သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီနိုင်ငံရောက် ပြင်သစ်နိုင်ငံသားတွေကယ်ထုတ်ဖို့ အထူးလေယာဉ်စေလွှတ်မည်


Port-au-Prince မြို့တွင်း နန်းတော်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂိုဏ်းတွေကြား အပြန်အလှန်ပစ်ခတ်နေကြစဥ်။ (မတ်လ ၂၁၊ ၂၀၂၄)
Port-au-Prince မြို့တွင်း နန်းတော်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဂိုဏ်းတွေကြား အပြန်အလှန်ပစ်ခတ်နေကြစဥ်။ (မတ်လ ၂၁၊ ၂၀၂၄)

ဟေတီနိုင်ငံမှာ ပြည်တွင်းပဋိပက္ခတွေကြား အကာအကွယ်အမဲ့ဆုံးဖြစ်နေကြတဲ့ ပြင်သစ်နိုင်ငံသားတွေကိုခေါ်ထုတ်ဖို့ အထူးလေယာဥ်စေလွှတ်မယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ နိုင်ငံရေးပဋိပက္ခတွေကြောင့် မြို့တော် Port-au-Prince ကို ပျံသန်းနေတဲ့ လေယာဥ်ခရီးစဥ်တွေ ရပ်နားသွားပြီးတဲ့နောက် ပြင်သစ်အစိုးရက ခုလိုကြေညာလိုက်တာပါ။

အခြေအနေတွေ ယိုယွင်းလာပေမယ့် Port-au-Prince မြို့က ပြင်သစ်သံရုံးကိုတော့ ဆက်လက်ဖွင့်လှစ်ထားသလို ပြည်တွင်းက ပြင်သစ်အသိုင်းအဝိုင်းကို သံရုံးဝန်ထမ်းတွေက အပြည့်အဝ ဆက်လက်ကူညီနေပါတယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။ ဟေတီနိုင်ငံမှာ ပြင်သစ်နိုင်ငံသား ၁,၁၀၀ လောက်နေထိုင်နေကြပြီး အများစုက နှစ်နိုင်ငံ နိုင်ငံသားခံယူထားကြတယ်လို့လည်း ပြင်သစ် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တနင်္ဂနွေနေ့မှာ စတင်စေလွှတ်မယ့် အထူးလေယာဥ်ကို ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မယ်လို့ပြောပါတယ်။ ဟေတီနိုင်ငံထဲက ထွက်ခွါချင်တဲ့သူတွေ သံရုံးကို ဆက်သွယ်ဖို့ နိုင်ငံခြားရေးဌာနကအကြံပြုထားပေမယ့် လူဘယ်လောက်ရှိမလဲဆိုတာကိုတော့ ပြောမထားပါဘူး။ Port-au-Prince မှာ ဖေဖော်ဝါရီလနှောင်းပိုင်းမှာစတင်ခဲ့တဲ့ လမ်းပေါ်ကတိုက်ပွဲတွေ ခုထိပေါ်ပေါက်နေပြီး ဝန်ကြီးချုပ် Ariel Henry မတ်လဆန်းမှာပဲ ရာထူးမှာနုတ်ထွက်ခဲ့ရပါတယ်။

မြို့တော်အများစုကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်ဂိုဏ်းတွေတောင်းဆိုသလို ဝန်ကြီးချုပ်နုတ်ထွက်ခဲ့ပေမယ့် အကြမ်းဖက်မှုတွေ လျော့မသွားပါဘူး။အသွင်ကူးပြောင်းရေးကြားကာလအစိုးရသစ်ဖွဲ့စည်းဖို့ စောင့်ဆိုင်းနေတဲ့အချိန်မှာ ဟေတီနိုင်ငံမှာ စားနပ်ရိက္ခာတွေ အကြီးအကျယ်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG