သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာ အမ်ိဳးသမီးတဦးရဲ႕ ပင္လယ္ျပင္ျဖတ္သန္းမႈ အေတြ႕အႀကဳံ 


မေလးရွားႏုိင္ငံကိုသြားဖို႔ ေလွစီးထြက္လာသူ ဘဂၤလားေဒ့ရွ္ႏုိင္ငံေရာက္ ရိုဟင္ဂ်ာဒုကၡသည္ Hatemon Nesa ၂၇ ႏွစ္နဲ႔ သူ႔ရဲ႕သမီးငယ္ ငါးႏွစ္အရြယ္ Umme Salima (ဒီဇင္ဘာ ၂၆၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဘဂၤလားေဒ့ရွ္နယ္စပ္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းမွာက်န္ေနခဲ့တဲ့ ၇ ႏွစ္အ႐ြယ္သမီးငယ္နဲ႔ မိသားစုဘဝ ျပန္လည္ေပါင္းစည္းခြင့္ရဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ကူညီေပးၾကပါလို႔ ပင္လယ္ခရီးကို အသက္စြန႔္ထြက္ခြာသြားရင္း လတ္တေလာ အင္ဒိုနီးရွားႏိုင္ငံမွာ ေသာင္တင္ေနတဲ့မိခင္တဦးက ေမတၱာရပ္ခံ ေတာင္းဆိုလိုက္ပါတယ္။ Sarah Aziz ေပးပို႔တဲ့ သတင္းကို ကိုဉာဏ္ဝင္းေအာင္က တင္ျပေပးထားပါတယ္။

အနာဂတ္ေမွ်ာ္လင့္ခ်က္ လြန္စြာမွနည္းပါးလြန္းတဲ့ ဘဂၤလားေဒ့ရွ္နယ္စပ္ ေကာ့ဇ္ဘဇား ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာမိသားစုေတြဟာ အခြင့္အေရးေပၚလာတိုင္း အႏၲရာယ္မ်ားလြန္းတဲ့ ပင္လယ္ေရေၾကာင္းခရီးကတဆင့္ တရားမဝင္ ေလွစီးေျပးဒုကၡသည္ေတြအျဖစ္နဲ႔ မေလးရွားႏိုင္ငံကို စြန႔္စား သြားေရာက္ေလ့ ရွိပါတယ္။

အဲဒီအထဲမွာ အသက္(၂၇) ႏွစ္အ႐ြယ္ မိခင္ Hatemon Nesa နဲ႔ (၅) ႏွစ္အ႐ြယ္သမီး Umme Salima တို႔လည္း ပါဝင္တာပါ။ သူတို႔(၂) ဦးအပါအဝင္ လူ (၂၀၀) ဝန္းက်င္ရွိတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ခေနာ္နီခေနာ္နဲ႔ သစ္သားေလွတစင္းနဲ႔ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ (၂၅) ရက္ေန႔က ဘဂၤလားေဒ့ရွ္နယ္စပ္ကို ထြက္ခြာသြားၾကတာျဖစ္ပါတယ္။

အသက္ (၇) ႏွစ္အ႐ြယ္ နယ္ဆာရဲ႕ သမီးႀကီးျဖစ္တဲ့ Umme Habiba (ဟာဘီဘာ) ကေတာ့ အဖြားျဖစ္သူ Anwara Begum ဘဲ့ဂြန္းနဲ႔အတူ ေကာ့ဇ္ဘဇား ဒုကၡသည္စခန္းမွာပဲ က်န္ေနခဲ့တာလို႔ VOA က တယ္လီဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းခ်ိန္မွာ Begum (ဘဲ့ဂြန္း) က ေျပာပါတယ္။ အဖြားနဲ႔ေနေနရေပမယ့္ သမီးႀကီး ဟာဘီဘာကေတာ့ ညီမနဲ႔ မိခင္အနားမွာ မရွိေတာ့တာမို႔ မႈိင္ေတြေနတာပါ။

နယ္ဆာနဲ႔ဆလီမာတို႔လိုက္ပါသြားတဲ့ေလွ အင္ဂ်င္ပ်က္ၿပီး ပင္လယ္ထဲ ေမ်ာေနတဲ့အေၾကာင္းကို အဖြားျဖစ္သူဘဲ့ဂြန္းတို႔ သိၾကတာ သိပ္မၾကာလွေသးပါဘူး။ ပင္လယ္ထဲ ဦးတည္ရာမဲ့ ေမ်ာေနရင္း ေလွေပၚပါတဲ့ အစားစာနဲ႔ ေသာက္ေရပါ တစစ ျပတ္လပ္ကုန္တာမို႔ စိတ္ဓါတ္က်ခဲ့ရတယ္လို႔ နယ္ဆာက ျပန္ေျပာျပပါတယ္။

ရက္ေပါင္းအေတာ္ၾကာ အဆက္ျပတ္ေနတာေၾကာင့္ အဖြားျဖစ္သူဘဲ့ဂြန္းက စိတ္ပူၿပီး အႀကိမ္ႀကိမ္ ငိုခဲ့ရေပမဲ့ ေျမးႀကီး ဟာဘီဘာ ေရွ႕မွာ ဟန္မပ်က္ေနျပရင္း တခ်ိန္လုံးဆုေတာင္းေနခဲ့တာလို႔ ဆိုပါတယ္။ ေျမးငယ္ဆလီမာနဲ႔ သူ႔သမီးနယ္ဆာတို႔ကို အလႅာဟ္ရွင္ျမတ္က တနည္းနည္းနဲ႔ေတာ့ ကယ္တင္ ေစာင့္ေရွာက္မွာပါလို႔ ေျပာရင္း ေျမးမဟာဘီဘာကို ႏွစ္သိမ့္ခဲ့တာပါ။

နယ္ဆာတို႔ေလွ ပင္လယ္ထဲေမ်ာေနခ်ိန္ ေလွေပၚပါတဲ့ ကေလးငယ္ (၃၀) ေလာက္က ေရငတ္တာ၊ ဆာေလာင္တာေတြေ ႀကဳံၾကရေပမဲ့ ေကြၽးစရာလည္းမရွိေတာ့ အျခားမိခင္ေတြက ငိုေႂကြးေနၾကေပမယ့္ သူ႔သမီးငယ္ဆလီမာ ေၾကာက္စိတ္ဝင္သြားမွာစိုးလို႔ တင္းခံခဲ့ေၾကာင္း၊ သူတို႔သြားခ်င္တဲ့မေလးရွားေရာက္ေအာင္ အလာရွင္ျမတ္က ကူညီမွာပါလို႔ ေျပာရင္း သမီးကို ႏွစ္သိမ့္ခဲ့ေၾကာင္း VOA က လွမ္းၿပီးဆက္သြယ္ေမးျမန္းခ်ိန္မွာ နယ္ဆာက ျပန္ေျပာျပပါတယ္။ ဒါေပမဲ့ ေရငတ္ေနတဲ့သမီးငယ္ဆလီမာကို ပင္လယ္ေရငံတိုက္မိလို႔ ကေလးက ပင္လယ္ထဲ ဖ်ားနာခဲ့ေၾကာင္းလည္း ေျပာပါတယ္။

အင္ဂ်င္စက္ပ်က္ၿပီး ၁၀ ရက္ေလာက္ ပင္လယ္ထဲ ေမ်ာေနခ်ိန္မွာ ေလွေပၚပါသူေတြ စိုးရိမ္စိတ္ႀကီးထြားလာပါတယ္။ ေနာက္ထပ္ ေလွတစင္းကိုလွမ္းျမင္လို႔ဆိုၿပီး အကူအညီရလိုေဇာနဲ႔ ေလွေပၚပါတဲ့ လူ (၁၉) ဦး ပင္လယ္ထဲ ခုန္ခ်ကူးခတ္သြားၾကေပမဲ့ အဲဒီလူေတြ ေလွေပၚကို ျပန္ေရာက္ မလာႏိုင္ၾကေတာ့ပါဘူး။

သူတို႔အပါအဝင္ (၁၃) ရက္ၾကာေလာက္ အစားေရစာ ျပတ္လပ္တာေၾကာင့္ပါ ေလွေပၚပါသူ စုစုေပါင္း(၂၆) ဦး ေသဆုံးခဲ့ရတယ္လို႔ ဆိုပါတယ္။ အေဝးမွာ ေလွသေဘၤာေတြျမင္တိုင္း ေအာ္ဟစ္အကူအညီေတာင္းလိုက္။ ေလွခြက္ထဲ ျပန္လွဲေနလိုက္နဲ႔ ေသရမယ့္ေန႔ကို ေစာင့္ေနရသလိုပါပဲလို႔ နယ္ဆာက ျပန္ေျပာျပပါတယ္။ ဒီဇင္ဘာလကုန္ပိုင္းေလာက္မွာေတာ့ အင္ဒိုနီးရွားတံငါသည္ေတြနဲ႔ အာေခ်းေဒသအာဏာပိုင္ေတြက နယ္ဆာတို႔ေလွက ဒုကၡသည္ (၁၇၂) ဦးကို အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့တယ္လို႔ ကုလသမဂၢ ဒုကၡသည္ေအဂ်င္စီက ေျပာပါတယ္။ အသက္မေသဘဲ ကုန္းေပၚေရာက္လာတာေၾကာင့္ အလာရွင္ျမတ္ကို ပိုၿပီး ယုံၾကည္စိတ္ဝင္မိတယ္လို႔ Nesa ကေျပာၿပီး မၾကာခင္မွာ မေလးရွားကို ေရာက္သြားလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ေနတာပါ။

သမီးႏွစ္ေယာက္မိခင္ျဖစ္တဲ့ Nesa ကို ရခိုင္ျပည္မွာရွိခ်ိန္ကတည္းက သူ႔ေယာက္်ားက ပစ္ သြားခဲ့တာပါ။ ၂၀၁၇ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးျဖစ္စဥ္အတြင္း ဘဂၤလားေဒ့ရွ္နယ္စပ္ကို ထြက္ေျပးလာရေပမဲ့ ဒုကၡသည္စခန္းတြင္းမွာ စည္းကမ္းတင္းၾကပ္လြန္းတာေၾကာင့္ ေထာင္ က်ေနသလိုပါပဲလို႔ သူတို႔က ေျပာပါတယ္။ ကေလးေတြ အတန္းပညာ သင္ၾကားခြင့္မရၾကပါဘူး။ မူဆလင္ထုံးစံ ကိုရမ္က်မ္းစာသင္ေပးတဲ့ ဘာသာေရးအေျခခံပညာေက်ာင္းေလာက္သာ တက္ခြင့္ရွိတဲ့အတြက္ တတိယႏိုင္ငံ တခုခု၊ အထူးသျဖင့္ မေလးရွားလိုႏိုင္ငံမွာ ကေလးေတြရဲ႕အနာဂတ္ပညာေရးအတြက္ အခုလို အႏၲရာယ္မ်ားတဲ့ ပင္လယ္ခရီးကို စြန႔္စား ထြက္လာခဲ့ရတာပါလို႔ မိခင္ Nesa ကေျပာပါတယ္။ ဒီပင္လယ္ခရီးမွာ သမီး ၂ ေယာက္စလုံးကို တပါတည္းေခၚလာခ်င္ေပမဲ့ မတတ္ႏိုင္တာေၾကာင့္ သမီးႀကီးဟာဘီဘာကို ခ်န္ထားခဲ့တယ္လို႔လည္း ဆိုပါတယ္။

မေလးရွားႏိုင္ငံဟာ အခုေနာက္ပိုင္း ႐ိုဟင္ဂ်ာေတြကို အရင္လို အလြယ္တကူ လက္မခံေတာ့ပဲ ပိုတင္းၾကပ္လာပါတယ္။ ေလွစီးေျပးၿပီးလာၾကတဲ့ ႐ိုဟင္ဂ်ာေလွေတြကိုလည္း အဝင္မခံတာေၾကာင့္ ဒုကၡသည္ေလွေတြဟာ အင္ဒိုနီးရွားဘက္ကို ဦးတည္သြားၾကရတာပါ။ အင္ဒိုနီးရွားကတဆင့္ လူပြဲစားေတြရဲ႕အကူအညီနဲ႔ လွ်ိဳ႕ဝွက္လမ္းေၾကာင္းကေန မေလးရွားထဲကို ျပန္ခိုးဝင္ေနရပါတယ္။ ဒီနည္းကို သုံးေနၾကတာ လအတန္ၾကာေနခဲ့ပါၿပီ။

သမီး Habiba နဲ႔ ခုလို မိသားစု တကြဲတျပားျဖစ္ေနခ်ိန္မွာ (၇) ႏွစ္အ႐ြယ္ Habiba ကို အႏၲရာယ္မ်ားလြန္းတဲ့ ပင္လယ္ခရီးကတဆင့္ ထပ္ေခၚဖို႔ မျဖစ္ႏိုင္တာေၾကာင့္ Habiba တေယာက္ ဘဂၤလားေဒ့ရွ္ကေန မေလးရွားႏိုင္ငံကို တရားဝင္သြားႏိုင္ဖို႔ ဝိုင္းဝန္းစီစဥ္ေပးၾကပါလို႔ ႏိုင္ငံတကာ တာဝန္ရွိသူေတြကို မိခင္ Nesa က ေမတၱာရပ္ခံပန္ၾကားလိုက္ပါတယ္။ အဲဒီနည္းနဲ႔ မၾကာခင္ သူတို႔မိသားစုျပန္လည္ ေပါင္းစည္းရလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

====================

[[Unicode]]

ရိုဟင်ဂျာ အမျိုးသမီးတဦးရဲ့ ပင်လယ်ပြင်ဖြတ်သန်းမှု အတွေ့အကြုံ

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာကျန်နေခဲ့တဲ့ ၇ နှစ်အရွယ်သမီးငယ်နဲ့ မိသားစုဘဝ ပြန်လည်ပေါင်းစည်းခွင့်ရဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီပေးကြပါလို့ ပင်လယ်ခရီးကို အသက်စွန့်ထွက်ခွာသွားရင်း လတ်တလော အင်ဒိုနီးရှားနိုင်ငံမှာ သောင်တင်နေတဲ့မိခင်တဦးက မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။ Sarah Aziz ပေးပို့တဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

အနာဂတ်မျှော်လင့်ချက် လွန်စွာမှနည်းပါးလွန်းတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇား ဒုက္ခသည်စခန်းက ရိုဟင်ဂျာမိသားစုတွေဟာ အခွင့်အရေးပေါ်လာတိုင်း အန္တရာယ်များလွန်းတဲ့ ပင်လယ်ရေကြောင်းခရီးကတဆင့် တရားမဝင် လှေစီးပြေးဒုက္ခသည်တွေအဖြစ်နဲ့ မလေးရှားနိုင်ငံကို စွန့်စား သွားရောက်လေ့ ရှိပါတယ်။

အဲဒီအထဲမှာ အသက်(၂၇) နှစ်အရွယ် မိခင် Hatemon Nesa နဲ့ (၅) နှစ်အရွယ်သမီး Umme Salima တို့လည်း ပါဝင်တာပါ။ သူတို့(၂) ဦးအပါအဝင် လူ (၂၀၀) ဝန်းကျင်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ခနော်နီခနော်နဲ့ သစ်သားလှေတစင်းနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၅) ရက်နေ့က ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ခွာသွားကြတာဖြစ်ပါတယ်။

အသက် (၇) နှစ်အရွယ် နယ်ဆာရဲ့ သမီးကြီးဖြစ်တဲ့ Umme Habiba (ဟာဘီဘာ) ကတော့ အဖွားဖြစ်သူ Anwara Begum ဘဲ့ဂွန်းနဲ့အတူ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာပဲ ကျန်နေခဲ့တာလို့ VOA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းချိန်မှာ Begum (ဘဲ့ဂွန်း) က ပြောပါတယ်။ အဖွားနဲ့နေနေရပေမယ့် သမီးကြီး ဟာဘီဘာကတော့ ညီမနဲ့ မိခင်အနားမှာ မရှိတော့တာမို့ မှိုင်တွေနေတာပါ။

နယ်ဆာနဲ့ဆလီမာတို့လိုက်ပါသွားတဲ့လှေ အင်ဂျင်ပျက်ပြီး ပင်လယ်ထဲ မျောနေတဲ့အကြောင်းကို အဖွားဖြစ်သူဘဲ့ဂွန်းတို့ သိကြတာ သိပ်မကြာလှသေးပါဘူး။ ပင်လယ်ထဲ ဦးတည်ရာမဲ့ မျောနေရင်း လှေပေါ်ပါတဲ့ အစားစာနဲ့ သောက်ရေပါ တစစ ပြတ်လပ်ကုန်တာမို့ စိတ်ဓါတ်ကျခဲ့ရတယ်လို့ နယ်ဆာက ပြန်ပြောပြပါတယ်။

ရက်ပေါင်းအတော်ကြာ အဆက်ပြတ်နေတာကြောင့် အဖွားဖြစ်သူဘဲ့ဂွန်းက စိတ်ပူပြီး အကြိမ်ကြိမ် ငိုခဲ့ရပေမဲ့ မြေးကြီး ဟာဘီဘာ ရှေ့မှာ ဟန်မပျက်နေပြရင်း တချိန်လုံးဆုတောင်းနေခဲ့တာလို့ ဆိုပါတယ်။ မြေးငယ်ဆလီမာနဲ့ သူ့သမီးနယ်ဆာတို့ကို အလ္လာဟ်ရှင်မြတ်က တနည်းနည်းနဲ့တော့ ကယ်တင် စောင့်ရှောက်မှာပါလို့ ပြောရင်း မြေးမဟာဘီဘာကို နှစ်သိမ့်ခဲ့တာပါ။

နယ်ဆာတို့လှေ ပင်လယ်ထဲမျောနေချိန် လှေပေါ်ပါတဲ့ ကလေးငယ် (၃၀) လောက်က ရေငတ်တာ၊ ဆာလောင်တာတွေေ ကြုံကြရပေမဲ့ ကျွေးစရာလည်းမရှိတော့ အခြားမိခင်တွေက ငိုကြွေးနေကြပေမယ့် သူ့သမီးငယ်ဆလီမာ ကြောက်စိတ်ဝင်သွားမှာစိုးလို့ တင်းခံခဲ့ကြောင်း၊ သူတို့သွားချင်တဲ့မလေးရှားရောက်အောင် အလာရှင်မြတ်က ကူညီမှာပါလို့ ပြောရင်း သမီးကို နှစ်သိမ့်ခဲ့ကြောင်း VOA က လှမ်းပြီးဆက်သွယ်မေးမြန်းချိန်မှာ နယ်ဆာက ပြန်ပြောပြပါတယ်။ ဒါပေမဲ့ ရေငတ်နေတဲ့သမီးငယ်ဆလီမာကို ပင်လယ်ရေငံတိုက်မိလို့ ကလေးက ပင်လယ်ထဲ ဖျားနာခဲ့ကြောင်းလည်း ပြောပါတယ်။

အင်ဂျင်စက်ပျက်ပြီး ၁၀ ရက်လောက် ပင်လယ်ထဲ မျောနေချိန်မှာ လှေပေါ်ပါသူတွေ စိုးရိမ်စိတ်ကြီးထွားလာပါတယ်။ နောက်ထပ် လှေတစင်းကိုလှမ်းမြင်လို့ဆိုပြီး အကူအညီရလိုဇောနဲ့ လှေပေါ်ပါတဲ့ လူ (၁၉) ဦး ပင်လယ်ထဲ ခုန်ချကူးခတ်သွားကြပေမဲ့ အဲဒီလူတွေ လှေပေါ်ကို ပြန်ရောက် မလာနိုင်ကြတော့ပါဘူး။

သူတို့အပါအဝင် (၁၃) ရက်ကြာလောက် အစားရေစာ ပြတ်လပ်တာကြောင့်ပါ လှေပေါ်ပါသူ စုစုပေါင်း(၂၆) ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အဝေးမှာ လှေသင်္ဘောတွေမြင်တိုင်း အော်ဟစ်အကူအညီတောင်းလိုက်။ လှေခွက်ထဲ ပြန်လှဲနေလိုက်နဲ့ သေရမယ့်နေ့ကို စောင့်နေရသလိုပါပဲလို့ နယ်ဆာက ပြန်ပြောပြပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာတော့ အင်ဒိုနီးရှားတံငါသည်တွေနဲ့ အာချေးဒေသအာဏာပိုင်တွေက နယ်ဆာတို့လှေက ဒုက္ခသည် (၁၇၂) ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီက ပြောပါတယ်။ အသက်မသေဘဲ ကုန်းပေါ်ရောက်လာတာကြောင့် အလာရှင်မြတ်ကို ပိုပြီး ယုံကြည်စိတ်ဝင်မိတယ်လို့ Nesa ကပြောပြီး မကြာခင်မှာ မလေးရှားကို ရောက်သွားလိမ့်မယ်လို့လည်း မျှော်လင့်နေတာပါ။

သမီးနှစ်ယောက်မိခင်ဖြစ်တဲ့ Nesa ကို ရခိုင်ပြည်မှာရှိချိန်ကတည်းက သူ့ယောက်ျားက ပစ် သွားခဲ့တာပါ။ ၂၀၁၇ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်ပြေးလာရပေမဲ့ ဒုက္ခသည်စခန်းတွင်းမှာ စည်းကမ်းတင်းကြပ်လွန်းတာကြောင့် ထောင် ကျနေသလိုပါပဲလို့ သူတို့က ပြောပါတယ်။ ကလေးတွေ အတန်းပညာ သင်ကြားခွင့်မရကြပါဘူး။ မူဆလင်ထုံးစံ ကိုရမ်ကျမ်းစာသင်ပေးတဲ့ ဘာသာရေးအခြေခံပညာကျောင်းလောက်သာ တက်ခွင့်ရှိတဲ့အတွက် တတိယနိုင်ငံ တခုခု၊ အထူးသဖြင့် မလေးရှားလိုနိုင်ငံမှာ ကလေးတွေရဲ့အနာဂတ်ပညာရေးအတွက် အခုလို အန္တရာယ်များတဲ့ ပင်လယ်ခရီးကို စွန့်စား ထွက်လာခဲ့ရတာပါလို့ မိခင် Nesa ကပြောပါတယ်။ ဒီပင်လယ်ခရီးမှာ သမီး ၂ ယောက်စလုံးကို တပါတည်းခေါ်လာချင်ပေမဲ့ မတတ်နိုင်တာကြောင့် သမီးကြီးဟာဘီဘာကို ချန်ထားခဲ့တယ်လို့လည်း ဆိုပါတယ်။

မလေးရှားနိုင်ငံဟာ အခုနောက်ပိုင်း ရိုဟင်ဂျာတွေကို အရင်လို အလွယ်တကူ လက်မခံတော့ပဲ ပိုတင်းကြပ်လာပါတယ်။ လှေစီးပြေးပြီးလာကြတဲ့ ရိုဟင်ဂျာလှေတွေကိုလည်း အဝင်မခံတာကြောင့် ဒုက္ခသည်လှေတွေဟာ အင်ဒိုနီးရှားဘက်ကို ဦးတည်သွားကြရတာပါ။ အင်ဒိုနီးရှားကတဆင့် လူပွဲစားတွေရဲ့အကူအညီနဲ့ လျှို့ဝှက်လမ်းကြောင်းကနေ မလေးရှားထဲကို ပြန်ခိုးဝင်နေရပါတယ်။ ဒီနည်းကို သုံးနေကြတာ လအတန်ကြာနေခဲ့ပါပြီ။

သမီး Habiba နဲ့ ခုလို မိသားစု တကွဲတပြားဖြစ်နေချိန်မှာ (၇) နှစ်အရွယ် Habiba ကို အန္တရာယ်များလွန်းတဲ့ ပင်လယ်ခရီးကတဆင့် ထပ်ခေါ်ဖို့ မဖြစ်နိုင်တာကြောင့် Habiba တယောက် ဘင်္ဂလားဒေ့ရှ်ကနေ မလေးရှားနိုင်ငံကို တရားဝင်သွားနိုင်ဖို့ ဝိုင်းဝန်းစီစဉ်ပေးကြပါလို့ နိုင်ငံတကာ တာဝန်ရှိသူတွေကို မိခင် Nesa က မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။ အဲဒီနည်းနဲ့ မကြာခင် သူတို့မိသားစုပြန်လည် ပေါင်းစည်းရလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။

XS
SM
MD
LG