဲ့ ပင်လယ်ကွေ့ နိုင်ငံခေါင်းဆောင်တွေ ပထမအကြိမ် တွေ့ဆုံ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG