သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H&M လုပ်ငန်းတွေ မြန်မာပြည်မှာ ရပ်ဆိုင်းတော့မည်


GLOBAL-FASHION/MYANMAR-H&M
GLOBAL-FASHION/MYANMAR-H&M

မြန်မာ့အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားအခွင့်ရေးချိုးဖေါက်မှုပိုများလာတာကြောင့် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်မှု ဖြည်းဖြည်းချင်းရပ်ပစ်တော့မှာ ဖြစ်ကြောင်း H&M ဖက်ရှင်ဒီဇိုင်းကုမ္ပဏီက ကြာသပတေးနေ့မှာ ပြောပါတယ်။

H&M ဟာ မြန်မာနိုင်ငံရဲ့နောက်ဆုံးအခြေနေတွေကို အနီးကပ်စောင့်ကြည့်နေတာ ဖြစ်ပြီး အခုကုမ္ပဏီရဲ့ စံသတ်မှတ်ချက်နဲ့ လိုအပ်ချက်တွေအတွက် စိန်ခေါ်မှုတွေ တိုးလာတာကြောင့် တဖြည်းဖြည်းရပ်ဆိုင်းပစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကမ္ဘာ့ ဒုတိယအကြီးဆုံး အဝတ်အထည် လက်လီအရောင်းကုမ္ပဏီကြီးဖြစ်တဲ့ Stockholm အခြေစိုက် H&M က ကုမ္ပဏီက ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကစက်ရုံတွေမှာ အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက် အခု ၂၀ အတွက်လည်း စုံစမ်းနေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ တခြားအဝတ်အထည် လက်လီအရောင်းကုမ္ပဏီ တချို့ဟာလည်း လုပ်ငန်းတွေလျှော့ချ ရပ်ဆိုင်းနေကြတာပါ။ ကမ္ဘာကျော် ဖက်ရှင်ဒီဇိုင်းကုမ္ပဏီ Zara ရဲ့ ပင်မကုမ္ပဏီဖြစ်တဲ့ စပိန်အခြေစိုက် Inditex ကုမ္ပဏီကလည်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ တဖြည်းဖြည်းလျှော့ချသွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။ ဒါ့ပြင် Dublin အခြေစိုက် Primark အဝတ်အထည် အစားအသောက်နဲ့ အိမ်သုံးပစ္စည်း လက်လီကုမ္ပဏီက အော်ဒါတွေလက်မခံတော့ကြောင်း ဒီလထဲမှာပဲ ကြေညာခဲ့ပြီး ဗြိတိန်အခြေစိုက် Marks & Spencer ကုမ္ပဏီကြီးကလည်း ဒီနှစ်မကုန်ခင် အော်ဒါလက်ခံမှုရပ်ပစ်ဖို့ မနှစ် အောက်တိုဘာလ ကတည်းက ကြေညာထားတာပါ။

ဗြိတိန်အခြေစိုက် စီးပွါးရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာစင်တာက မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးလာတာတွေ့ရတယ်လို့ ပြောပါတယ်။ အလုပ်သမား ၁ သိန်းကျော်လုပ်ကိုင်နေတဲ့ Inditex, H&M နဲ့ Primark အပါအဝင် နာမည်ကျော်ကုမ္ပဏီ အမှတ်တံဆိပ်လုပ်ငန်းတွေအတွက် လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံတွေမှာ ဒီနှစ် ဖေဖေါ်ဝါရီလအထိဆို အလုပ်သမားအခွင့်အရေး နဲ့ လူ့အခွင့်ရေးအချိုးဖေါက်ခံရမှု ၂၀၀ ကျော်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG