သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron မ်ိဳးကြဲသစ္ ကူးစက္မျမန္ေအာင္ ျပင္ဆင္ေရး


A woman wearing a face mask walks in front of a public awareness notice on the omicron coronavirus variant, in Tokyo, Jan. 24, 2022.
Omicron မ်ိဳးကြဲသစ္ ကူးစက္မျမန္ေအာင္ ျပင္ဆင္ေရး
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ ကိုဗစ္-19 ဒီမ်ိဳးကြဲသစ္ေတြ႔တာ ရက္သတၱပတ္ (၄) ပတ္ေရာက္လာခ်ိန္မွာ၊ ႏိုင္ငံတကာအေတြ႔အႀကဳံအရ ပိုးေတြ႔ အရမ္းမမ်ားလာေအာင္ ျပင္ဆင္ဖို႔ က်န္းမာေရးပညာရွင္ေတြ သတိေပးေနပါတယ္။

အရင္ကထက္ ကူးစက္ျမန္လြန္းတဲ့ မ်ိဳးကြဲသစ္ကေန လာမယ့္သတင္းပတ္ေတြအတြင္း ျမန္မာႏိုင္ငံက လူအမ်ားႀကီးကို ႐ုတ္တရက္ မကူးစက္ေရး ႀကိဳတင္ျပင္ဆင္ရာမွာ၊ လက္ရွိဘယ္ေလာက္ ကူးစက္ေနတာသိဖို႔ ေဆးစစ္တာေတြ တိုးခ်ဲ ႔လုပ္သင့္လာပါၿပီ။ ကူးစက္မူ တဟုန္ထိုးျမင့္မားခဲ့တဲ့ အေမရိကန္နဲ႔ ကူးစက္မူစခဲ့တဲ့ ေတာင္အာဖရိကႏိုင္ငံေတြ အေတြ႔အႀကဳံအရ ပ်မ္းမွ် သတင္းပတ္ (၂) ပတ္ေက်ာ္မွာ ပိုးေတြ႔မူ စမ်ားလာႏိုင္ၿပီး၊ (၆) ပတ္နဲ႔ (၈) ပတ္အတြင္းမွာေတာ့ အျမင့္ဆုံးအဆင့္ကို ေရာက္ႏိုင္ကာ၊ ေနာက္ တျဖည္းျဖည္း ျပန္က်လာႏိုင္တာ ေတြ႔ထားပါတယ္။ ျမန္မာႏိုင္ငံမွာ ႏိုင္ငံတကာမွာေလာက္ အမ်ားႀကီး ေဆးမစစ္ႏိုင္ေသးေပမဲ့ ရႏိုင္တဲ့ အခ်က္အလက္ေတြအရလည္း Omicron ကူးစက္မူ စမ်ားလာတဲ့သေဘာ ျပေနပါတယ္။

ႏိုင္ငံတကာမွာ အခုလို မ်ားမ်ားေဆးစစ္ႏိုင္တာေၾကာင့္ ပိုးေတြ႔သူေတြကို သီးသန႔္ခြဲေနေစတာ (Quarantine)၊ အလုပ္ဆက္ မဆင္းေစတာ၊ အႏၲရာယ္ရွိႏိုင္တဲ့ အတူေန သက္ႀကီးလူအိုေတြကို ေဆးစစ္ေပးၿပီး ကူးစက္ျမန္လြန္းတဲ့ပိုး အျမန္ပိုမကူးေအာင္နဲ႔ အသက္ပိုမဆုံး႐ူံးရေအာင္ ကာကြယ္ႏိုင္တာပါ။ ဒါ့အျပင္ ကိုဗစ္လူနာမ်ားလာၿပီး လိူင္းလိုတက္လာခ်ိန္မွာ၊ ေနာက္အေထာက္အကူ ျပဳေနတာကလည္း ကာကြယ္ေဆး အမ်ားရထားတာအျပင္၊ ေအာက္ဆီဂ်င္ေပးတာလို အရင္သက္သာေအာင္ လုပ္ေပးႏိုင္ခဲ့တာေတြ သိထား ႀကိဳျပင္ထားတာနဲ႔၊ ေဆးဝန္ထမ္းေတြ ႐ုတ္တရက္ ကူးစက္ခံရၿပီး၊ ေလွ်ာ့က်မသြားႏိုင္ေအာင္ပါ ႀကိဳတင္ျပင္ဆင္ထားႏိုင္ၾကလို႔ပါ။ အေမရိကန္မွာ အခုလို လူနာေတြ တက္လာခ်ိန္မွာ ေဆးစစ္မူႏိုင္နင္းေအာင္နဲ႔ ေဆးစစ္တဲ့ေနရာရိွ လူစုလူေဝးကေန ပိုကူးမသြားေအာင္လည္း၊ ပုံမွန္စစ္တာအျပင္၊ လြယ္လြယ္စစ္ႏိုင္တဲ့ ယာယီေ႐ြ ႔လ်ား (Mobile) ေဆးစစ္တဲေတြ ဖြင့္ေပးၿပီး ေပါင္မုန႔္ပုံကားေတြနဲ႔ လမ္းေထာင့္ေတြမွာ အျမန္စစ္ကရိယာ (Test Kits) သုံးၿပီး စစ္ကာ လူစုခြဲလိုက္ႏိုင္တာပါ။ ဒါ့အျပင္ အေမရိကန္က ပုဂၢလိက ေဆးဆိုင္ ေဆးဌာနေတြမွာလည္း Antigen Test Kit လို႔ ေခၚတဲ့ မိနစ္ပိုင္းအတြင္း ကိုဗစ္ ပိုးရွိမရွိ သိႏိုင္တဲ့ အျမန္စစ္ကရိယာေတြကို ေစ်းခ်ိဳခ်ိဳနဲ႔ ေရာင္းခ်ေပးေနတာအျပင္၊ အစိုးရကလည္း အခမဲ့ အိမ္တိုင္းကို ျဖန႔္ျဖဴးေပးေနပါတယ္။


