သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၂ ဂြမ္ဂ်ဴး လူ႔အခြင့္အေရးဆု ေဒါက္တာစင္သီယာေမာင္ရရွိ


Dr. Cynthia Maung

[[Zawgyi/Unicode]]

၂၀၂၂ ခုႏွစ္အတြက္ ေတာင္ကိုရီးယားႏိုင္ငံ ဂြမ္ဂ်ဴးလူ႔အခြင့္အေရးဆုကို ေဒါက္တာစင္သီယာေမာင္ကို ခ်ီးျမႇင့္လိုက္ေၾကာင္း ေမ ၁၈ ေအာက္ေမ့ဖြယ္ ေဖာင္ေဒးရွင္းက ေၾကညာလိုက္ပါတယ္။ ဒီဆုကို ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ႏိုဘယ္ဆုလို႔လည္း သိၾကပါတယ္။

ေဒါက္တာစင္သီယာေမာင္ဟာ ျမန္မာဒုကၡသည္ေတြကို ကယ္တင္ႏိုင္ခဲ့တဲ့အျပင္ ျမန္မာျပည္ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္လည္း ျဖစ္ေၾကာင္းနဲ႔ ဒီမိုကေရစီအေရး၊ လူ႔အခြင့္အေရးနဲ႔ ၿငိမ္းခ်မ္းေရးတန္ဖိုးမ်ားအေပၚ ကူညီေထာက္ပံ့တာေတြအတြက္ ေက်းဇူးတင္ေၾကာင္း ဆုေ႐ြးခ်ယ္ေရးအဖြဲ႕က ေျပာပါတယ္။

အတိုအားျဖင့္ ၅၁၈ လို႔ သိၾကတဲ့ ၁၉၈၀ ခုႏွစ္၊ ေမလ ၁၈ ရက္ေန႔မွာ ျဖစ္ပြါးခဲ့တဲ့ ေတာင္ကိုရီးယားႏိုင္ငံ စစ္အာဏာရွင္ဆန႔္က်င္ေရး၊ ဒီမိုကေရစီလႈပ္ရွားမႈကို အထိမ္းအမွတ္ျပဳေသာအားျဖင့္ ေအာက္ေမ့ဖြယ္ ေဖာင္ေဒးရွင္းကို ထူေထာင္ခဲ့တာျဖစ္ၿပီး ႏွစ္စဥ္ လူ႔အခြင့္အေရးဆုကို ခ်ီးျမႇင့္ခဲ့ပါတယ္။ ၂၀၀၀ ခုႏွစ္က စတင္ခ်ီးျမႇင့္ခဲ့ရာမွာ ၂၀၀၄ ခုႏွစ္အတြက္ ေဒၚေအာင္ဆန္းစုၾကည္၊ ၂၀၀၉ ခုႏွစ္အတြက္ ဦးမင္းကိုႏိုင္တို႔ကို ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၂၂ ခုႏွစ္မွာ ေဒါက္တာစင္သီယာေမာင္ ကို ခုလို ခ်ီးျမႇင့္လိုက္တာ ျဖစ္ပါတယ္။ ၂၀၁၈ ခုႏွစ္မွာေတာ့ ႐ိုဟင္ဂ်ာကိစၥနဲ႔ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ခ်ီးျမႇင့္ခဲ့တဲ့ဆုကို ျပန္လည္ ႐ုပ္သိမ္းခဲ့ပါတယ္။

ေမလ ၁၈ ရက္ေန႔မွာ ေအာက္ေမ့ဖြယ္ အခမ္းအနား က်င္းပဖို႔ ရွိပါတယ္။

ေဒါက္တာစင္သီယာေမာင္ဟာ ကရင္အမ်ိဳးသမီးတေယာက္ ျဖစ္ၿပီး ၁၉၈၈ လူထုအုံႂကြမႈ ေနာက္ပိုင္းမွာ ထိုင္း ျမန္မာနယ္စပ္ကို ေရာက္ရွိခဲ့ပါတယ္။ မယ္ေတာ္ေဆးခန္းကို ထူေထာင္ခဲ့ၿပီး ျမန္မာ့အေရးလႈပ္ရွားမႈအဖြဲ႕ဝင္ေတြ၊ ဒုကၡသည္ေတြနဲ႔ ထိုင္းႏိုင္ငံေရာက္ အလုပ္သမားေတြရဲ႕ က်န္းမာေရးကို ေစာင့္ေရွာက္ေပးခဲ့သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ကိုယ္က်ိဳးမဲ့ ေဆာင္႐ြက္ခ်က္ေတြေၾကာင့္ ဒီ ဆုမတိုင္မီ ႏိုင္ငံတကာ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးက ဆုေပါင္း ၁၈ ခု ခ်ီးျမႇင့္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]

၂၀၂၂ ဂွမ်ဂျူး လူ့အခွင့်အရေးဆု ဒေါက်တာစင်သီယာမောင်ရရှိ

၂၀၂၂ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ဒေါက်တာစင်သီယာမောင်ကို ချီးမြှင့်လိုက်ကြောင်း မေ ၁၈ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းက ကြေညာလိုက်ပါတယ်။ ဒီဆုကို တောင်ကိုရီးယားနိုင်ငံရဲ့ နိုဘယ်ဆုလို့လည်း သိကြပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ မြန်မာဒုက္ခသည်တွေကို ကယ်တင်နိုင်ခဲ့တဲ့အပြင် မြန်မာပြည် အနာဂတ်အတွက် မျှော်လင့်ချက်လည်း ဖြစ်ကြောင်းနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးတန်ဖိုးများအပေါ် ကူညီထောက်ပံ့တာတွေအတွက် ကျေးဇူးတင်ကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။

အတိုအားဖြင့် ၅၁၈ လို့ သိကြတဲ့ ၁၉၈၀ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှာ ဖြစ်ပွါးခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီလှုပ်ရှားမှုကို အထိမ်းအမှတ်ပြုသောအားဖြင့် အောက်မေ့ဖွယ် ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တာဖြစ်ပြီး နှစ်စဉ် လူ့အခွင့်အရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်က စတင်ချီးမြှင့်ခဲ့ရာမှာ ၂၀၀၄ ခုနှစ်အတွက် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၀၉ ခုနှစ်အတွက် ဦးမင်းကိုနိုင်တို့ကို ချီးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင် ကို ခုလို ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ဆုကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

မေလ ၁၈ ရက်နေ့မှာ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပဖို့ ရှိပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ကရင်အမျိုးသမီးတယောက် ဖြစ်ပြီး ၁၉၈၈ လူထုအုံကြွမှု နောက်ပိုင်းမှာ ထိုင်း မြန်မာနယ်စပ်ကို ရောက်ရှိခဲ့ပါတယ်။ မယ်တော်ဆေးခန်းကို ထူထောင်ခဲ့ပြီး မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ဝင်တွေ၊ ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်ပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ကျိုးမဲ့ ဆောင်ရွက်ချက်တွေကြောင့် ဒီ ဆုမတိုင်မီ နိုင်ငံတကာ အဖွဲ့အစည်းအမျိုးမျိုးက ဆုပေါင်း ၁၈ ခု ချီးမြှင့်ခဲ့ပါတယ်။

==============

XS
SM
MD
LG