သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီတာမင် (ဒီ) ချို့တဲ့မှု လက္ခဏာနဲ့ ကုသမူ


Store worker Sam Issa removes certain brand names of herbal, vitaminand mineral pill products from the shelves at a suburban pharmacy inSydney April 29, 2003. Australians were urged not to panic over thebiggest medical recall in the nation's history which
Store worker Sam Issa removes certain brand names of herbal, vitaminand mineral pill products from the shelves at a suburban pharmacy inSydney April 29, 2003. Australians were urged not to panic over thebiggest medical recall in the nation's history which
တိုက်ရိုက် လင့်ခ်

ဗီတာမင် (ဒီ) ဓါတ်ချို့တဲ့မှု လက္ခဏာတွေကို လူအတော်များများ သတိမပြုမိကြဘဲ၊ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ဗီတာမင် (ဒီ) ချို့တဲ့တာကို မြန်မာနိုင်ငံက လူအတော်တော်များများ သတိမပြုမိကြဘဲ၊ အခြားရောဂါလက္ခဏာတွေ (ခေါင်းကိုက်၊ သွေးတိုးနဲ့ ဆီးချို) တို့ကို ဆေးရုံလာပြချိန်မှာ စစ်ဆေးကြည့်မှသာ အတွေ့များနေပါတယ်။ ဒီ ဓါတ်ချို့တဲ့မှုရဲ့ အစပိုင်း လက္ခဏာတွေကတော့ မောလွယ်တာ၊ နုံးချိလွယ်တာ၊ ကြွက်သားအားမရှိတာ (လှေကားတက်လို့မကောင်း၊ ထိုင်ပြီး ပြန်ထလို့မကောင်းတာ စသည်ဖြင့်) ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အထူးသဖြင့် ကလေးတွေမှာဖြစ်လျှင် အရိုးအားမရှိဘဲ ဒူးခွင်လာပြီး၊ ဒီအဆင့်မှာ သတိမပြုမိလျှင် နောက်ပိုင်းမှာ အရိုးတွေဖုလာတာတွေ (ဥပမာ - နံရိုးအဖုတွေ တန်းစီနေတာကို စမ်းမိတာ) ဆက်ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် (ဒီ) က ကိုယ်ခံအားနဲ့ဆက်နွယ်တာမို့၊ ချို့တဲ့လာသူတွေမှာ ကိုယ်ခံအားကျပြီး နှာစေး၊ ချောင်းဆိုး၊ အအေးမိလွယ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလူတွေမှာ ဗီတာမင် (ဒီ) ချို့တဲ့နေတာကို စစ်ဆေးမိပြီး၊ ပြန်ဖြည့်ပေးလိုက်လျှင်တော့၊ မကြာခဏ နှာစေး၊ ချောင်းဆိုး၊ အအေးမိတာ မဖြစ်တော့ဘဲ ပြန်ကောင်းသွားကြပါတယ်။ ဗီတာမင် (ဒီ) က ကယ်ဆီယမ် စုပ်ယူနိုင်ဖို့ ကူပေးတာမို့၊ ကလေးတွေ အရိုးအတွက်အပြင်၊ အခြားအသက်အရွယ်တွေအတွက်လည်း အရိုးသန်မာ၊ အရပ်ရှည်ဖို့ လိုအပ်တာမို့၊ ချို့တဲ့လာလျှင် အရိုးကွေးပြီး မဖြောင့်တာနဲ့ အရပ်ပုတာတွေ ဆက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း စမ်းသပ်စစ်ဆေး တွေ့ရှိချက်တွေအရ (ဒီ) ဓာတ်ချို့တဲ့လျှင် နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ ကိုယ်ခံအားစံလွဲတဲ့ရောဂါ (လေးဘက်နာ) တွေ ပိုဖြစ်လာနိုင်ပါတယ်။

ဗီတာမင် (ဒီ) ကုထုံးကို မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ အသေအချာ ပြဌာန်းနိုင်ခဲ့ပြီး၊ သွေးထဲမှာ ဗီတာမင် (ဒီ) ပမာဏ (၂၀) မိုက်ခရိုဂရမ်ထက် နည်းနေလျှင် ဗီတာမင် (ဒီ) ၆၀၀၀၀ အား ကို တပတ် (၁) ကြိမ်နဲ့ (၃) လ တိုက်ကျွေးဖို့ လိုပါတယ်။ ဒါပေမဲ့ ဗီတာမင် ဒီ အခုလို ချို့တဲ့မူမဖြစ်ဘဲ ကုသမူ မလိုသူတွေမှာ၊ ကုသမူ ပြင်းအားပမာဏအတိုင်း သွားသောက်မိလျှင်၊ ပိုလာတာကို ဆီးက မစွန့်နိုင်တာကြောင့်၊ ဗီတာမင် (ဒီ) လွန်ကဲတဲ့ ရောဂါ အဆိပ်ဖြစ်မူ ဖြစ်စေနိုင်ပါတယ်။ အခုလို ဗီတာမင် (ဒီ) လွန်ကဲတဲ့ ရောဂါဖြစ်လာလျှင် အရိုးတွေနာတာ၊ ကျောက်တည်တာ (ကျောက်ကပ်နဲ့ ဆီးအိမ်မှာ) နဲ့ ခေါင်းကိုက် ခေါင်းအုံပြီး စိတ်ထိခိုက်သလို အော်ဟစ်တာ၊ စိတ်ဓာတ်ကျတာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် (ဒီ) လွန်ကဲမူမဖြစ်ရအောင် ဗီတာမင် ကုထုံးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ခံယူသင့်ပါတယ်။ ကျောက်ကပ်ထိခိုက်ထားသူတွေမှာ ဗီတာမင် (ဒီ) ချို့တဲ့လာလျှင်တော့၊ သဘာဝ အစာမှာပါတဲ့ ဗီတာမင်နဲ့ ရိုးရိုးသောက်ဆေး ဗီတာမင် (ဒီ) တွေပေးလို့မရဘဲ၊ အသင့်အလုပ်လုပ်နိုင်တဲ့ အမျိုးအစား (Active Vitamin D) ကို ပေးဖို့ လိုပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊ အကြော၊ အဆစ် ဆေးပညာဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

=== Unicode ===





XS
SM
MD
LG