ျမန္မာႏိုင္ငံမွာေတာ့ တာဝန္ရွိသူေတြ အခုလို တိုးခ်ဲ ႔စစ္တာေတြ မလုပ္ေဆာင္ေပးႏိုင္ေသးခ်ိန္မွာ၊ ေငြေၾကးျပည္စုံသူေတြအေနနဲ႔ အလွဴဒါနအျဖစ္၊ Test Kit ေတြ အမ်ားႀကီး ရွိေနတဲ့ ျမန္မာ့အိမ္နီးခ်င္းေတြကေန အလြယ္တကူ တင္သြင္းထားကာ၊ ဒီ အျမန္စစ္ကရိယာေတြကို စာသင္ေက်ာင္းေတြ၊ ဖုန္းႀကီးေက်ာင္းေတြ၊ ေဒသႏၲရေဆးေပးခန္းေတြနဲ႔ အလုပ္ေနရာ (စက္႐ုံအလုပ္႐ုံ) ေတြကို ကူညီေပးၿပီး၊ အခမဲ့ စစ္ေပးဖို႔ ျပင္ဆင္သင့္ပါၿပီ။ အခုလို ပိုစစ္ေပးတာေၾကာင့္ ကူးစက္ခံရသူ ပိုမ်ားမ်ားေတြ႔လာတာက လုပ္ငန္းေတြအတြက္ တကယ့္ျပႆနာမဟုတ္ဘဲ၊ မကူးဘဲ က်န္ေနသူေတြနဲ႔ ျဖည့္လုပ္ႏိုင္ပါေသးတယ္။ တကယ့္ ေၾကာက္စရာ ျပႆနာက ကူးစက္ခံရမွန္း မသိဘဲ အျပင္မွာ သြားလာ၊ အလုပ္ဆက္လုပ္ေနရသူေတြေၾကာင့္ ကူးစက္ျမန္ပိုး တျခားသူေတြကို တဟုန္ထိုး ကူးစက္ၿပီး ထိန္းမႏိုင္သိမ္းမရ ျဖစ္သြားႏိုင္တာပါ။ ဒီေရာဂါအတြက္ ကုသေဆး မရွိေသးခ်ိန္ ကာကြယ္တာပဲ တတ္ႏိုင္တာမို႔ ပုံမွန္ Mask တပ္တာကို အျပင္ထြက္တိုင္း၊ အထူးသျဖင့္ အလုံပိတ္ စားေသာက္ဆိုင္ေတြ၊ ေစ်းႀကီးေတြနဲ႔ ဘတ္စကားေတြမွာ မျဖစ္မေနတပ္ဖို႔၊ Mask မရွိသူေတြကို အခမဲ့လွဴဒါန္းေပးၿပီး တပ္လာေအာင္ ေစာင့္ၾကည့္တိုက္တြန္းေပးသင့္ပါၿပီ။ အျပင္ကေန ျပန္ေရာက္လာတိုင္းလည္း အိမ္မွာ အလုပ္မွာ လက္ျပန္ေဆးသင့္ပါတယ္။

အခုလိုအခ်ိန္မွာ ကိုဗစ္ သံသယလကၡဏာေတြ ျဖစ္လာပါလည္း လူတိုင္း ေဆးစစ္ႏိုင္လွ်င္ စစ္ၿပီး၊ မစစ္ႏိုင္လွ်င္ေတာ့ သီးသန႔္ခြဲေန အလုပ္မဆင္းဘဲ အနည္းဆုံး (၅) ရက္ သက္သာသည္အထိ ေနသင့္ပါတယ္။ ဖ်ားနာခ်ိန္မွာ ကိုယ့္ဟာကိုယ္ ေအာက္ဆီဂ်င္တိုင္းတာ၊ ေရမ်ားမ်ားေသာက္တာ၊ ျဖစ္လာတဲ့ လကၡဏာေတြ သက္သာတဲ့ (ဥပမာ အျဖစ္မ်ားေနတဲ့ လည္ပင္းနာလာလွ်င္ လည္ပင္းနာသက္သာေစတဲ့၊ ဖ်ားလာလွ်င္ အဖ်ားက်ေစတဲ့) ေဆးေတြေသာက္တာေတြ လုပ္ပါက၊ ရက္အနည္းငယ္အတြင္း ျပန္သက္သာသြားေလ့ ရွိပါတယ္။ အစားအေသာက္ ပ်က္တာနဲ႔ အလုပ္မလုပ္ခ်င္ေအာင္ ႏႈန္းခ်ည့္လြန္းတာေတြလည္း ျဖစ္ေလ့ရွိတာမို႔ အနားယူသင့္ပါတယ္။ တခ်ိန္ထဲမွာ အေရွ ႔ေတာင္အာရွနဲ႔ ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံေတြမွာလည္း Omicron ကုူးစက္မူူမ်ားလာေနၿပီး၊ ကာကြယ္ေဆးထိုးတားသူေတြနဲ႔ အရင္မ်ိဳးကြဲ Delta ကူးစက္ခံခဲ့ဖူးသူေတြမွာပါ ဒီပိုးသစ္ Omicron က အလြယ္တကူ ကူးေနတာကို သတိျပဳသင့္ပါတယ္။ ဒါေပမဲ့ Omicron ျဖစ္လာလွ်င္ ဒီကာကြယ္ေဆးထိုးထားသူေတြနဲ႔ အရင္ျဖစ္ခဲ့ဖူးသူေတြမွာ ျပင္းျပင္းထန္ထန္ျဖစ္တာနည္းၿပီး၊ အခ်ိန္တို (၅ ရက္ဝန္းက်င္) အတြင္း သက္သာသြားတာ မ်ားတာကိုေတာ့၊ ႏိုင္ငံတကာမွာ ေတြ႔ထားတာမို႔ ကာကြယ္ေဆးရလွ်င္လည္း အျမန္ထိုးထားသင့္ပါတယ္။


ဒီအေၾကာင္း ျပည့္ျပည့္စံုစံု သိရိွနားလည္ေအာင္ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ. Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode ==

မြန်မာနိုင်ငံမှာ ကိုဗစ်-19 ဒီမျိုးကွဲသစ်တွေ့တာ ရက်သတ္တပတ် (၄) ပတ်ရောက်လာချိန်မှာ၊ နိုင်ငံတကာအတွေ့အကြုံအရ ပိုးတွေ့ အရမ်းမများလာအောင် ပြင်ဆင်ဖို့ ကျန်းမာရေးပညာရှင်တွေ သတိပေးနေပါတယ်။

အရင်ကထက် ကူးစက်မြန်လွန်းတဲ့ မျိုးကွဲသစ်ကနေ လာမယ့်သတင်းပတ်တွေအတွင်း မြန်မာနိုင်ငံက လူအများကြီးကို ရုတ်တရက် မကူးစက်ရေး ကြိုတင်ပြင်ဆင်ရာမှာ၊ လက်ရှိဘယ်လောက် ကူးစက်နေတာသိဖို့ ဆေးစစ်တာတွေ တိုးချဲ့လုပ်သင့်လာပါပြီ။ ကူးစက်မူ တဟုန်ထိုးမြင့်မားခဲ့တဲ့ အမေရိကန်နဲ့ ကူးစက်မူစခဲ့တဲ့ တောင်အာဖရိကနိုင်ငံတွေ အတွေ့အကြုံအရ ပျမ်းမျှ သတင်းပတ် (၂) ပတ်ကျော်မှာ ပိုးတွေ့မူ စများလာနိုင်ပြီး၊ (၆) ပတ်နဲ့ (၈) ပတ်အတွင်းမှာတော့ အမြင့်ဆုံးအဆင့်ကို ရောက်နိုင်ကာ၊ နောက် တဖြည်းဖြည်း ပြန်ကျလာနိုင်တာ တွေ့ထားပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာမှာလောက် အများကြီး ဆေးမစစ်နိုင်သေးပေမဲ့ ရနိုင်တဲ့ အချက်အလက်တွေအရလည်း Omicron ကူးစက်မူ စများလာတဲ့သဘော ပြနေပါတယ်။

နိုင်ငံတကာမှာ အခုလို များများဆေးစစ်နိုင်တာကြောင့် ပိုးတွေ့သူတွေကို သီးသန့်ခွဲနေစေတာ (Quarantine)၊ အလုပ်ဆက် မဆင်းစေတာ၊ အန္တရာယ်ရှိနိုင်တဲ့ အတူနေ သက်ကြီးလူအိုတွေကို ဆေးစစ်ပေးပြီး ကူးစက်မြန်လွန်းတဲ့ပိုး အမြန်ပိုမကူးအောင်နဲ့ အသက်ပိုမဆုံးရူံးရအောင် ကာကွယ်နိုင်တာပါ။ ဒါ့အပြင် ကိုဗစ်လူနာများလာပြီး လိူင်းလိုတက်လာချိန်မှာ၊ နောက်အထောက်အကူ ပြုနေတာကလည်း ကာကွယ်ဆေး အများရထားတာအပြင်၊ အောက်ဆီဂျင်ပေးတာလို အရင်သက်သာအောင် လုပ်ပေးနိုင်ခဲ့တာတွေ သိထား ကြိုပြင်ထားတာနဲ့၊ ဆေးဝန်ထမ်းတွေ ရုတ်တရက် ကူးစက်ခံရပြီး၊ လျှော့ကျမသွားနိုင်အောင်ပါ ကြိုတင်ပြင်ဆင်ထားနိုင်ကြလို့ပါ။ အမေရိကန်မှာ အခုလို လူနာတွေ တက်လာချိန်မှာ ဆေးစစ်မူနိုင်နင်းအောင်နဲ့ ဆေးစစ်တဲ့နေရာရှိ လူစုလူဝေးကနေ ပိုကူးမသွားအောင်လည်း၊ ပုံမှန်စစ်တာအပြင်၊ လွယ်လွယ်စစ်နိုင်တဲ့ ယာယီရွေ့လျား (Mobile) ဆေးစစ်တဲတွေ ဖွင့်ပေးပြီး ပေါင်မုန့်ပုံကားတွေနဲ့ လမ်းထောင့်တွေမှာ အမြန်စစ်ကရိယာ (Test Kits) သုံးပြီး စစ်ကာ လူစုခွဲလိုက်နိုင်တာပါ။ ဒါ့အပြင် အမေရိကန်က ပုဂ္ဂလိက ဆေးဆိုင် ဆေးဌာနတွေမှာလည်း Antigen Test Kit လို့ ခေါ်တဲ့ မိနစ်ပိုင်းအတွင်း ကိုဗစ် ပိုးရှိမရှိ သိနိုင်တဲ့ အမြန်စစ်ကရိယာတွေကို ဈေးချိုချိုနဲ့ ရောင်းချပေးနေတာအပြင်၊ အစိုးရကလည်း အခမဲ့ အိမ်တိုင်းကို ဖြန့်ဖြူးပေးနေပါတယ်။


မြန်မာနိုင်ငံမှာတော့ တာဝန်ရှိသူတွေ အခုလို တိုးချဲ့စစ်တာတွေ မလုပ်ဆောင်ပေးနိုင်သေးချိန်မှာ၊ ငွေကြေးပြည်စုံသူတွေအနေနဲ့ အလှူဒါနအဖြစ်၊ Test Kit တွေ အများကြီး ရှိနေတဲ့ မြန်မာ့အိမ်နီးချင်းတွေကနေ အလွယ်တကူ တင်သွင်းထားကာ၊ ဒီ အမြန်စစ်ကရိယာတွေကို စာသင်ကျောင်းတွေ၊ ဖုန်းကြီးကျောင်းတွေ၊ ဒေသန္တရဆေးပေးခန်းတွေနဲ့ အလုပ်နေရာ (စက်ရုံအလုပ်ရုံ) တွေကို ကူညီပေးပြီး၊ အခမဲ့ စစ်ပေးဖို့ ပြင်ဆင်သင့်ပါပြီ။ အခုလို ပိုစစ်ပေးတာကြောင့် ကူးစက်ခံရသူ ပိုများများတွေ့လာတာက လုပ်ငန်းတွေအတွက် တကယ့်ပြဿနာမဟုတ်ဘဲ၊ မကူးဘဲ ကျန်နေသူတွေနဲ့ ဖြည့်လုပ်နိုင်ပါသေးတယ်။ တကယ့် ကြောက်စရာ ပြဿနာက ကူးစက်ခံရမှန်း မသိဘဲ အပြင်မှာ သွားလာ၊ အလုပ်ဆက်လုပ်နေရသူတွေကြောင့် ကူးစက်မြန်ပိုး တခြားသူတွေကို တဟုန်ထိုး ကူးစက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်တာပါ။ ဒီရောဂါအတွက် ကုသဆေး မရှိသေးချိန် ကာကွယ်တာပဲ တတ်နိုင်တာမို့ ပုံမှန် Mask တပ်တာကို အပြင်ထွက်တိုင်း၊ အထူးသဖြင့် အလုံပိတ် စားသောက်ဆိုင်တွေ၊ ဈေးကြီးတွေနဲ့ ဘတ်စကားတွေမှာ မဖြစ်မနေတပ်ဖို့၊ Mask မရှိသူတွေကို အခမဲ့လှူဒါန်းပေးပြီး တပ်လာအောင် စောင့်ကြည့်တိုက်တွန်းပေးသင့်ပါပြီ။ အပြင်ကနေ ပြန်ရောက်လာတိုင်းလည်း အိမ်မှာ အလုပ်မှာ လက်ပြန်ဆေးသင့်ပါတယ်။

အခုလိုအချိန်မှာ ကိုဗစ် သံသယလက္ခဏာတွေ ဖြစ်လာပါလည်း လူတိုင်း ဆေးစစ်နိုင်လျှင် စစ်ပြီး၊ မစစ်နိုင်လျှင်တော့ သီးသန့်ခွဲနေ အလုပ်မဆင်းဘဲ အနည်းဆုံး (၅) ရက် သက်သာသည်အထိ နေသင့်ပါတယ်။ ဖျားနာချိန်မှာ ကိုယ့်ဟာကိုယ် အောက်ဆီဂျင်တိုင်းတာ၊ ရေများများသောက်တာ၊ ဖြစ်လာတဲ့ လက္ခဏာတွေ သက်သာတဲ့ (ဥပမာ အဖြစ်များနေတဲ့ လည်ပင်းနာလာလျှင် လည်ပင်းနာသက်သာစေတဲ့၊ ဖျားလာလျှင် အဖျားကျစေတဲ့) ဆေးတွေသောက်တာတွေ လုပ်ပါက၊ ရက်အနည်းငယ်အတွင်း ပြန်သက်သာသွားလေ့ ရှိပါတယ်။ အစားအသောက် ပျက်တာနဲ့ အလုပ်မလုပ်ချင်အောင် နှုန်းချည့်လွန်းတာတွေလည်း ဖြစ်လေ့ရှိတာမို့ အနားယူသင့်ပါတယ်။ တချိန်ထဲမှာ အရှေ့တောင်အာရှနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာလည်း Omicron ကုူးစက်မူူများလာနေပြီး၊ ကာကွယ်ဆေးထိုးတားသူတွေနဲ့ အရင်မျိုးကွဲ Delta ကူးစက်ခံခဲ့ဖူးသူတွေမှာပါ ဒီပိုးသစ် Omicron က အလွယ်တကူ ကူးနေတာကို သတိပြုသင့်ပါတယ်။ ဒါပေမဲ့ Omicron ဖြစ်လာလျှင် ဒီကာကွယ်ဆေးထိုးထားသူတွေနဲ့ အရင်ဖြစ်ခဲ့ဖူးသူတွေမှာ ပြင်းပြင်းထန်ထန်ဖြစ်တာနည်းပြီး၊ အချိန်တို (၅ ရက်ဝန်းကျင်) အတွင်း သက်သာသွားတာ များတာကိုတော့၊ နိုင်ငံတကာမှာ တွေ့ထားတာမို့ ကာကွယ်ဆေးရလျှင်လည်း အမြန်ထိုးထားသင့်ပါတယ်။


ဒီအကြောင်း ပြည့်ပြည့်စုံစုံ သိရှိနားလည်အောင် ကိုဝင်းမင်းက နယူးယောက်မြို. Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG