(Zawgyi/Unicode)
၂၀၂၀ ပြည့် ရွေးကောက်ပွဲအတွက် စပြီး ပြင်ဆင်နေကြပြီဖြစ်တာနဲ့အမ ျှ နိုင်ငံရေးပယောဂပါတဲ့ ရည်ရွယ်ချက်တမျိုးမျိုးနဲ့ သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းတွေ ဖန်တီး ဖြန့်ဝေတာလည်း ပြန်ပေါ်လာနေပြီဖြစ်ပါတယ်။
သတင်းတု၊ သတင်းမှား၊ လုပ်ကြံသတင်းတွေဟာ တကမ္ဘာလုံးမှာ ရှိနေတာဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံလို ဒီမိုကရေစီအပြောင်းအလဲ ဖော်ဆောင်နေတဲ့ နိုင်ငံမျိုးအတွက် ပိုပြီး အန္တရာယ်ကြီးလှပါတယ်။
အခုလို ရွေးကောက်ပွဲကာလ နီးကပ်လာချိန်မှာ ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ဝေလာတဲ့ သတင်းတု သတင်းမှား လုပ်ကြံသတင်းတွေကို ဘယ်လို ရင်ဆိုင် တိုက်ဖျက်ကြပါမလဲ၊ အထူးသဖြင့် လူမှုဆက်သွယ်ရေးမီဒီယာကွန်ယက်တွေပေါ်မှာ ဖြန့်နေကြတဲ့ ဒီလိုသတင်းမျိုးတွေကို လူမှုဆက်သွယ်ရေး မီဒီယာ အသုံးပြုသူတွေကိုယ်တိုင် ဘယ်လို ဂရုစိုက် ရှောင်ရှားနိုင်ပါသလဲ၊ အာဏာပိုင်တွေအပိုင်းကရော ဘာတွေလုပ်သင့်ပါသလဲ စတာတွေကို အခုဆွေးနွေးခန်းမှာ နားဆင်ရမှာပါ။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက တွဲဘက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်၊ စာနယ်ဇင်းဆရာ ဦးစည်သူအောင်မြင့်တို့ ပါဝင် ဆွေးနွေးထားကြပါတယ်။
-----------------------------
(Unicode)